[Zawgyi]

LG က ေတာင္ကိုရီးယားမွာ တန္ဖိုးနည္းစမတ္ဖုန္း X2 (2019) ကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ Quad-core CPU , Notch မပါတဲ့ HD+ Screen ေတြ ထည့္ထားၿပီး အေနာက္ဘက္မွာ ကင္မရာ ၁ လံုးသာ ပါပါတယ္။ ေတာင္ကိုရီးယားမွာ ၀မ္ ၁၉၈,၀၀၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၄၅,၀၀၀ ေလာက္ က်သင့္ႏိုင္ပါတယ္။  LG က ဂ်ာမနီ၊ အီတလီ၊ ပိုလန္ အပါအ၀င္ ဥေရာပနဲ႔ ေျမာက္ အေမရိကမွာ X2 (2019) ကို K30 (2019) နာမည္နဲ႔ ေရာင္းခ်မယ္လို႔ ေျပာပါတယ္။

X2 (2019) မွာ Snapdragon 425 Chipset , 2GB RAM နဲ႔ 32GB Storage ေတြ ထည့္သြင္းထားပါတယ္။ Storage ကို ျမွင့္တင္ဖို႔ microSD Card Slot ၁ ခု ပါပါတယ္။ အေနာက္ဘက္မွာ 13MP Camera နဲ႔ အေရွ႕ဘက္မွာ 5MP Camera ေတြ ထည့္သြင္းထားပါတယ္။ Portrait Mode နဲ႔ Screen Flash လုပ္ေဆာင္ခ်က္ေတြကို အေရွ႕ ကင္မရာမွာ ထည့္သြင္းထားပါတယ္။ 3000mAh Battery ပါၿပီး microUSB Port ကေန အားသြင္းရမွာ ျဖစ္ပါတယ္။ Android Pie OS ေမာင္းႏွင္ထားပါတယ္။ NFC, Bluetooth , WiFi 802.11 a/b/g/n ဆက္သြယ္မႈေတြ ပါပါတယ္။ LG က Bluetooth 5.0 လို႔ ေျပာေပမယ့္ Chipset က အျမင့္ဆံုး အေနနဲ႔ Bluetooth 4.1 ကိုသာ ေထာက္ပံ့ပါတယ္။

အဲဒီ ဖုန္းကို New Aurora Black အေရာင္တစ္မ်ိဳးထဲသာ ထုတ္လုပ္ေပးထားၿပီး Google Assistant Button ၁ ခု ပါပါတယ္။ MIL-STD-810G စံႏႈန္းရွိၿပီး ထိခိုက္မႈ၊ တုန္ခါမႈ၊ အပူခ်ိန္၊ ေရစိုထိုင္းမႈေတြကို ခံႏုိင္ပါတယ္။ အေျခခံ လိုအပ္ခ်က္ေတြ အားလံုး ပါတဲ့ စမတ္ဖုန္း ကိုင္ခ်င္သူေတြအတြက္ သင့္ေတာ္ပါတယ္လို႔ LG Mobile Marketing Division က Oh Seung-jin က ေျပာပါတယ္။

Ref : gsmarena

[Unicode]

LG က တန်ဖိုးနည်း X2 (2019) / K30 (2019) ကို ကြေညာ

LG က တောင်ကိုရီးယားမှာ တန်ဖိုးနည်း X2 (2019) ကို ကြေညာလိုက်ပါတယ်။ သူ့မှာ Quad-core CPU , Notch မပါတဲ့ HD+ Screen တွေ ထည့်ထားပြီး အနောက်ဘက်မှာ ကင်မရာ ၁ လုံးသာ ပါပါတယ်။ တောင်ကိုရီးယားမှာ ဝမ် ၁၉၈,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၂၄၅,၀၀၀ လောက် ကျသင့်နိုင်ပါတယ်။ LG က ဂျာမနီ၊ အီတလီ၊ ပိုလန် အပါအဝင် ဥရောပနဲ့ မြောက် အမေရိကမှာ X2 (2019) ကို K30 (2019) နာမည်နဲ့ ရောင်းချမယ်လို့ ပြောပါတယ်။

X2 (2019) မှာ Snapdragon 425 Chipset , 2GB RAM နဲ့ 32GB Storage တွေ ထည့်သွင်းထားပါတယ်။ Storage ကို မြှင့်တင်ဖို့ microSD Card Slot ၁ ခု ပါပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တွေ ထည့်သွင်းထားပါတယ်။ Portrait Mode နဲ့ Screen Flash လုပ်ဆောင်ချက်တွေကို အရှေ့ ကင်မရာမှာ ထည့်သွင်းထားပါတယ်။ 3000mAh Battery ပါပြီး microUSB Port ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။ Android Pie OS မောင်းနှင်ထားပါတယ်။ NFC, Bluetooth , WiFi 802.11 a/b/g/n ဆက်သွယ်မှုတွေ ပါပါတယ်။ LG က Bluetooth 5.0 လို့ ပြောပေမယ့် Chipset က အမြင့်ဆုံး အနေနဲ့ Bluetooth 4.1 ကိုသာ ထောက်ပံ့ပါတယ်။

အဲဒီ ဖုန်းကို New Aurora Black အရောင်တစ်မျိုးထဲသာ ထုတ်လုပ်ပေးထားပြီး Google Assistant Button ၁ ခု ပါပါတယ်။ MIL-STD-810G စံနှုန်းရှိပြီး ထိခိုက်မှု၊ တုန်ခါမှု၊ အပူချိန်၊ ရေစိုထိုင်းမှုတွေကို ခံနိုင်ပါတယ်။ အခြေခံ လိုအပ်ချက်တွေ အားလုံး ပါတဲ့ စမတ်ဖုန်း ကိုင်ချင်သူတွေအတွက် သင့်တော်ပါတယ်လို့ LG Mobile Marketing Division က Oh Seung-jin က ပြောပါတယ်။

Ref : gsmarena