LG ကနေ Design ပိုင်းကို အဓိကအခြေခံထားတဲ့ Velvet နာမည်နဲ့ Series အသစ်ကိုစတင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း အဆိုပါ LG Velvet စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ Design Video တွေ၊ Specs တွေပေါက်ကြားထားခဲ့ပြီး အခုအချိန်မှာတော့ တရားဝင် မိတ်ဆက်သွားမယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

 

LG ရဲ့ ကြေညာချက်အရတော့ အဆိုပါ Velvet စမတ်ဖုန်းကို လာမယ့် မေလ ၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ LG အနေနဲ့ အဆိုပါ ကြေညာချက်ကို YouTube Invitation Video နဲ့အတူ ဖော်ပြခဲ့တာဖြစ်ပြီး Hardware Specs တွေအစား နောက်ကျောဘက် Camera Design ကိုပဲ အလေးပေးသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ LG Velvet မိတ်ဆက်မှုကို အခုနောက်ပိုင်းတခြားသော စမတ်ဖုန်းတွေလိုမျိုးပဲ Online Only ပြုလုပ်သွားမှာဖြစ်ပြီး LG Mobile ရဲ့ YouTube Channel မှာပဲ Livestream ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် LG ရဲ့ Series အသစ် Velvet ဖုန်းက Design ပိုင်းအရတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လက်ရှိသိထားတဲ့ Specs တွေအရဆိုရင်တော့ LG ကနေ Qualcomm Snapdragon 765G Processor ကို အသုံးပြုထားမှာဖြစ်ပြီး စျေးနှုန်းသက်သာတဲ့ 5G ဖုန်းတစ်လုံးအနေနဲ့ အဓိကစျေးကွက်ထဲကို ထိုးဖောက်သွားမှာဖြစ်ပါတယ်။

Ref – GSM Arena