[Unicode]

LG က အပို မျက်နှာပြင် ပါတဲ့ G8X ThinQ ကို စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်းရဲ့ 5G မော်ဒယ်ကို တောင်ကိုရီးယားမှာ LG V50s ThinQ နာမည်နဲ့ အောက်တိုဘာလက ချပြခဲ့ပါတယ်။ LG က ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress (MWC) 2020 မှာ စွမ်းရည်မြင့် ဖုန်း အသစ်တွေကို မိတ်ဆက်ဖို့ ကြိုးစားနေပါတယ်။ အခုတော့ The Korea Herald က MWC 2020 မှာ LG က V60 ThinQ 5G နဲ့ နောက်ထပ် 5G ဖုန်း အသစ် ၁ လုံးကို ချပြမယ်လို့ ပြောပါတယ်။

LG V60 ThinQ ဟာ Dual Screen Accessory ပါတဲ့ 5G ဖုန်း ဖြစ်နိုင်ပြီး ၂၀၂၀ ခုနှစ်ထုတ် LG ရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်လာမှာပါ။ LG က တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့လို နိုင်ငံတွေမှာ တိုးချဲ့ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။

The Korea Herald က LG ရဲ့ 5G ဖုန်း အသစ်အကြောင်းကို မပြောထားပါဘူး။ စွမ်းရည်မြင့် အမျိုးအစား ဖြစ်နိုင်ပြီး LG V60 ThinQ 5G နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။ LG က MWC 2019 မှာ Dual Screen Accessory ပါတဲ့ V50 ThinQ , G8 ThinQ နဲ့ G8s ThinQ တို့ကို ချပြခဲ့ပါတယ်။ G8 ဖုန်းတွေမှာ 5G မပါပါဘူး။ LG က V60 ThinQ 5G နဲ့အတူ 5G ပါတဲ့ G9 ThinQ နဲ့ G9s ThinQ တို့ကိုလည်း မိတ်ဆက်နိုင်ပါတယ်။

V60 ThinQ မှာ Snapdragon 865 SoC နဲ့ X55 5G Modem ပါလာနိုင်ပါတယ်။ လက်ရှိအချိန်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲသိရပါသေးတယ်။

Ref : gizmochina

[Zawgyi]

LG V60 ThinQ ကို MWC 2020 မွာ ေၾကညာႏုိင္

LG က အပို မ်က္ႏွာျပင္ ပါတဲ့ G8X ThinQ ကို စက္တင္ဘာလမွာ ေၾကညာခဲ့ပါတယ္။ အဲဒီ ဖုန္းရဲ႕ 5G ေမာ္ဒယ္ကို ေတာင္ကိုရီးယားမွာ LG V50s ThinQ နာမည္နဲ႔ ေအာက္တိုဘာလက ခ်ျပခဲ့ပါတယ္။ LG က ေဖေဖာ္၀ါရီလမွာ က်င္းပမယ့္ Mobile World Congress (MWC) 2020 မွာ စြမ္းရည္ျမင့္ ဖုန္း အသစ္ေတြကို မိတ္ဆက္ဖို႔ ႀကိဳးစားေနပါတယ္။ အခုေတာ့ The Korea Herald က MWC 2020 မွာ LG က V60 ThinQ 5G နဲ႔ ေနာက္ထပ္ 5G ဖုန္း အသစ္ ၁ လံုးကို ခ်ျပမယ္လို႔ ေျပာပါတယ္။

LG V60 ThinQ ဟာ Dual Screen Accessory ပါတဲ့ 5G ဖုန္း ျဖစ္ႏုိင္ၿပီး ၂၀၂၀ ခုႏွစ္ထုတ္ LG ရဲ႕ ပထမဆံုး 5G ဖုန္း ျဖစ္လာမွာပါ။ LG က ေတာင္ကိုရီးယား၊ အေမရိကန္နဲ႔ ဂ်ပန္တို႔လို ႏိုင္ငံေတြမွာ တိုးခ်ဲ႕ေရာင္းခ်ဖို႔ ရည္ရြယ္ထားပါတယ္။

The Korea Herald က LG ရဲ႕ 5G ဖုန္း အသစ္အေၾကာင္းကို မေျပာထားပါဘူး။ စြမ္းရည္ျမင့္ အမ်ိဳးအစား ျဖစ္ႏုိင္ၿပီး LG V60 ThinQ 5G နဲ႔အတူ ေၾကညာမွာ ျဖစ္ပါတယ္။ LG က MWC 2019 မွာ Dual Screen Accessory ပါတဲ့ V50 ThinQ , G8 ThinQ နဲ႔ G8s ThinQ တို႔ကို ခ်ျပခဲ့ပါတယ္။ G8 ဖုန္းေတြမွာ 5G မပါပါဘူး။ LG က V60 ThinQ 5G နဲ႔အတူ 5G ပါတဲ့ G9 ThinQ နဲ႔ G9s ThinQ တို႔ကိုလည္း မိတ္ဆက္ႏိုင္ပါတယ္။

V60 ThinQ မွာ Snapdragon 865 SoC နဲ႔ X55 5G Modem ပါလာႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာ အဲဒီဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို ဒီေလာက္ပဲသိရပါေသးတယ္။

Ref : gizmochina