Zawgyi

LG V40 ThinQ လို႔ ေျပာလိုက္တာနဲ႔ ကင္မရာ ၅လုံးပါမယ့္ စမတ္ဖုန္းဆိုတာ အားလုံး သိၿပီး ျဖစ္မွာပါ။ LG V40 ThinQ ဟာ ေနာက္ေက်ာဘက္ ကင္မရာ ၃လုံးနဲ႔ Selfie ကင္မရာ ၂လုံးတပ္ဆင္ထားမွာ ျဖစ္တာေၾကာင့္ ကင္မရာ ၅လုံး စမတ္ဖုန္းအျဖစ္ နာမည္ႀကီးေနတာ ျဖစ္ပါတယ္။

ကင္မရာ နည္းပညာ အသစ္အဆန္းေတြေၾကာင့္ V40 ThinQ လိုမ်ိဴး မထြက္ခင္ ကတည္းက နာမည္ႀကီးေနတဲ့ ဖုန္းတစ္လုံး ရွိပါေသးတယ္။ သူကေတာ့ Nokia 9 ပါ။ Nokia 9 က V40 ThinQ လိုမ်ိဴး စုစုေပါင္း ကင္မရာ ၅လုံး မဟုတ္ဘဲ ေနာက္ေက်ာဘက္မွာတင္ ကင္မရာ ၅လုံးနဲ႔ ျပည့္ေနတဲ့ စမတ္ဖုန္းပါ။ ေလာေလာဆယ္မွာေတာ့ ေကာလဟလသတင္းအဆင့္သာ ရွိေသးေပမယ့္ လာမယ့္ ေအာက္တိုဘာလ ၄ရက္ေန႔မွာ V40 ThinQ ကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ႏိုင္ဖြယ္ ရွိၿပီး Nokia 9 ကိုေတာ့ MWC 2019 မွာ မိတ္ဆက္ႏိုင္ဖြယ္ ရွိပါတယ္။

ဒီေန႔မွာေတာ့ LG V40 ThinQ ရဲ႕ ဓာတ္ပုံေတြဟာ တြစ္တာရွိ Evan Blass ရဲ႕ အေကာင့္ကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚလာတာ ျဖစ္ပါတယ္။ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓာတ္ပုံေတြအရဆိုရင္ V40 ThinQ ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ ၃လုံးကို LED Flash နဲ႔အတူအလ်ားလိုက္တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာ ၃လုံးအတြက္ 16MP Primary Sensor + 12MP Super Wide-angle Lens + 8MP Telephoto Zoom Lens ေတြကို ေပါင္းစပ္တပ္ဆင္ထားႏိုင္ပါတယ္။ Fingerprint Sensor ကိုေတာ့ ကင္မရာ Sensor ေတြရဲ႕ ေဘးနားေလးမွာ တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ Selfie ကင္မရာအတြက္ 8MP Standard Lens + 5MP Wide-angle Lens ေတြကို Display Notch ထဲမွာ ထည့္သြင္းတပ္ဆင္ထားႏိုင္ပါတယ္။

LG V40 ThinQ ရဲ႕ Display အပိုင္းအတြက္ ၆.၄လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ OLED Display ကို အသုံးျပဳထားႏိုင္ၿပီး Resolution ကေတာ့ 1440 x 3120 pixels ရွိႏိုင္ပါတယ္။ Processor အပိုင္းအတြက္ Snapdragon 845 SoC ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 6GB ပါဝင္ႏိုင္ဖြယ္ ရွိပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3300mAh ထည့္သြင္းထားႏိုင္ၿပီး အျမန္အားသြင္းစနစ္နဲ႔ ႀကိဳးမဲ့အားသြင္းစနစ္ေတြကိုလည္း အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

Ref : gizmochina

Unicode

ကင်မရာ ၅လုံး ပါမယ့် LG V40 ThinQ ကို အောက်တိုဘာလ ၄ရက်နေ့မှာ မိတ်ဆက်နိုင်ဖွယ်ရှိ

LG V40 ThinQ လို့ ပြောလိုက်တာနဲ့ ကင်မရာ ၅လုံးပါမယ့် စမတ်ဖုန်းဆိုတာ အားလုံး သိပြီး ဖြစ်မှာပါ။ LG V40 ThinQ ဟာ နောက်ကျောဘက် ကင်မရာ ၃လုံးနဲ့ Selfie ကင်မရာ ၂လုံးတပ်ဆင်ထားမှာ ဖြစ်တာကြောင့် ကင်မရာ ၅လုံး စမတ်ဖုန်းအဖြစ် နာမည်ကြီးနေတာ ဖြစ်ပါတယ်။

ကင်မရာ နည်းပညာ အသစ်အဆန်းတွေကြောင့် V40 ThinQ လိုမျိူး မထွက်ခင် ကတည်းက နာမည်ကြီးနေတဲ့ ဖုန်းတစ်လုံး ရှိပါသေးတယ်။ သူကတော့ Nokia 9 ပါ။ Nokia 9 က V40 ThinQ လိုမျိူး စုစုပေါင်း ကင်မရာ ၅လုံး မဟုတ်ဘဲ နောက်ကျောဘက်မှာတင် ကင်မရာ ၅လုံးနဲ့ ပြည့်နေတဲ့ စမတ်ဖုန်းပါ။ လောလောဆယ်မှာတော့ ကောလဟလသတင်းအဆင့်သာ ရှိသေးပေမယ့် လာမယ့် အောက်တိုဘာလ ၄ရက်နေ့မှာ V40 ThinQ ကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ဖွယ် ရှိပြီး Nokia 9 ကိုတော့ MWC 2019 မှာ မိတ်ဆက်နိုင်ဖွယ် ရှိပါတယ်။

ဒီနေ့မှာတော့ LG V40 ThinQ ရဲ့ ဓာတ်ပုံတွေဟာ တွစ်တာရှိ Evan Blass ရဲ့ အကောင့်ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေအရဆိုရင် V40 ThinQ ရဲ့ နောက်ကျောဘက် ကင်မရာ ၃လုံးကို LED Flash နဲ့အတူ အလျားလိုက်တပ်ဆင်ထားတာ တွေ့ရပါတယ်။ နောက်ကျောဘက် ကင်မရာ ၃လုံးအတွက် 16MP Primary Sensor + 12MP Super Wide-angle Lens + 8MP Telephoto Zoom Lens တွေကို ပေါင်းစပ်တပ်ဆင်ထားနိုင်ပါတယ်။ Fingerprint Sensor ကိုတော့ ကင်မရာ Sensor တွေရဲ့ ဘေးနားလေးမှာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Selfie ကင်မရာအတွက် 8MP Standard Lens + 5MP Wide-angle Lens တွေကို Display Notch ထဲမှာ ထည့်သွင်းတပ်ဆင်ထားနိုင်ပါတယ်။

LG V40 ThinQ ရဲ့ Display အပိုင်းအတွက် ၆.၄လက်မ မျက်နှာပြင် အကျယ်ရှိ OLED Display ကို အသုံးပြုထားနိုင်ပြီး Resolution ကတော့ 1440 x 3120 pixels ရှိနိုင်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 845 SoC ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 6GB ပါဝင်နိုင်ဖွယ် ရှိပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3300mAh ထည့်သွင်းထားနိုင်ပြီး အမြန်အားသွင်းစနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်တွေကိုလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref : gizmochina