LG Velvet 2 Pro ကို ကုမ္ပဏီက ထုတ်လုပ်ရောင်းချဖို့ အစီအစဉ်ကို ရပ်နားလိုက်ပေမယ့် LG ဝန်ထမ်းတွေကိုရောင်းပေးထားပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ Unboxing Video တစ်ခု ထွက်ပေါ်လာပြီး ခလုတ်တွေ ဖျောက်ထားတဲ့ ဒီဇိုင်းကို မြင်ရပါတယ်။

တကယ့် ခလုတ်တွေအစား Pressure-sensitive Pads တွေကို သုံးထားပြီး ထိပ်ဖက်မှာ ပါဝါ အတွက် တစ်ခု၊ ဘေးဘက်မှာ အသံအတွက် နှစ်ခုနဲ့ Google Assistant ဆင့်ခေါ်ဖို့အတွက် တစ်ခု ထည့်သွင်းထားပါတယ်။ အဲဒီ Pads တွေရဲ့ တည်နေရာကို လက်နဲ့ စမ်းကြည့်လို့ မသိနိုင်တဲ့အတွက် လေးထောင့် အကွက်လေးတွေနဲ့ ပြသထားတာပါ။

အနောက်ဘက် ဒီဇိုင်းဟာ မူလ Velvet နဲ့ ကွဲပြားပြီး မော်ဒယ်အသစ်ရဲ့ အနောက်ကင်မရာ Ring တွေဟာ အရွယ်အစား တူညီကြပါတယ်။ ရွှေရောင် Ring တွေ ဖြစ်ပြီး အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ နောက်ထပ်ကွဲပြားမှုက Velvet 2 Pro ရဲ့ အောက်ခြေမှာ နားကြပ်ပေါက် မပါပါဘူး။ ဘူးထဲမှာ LG က USB-C to 3.5 mm Adapter ထည့်ထားနိုင်ပါတယ်။ ဗီဒီယိုအရ Transparent Silicone Cases ၂ ခု၊ USB-C Cable ၁ ခု ထည့်ထားတာ မြင်ရပေမယ့် Charger မတွေ့ရပါဘူး။

LG Velvet 2 Pro ရဲ့ Specs တွေကို ပြောပြချင်ပါတယ်။ ၆.၈ လက်မ 120 Hz P-OLED မျက်နှာပြင်၊ Snapdragon 888 Chipset ၊ 8GB RAM နဲ့ 128GB Storage တွေ ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာတွေအကြောင်း ပြောရရင် 64MP Main , 3x Telephoto နဲ့ Ultrawide တွေ ဖြစ်ပြီး ဘက်ထရီက 4,500mAh ပါ။

Ref : gsmarena