Zawgyi

ဒီေန႔မွာေတာ့ LG V40 ThinQ ရဲ႕ ဓာတ္ပုံေတြဟာ MySmartPrice ကေန တဆင့္ ေပါက္ၾကားထြက္ေပၚလာတာ ျဖစ္ပါတယ္။ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓာတ္ပုံေတြအရဆိုရင္ LG V40 ThinQ ရဲ႕ ေနာက္ေက်ာဘက္မွာ ကင္မရာ ၃လုံးကို အလ်ားလိုက္ တပ္ဆင္ထားတာကို ျမင္ေတြ႕ရပါတယ္။ ဒါ့အျပင္ Fingerprint Sensor နဲ႔ LED Flash တို႔ ပါဝင္ေနတာကိုလည္း ေတြ႕ရမွာပါ။

 

ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Notch Display ကို အသုံးျပဳထားတာ ေတြ႕ရၿပီး အဲ့ဒီ Notch ထဲမွာ ကင္မရာ ၂လုံးကို ထည့္သြင္း တပ္ဆင္ထားႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ LG V40 ThinQ နဲ႔ ပတ္သတ္ၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းက ေပါက္ၾကားထြက္ေပၚခဲ့တဲ့ သတင္းေတြအရ ဆိုရင္ V40 ThinQ ရဲ႕ Screen-to-body Ratio က 90% အထိ ရွိႏိုင္တယ္လို႔ သိရပါတယ္။ ဒီေတာ့ V40 ThinQ ရဲ႕ Bezel ေတြက LG V30/V35 တို႔ထက္ ပိုၿပီး ေသးငယ္လာမွာ ျဖစ္ၿပီး LG G7 ThinQ လို ပုံစံမ်ိဴးနဲ႔ ပြဲထြက္လာႏိုင္ဖြယ္ ရွိပါတယ္။

 

ကြၽမ္းက်င္ ပညာရွင္မ်ားကေတာ့ LG အေနနဲ႔ သူတို႔ရဲ႕ Flagship မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ V40 ThinQ ကို လာမယ့္ ႏိုဝင္ဘာလ ၁၆ရက္ေန႔မွာ မိတ္ဆက္ႏိုင္ဖြယ္ရွိေၾကာင္း ခန္႔မွန္းေျပာဆိုထားပါတယ္။

Ref: 9to5google

Unicode

ကင်မရာ ၅လုံးပါဝင်မယ့် LG V40 ThinQ ကို နိုဝင်ဘာလထဲမှာ မြင်တွေ့ရဖွယ်ရှိ

ဒီနေ့မှာတော့ LG V40 ThinQ ရဲ့ ဓာတ်ပုံတွေဟာ MySmartPrice ကနေ တဆင့် ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေအရဆိုရင် LG V40 ThinQ ရဲ့ နောက်ကျောဘက်မှာ ကင်မရာ ၃လုံးကို အလျားလိုက် တပ်ဆင်ထားတာကို မြင်တွေ့ရပါတယ်။ ဒါ့အပြင် Fingerprint Sensor နဲ့ LED Flash တို့ ပါဝင်နေတာကိုလည်း တွေ့ရမှာပါ။

ရှေ့ဘက်မျက်နှာပြင်မှာတော့ Notch Display ကို အသုံးပြုထားတာ တွေ့ရပြီး အဲ့ဒီ Notch ထဲမှာ ကင်မရာ ၂လုံးကို ထည့်သွင်း တပ်ဆင်ထားနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ LG V40 ThinQ နဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဆိုရင် V40 ThinQ ရဲ့ Screen-to-body ratio က 90% အထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီတော့ V40 ThinQ ရဲ့ Bezel တွေက LG V30/V35 တို့ထက် ပိုပြီး သေးငယ်လာမှာ ဖြစ်ပြီး LG G7 ThinQ လို ပုံစံမျိူးနဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

 

ကျွမ်းကျင် ပညာရှင်များကတော့ LG အနေနဲ့ သူတို့ရဲ့ Flagship မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ V40 ThinQ ကို လာမယ့် နိုဝင်ဘာလ ၁၆ရက်နေ့မှာ မိတ်ဆက်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုထားပါတယ်။

Ref: 9to5google