[Zawgyi]

ေတာင္ကိုရီးယားအေျခစုိက္ LG ကုမၸဏီဟာ သူတုိ႔ျပည္တြင္းေစ်းကြက္မွာ V50 ThinQ 5G စမတ္ဖုန္းကို လာမယ့္ ဧၿပီလ ၁၉ ရက္ေန႔ကေန စတင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ ပထမဆုံး 5G နက္ဝပ္သုံး စမတ္ဖုန္းဟာ အေမရိကန္ေဒၚလာ ၁၀၆၀ (ျမန္မာေငြ ၁၆ သိန္းခန္႔) သတ္မွတ္ထားၿပီး 6 GB RAM / 128 GB Storage မန္မုိရီဗားရွင္း တစ္မ်ဳိးပဲ ထုတ္လုပ္ေရာင္းခ်မွာပါ။

ေမလမတုိင္ခင္ LG V50 ThinQ 5G ဖုန္းကို ဝယ္ယူတဲ့သူတုိင္းက ၁၉၃ ေဒၚလာေလာက္ တန္တဲ့ Dual-Screen Accessory ေလးကိုပါ ရရွိႏုိင္မွာျဖစ္ပါတယ္။ အျခားကိုရီးယားအေျခစုိက္ကုမၸဏီပဲျဖစ္တဲ့ Samsung ရဲ႕ Galaxy S10+ 5G ဟန္းဆက္ကေတာ့ သူ႕ထက္ ႏွစ္ပတ္တိတိေစာၿပီး ဧၿပီလ ၅ ရက္ေန႔မွာထဲက ေရာင္းခ်ေနမွာပါ။ Samsung Galaxy S10+ 5G ဖုန္းကေတာ့ အေျခခံ 8 / 256 GB ဗားရွင္းကို ေဒၚလာ ၁၂၂၅ (ျမန္မာေငြ ၁၈ သိန္းခြဲခန္႔) က်သင့္ၿပီး 8 / 512 GB မန္မုိရီေမာ္ဒယ္ကိုေတာ့ အေမရိကန္ေဒၚလာ ၁၃၆၅ (ျမန္မာေငြ သိန္း ၂၀ ေက်ာ္) သတ္မွတ္ထားပါတယ္။

LG V50 ThinQ ဖုန္းမွာ Snapdragon 855 ခ်စ္ပ္ဆက္ အသုံးျပဳထားၿပီး 6.4” လက္မအရြယ္ P-OLED Display ပါဝင္မွာပါ။ ေနာက္ဘက္မွာ Triple ကင္မရာကို ထူးထူးျခားျခား ယူနစ္တစ္ခုစီ ခြာထားတဲ့ပုံနဲ႔ ေနရာခ်ထားတာကို ေတြ႕ရၿပီး 12 MP ပုံမွန္ကင္မရာ + 12MP 2x Telephoto + 16MP Ultra-wide Lens တုိ႔ ျဖစ္ပါတယ္။ ေရွ႕ဘက္မွာလည္း 8MP ပုံမွန္ဆယ္ဖီကင္မရာကို 5MP Ultra-wide နဲ႔ထပ္တြဲထားပါတယ္။

Ref – GSM Arena

[Unicode]

တောင်ကိုရီးယားအခြေစိုက် LG ကုမ္ပဏီဟာ သူတို့ပြည်တွင်းဈေးကွက်မှာ V50 ThinQ 5G စမတ်ဖုန်းကို လာမယ့် ဧပြီလ ၁၉ ရက်နေ့ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး 5G နက်ဝပ်သုံး စမတ်ဖုန်းဟာ အမေရိကန်ဒေါ်လာ ၁၀၆၀ (မြန်မာငွေ ၁၆ သိန်းခန့်) သတ်မှတ်ထားပြီး 6 GB RAM / 128 GB Storage မန်မိုရီဗားရှင်း တစ်မျိုးပဲ ထုတ်လုပ်ရောင်းချမှာပါ။

မေလမတိုင်ခင် LG V50 ThinQ 5G ဖုန်းကို ဝယ်ယူတဲ့သူတိုင်းက ၁၉၃ ဒေါ်လာလောက် တန်တဲ့ Dual-Screen Accessory လေးကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ အခြားကိုရီးယားအခြေစိုက်ကုမ္ပဏီပဲဖြစ်တဲ့ Samsung ရဲ့ Galaxy S10+ 5G ဟန်းဆက်ကတော့ သူ့ထက် နှစ်ပတ်တိတိစောပြီး ဧပြီလ ၅ ရက်နေ့မှာထဲက ရောင်းချနေမှာပါ။ Samsung Galaxy S10+ 5G ဖုန်းကတော့ အခြေခံ 8 / 256 GB ဗားရှင်းကို ဒေါ်လာ ၁၂၂၅ (မြန်မာငွေ ၁၈ သိန်းခွဲခန့်) ကျသင့်ပြီး 8 / 512 GB မန်မိုရီမော်ဒယ်ကိုတော့ အမေရိကန်ဒေါ်လာ ၁၃၆၅ (မြန်မာငွေ သိန်း ၂၀ ကျော်) သတ်မှတ်ထားပါတယ်။

LG V50 ThinQ ဖုန်းမှာ Snapdragon 855 ချစ်ပ်ဆက် အသုံးပြုထားပြီး 6.4” လက်မအရွယ် P-OLED Display ပါဝင်မှာပါ။ နောက်ဘက်မှာ Triple ကင်မရာကို ထူးထူးခြားခြား ယူနစ်တစ်ခုစီ ခွာထားတဲ့ပုံနဲ့ နေရာချထားတာကို တွေ့ရပြီး 12 MP ပုံမှန်ကင်မရာ + 12MP 2x Telephoto + 16MP Ultra-wide Lens တို့ ဖြစ်ပါတယ်။ ရှေ့ဘက်မှာလည်း 8MP ပုံမှန်ဆယ်ဖီကင်မရာကို 5MP Ultra-wide နဲ့ထပ်တွဲထားပါတယ်။

Ref – GSM Arena