LG ရဲ့ Velvet တွေဟာ ပြီးခဲ့တဲ့ မေလအစောပိုင်းကတည်းက Pre-order တင်လို့ရခဲ့တာပါ။ ဝယ်ယူသူတွေအတွက်လည်း အရောင်လေးမျိုး ရွေးချယ်နိုင်ခွင့်ပေးထားပါတယ်။ အခုတော့ အရောင်သစ်သုံးမျိုး ထပ်ပြီး ထွက်လာပါပြီ။ ဒါပေမယ့် အရောင်သစ်တွေကို တစ်နေရာတည်းမှာ ရွေးချယ်လို့ရမှာတော့ မဟုတ်ပါဘူး။

LG Velvet တွေအတွက် အရောင်သစ်တွေဟာ Blue, Red နဲ့ Pink တို့ ဖြစ်ကြပါတယ်။ ဒီအရောင်တွေကို LG.com မှာသွားကြည့်ပြီးတော့ ဝယ်လို့မရပါဘူး။ LG က ဈေးကွက်တစ်ခုမှာ အရောင်သစ်တစ်ရောင်ပဲ ရနိုင်မယ်ဆိုတဲ့ ပုံစံမျိုး လုပ်ထားတာပါ။ ဥပမာအားဖြင့် Aurora Pink ကို လိုချင်ရင် LG U+ ကို သွားကြည့်မှတွေ့နိုင်မှာဖြစ်ပါတယ်။

အကယ်၍ အရောင်ခပ်ပြင်းပြင်းလေးကိုပိုကြိုက်တယ်၊ Deep Aurora Red ကိုမှ ကြိုက်တယ်ဆိုရင်တော့ KT carrier ဆီကို သွားမှ ဖြစ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ အပြာရောင်ကိုမှ ရင်ခုန်တယ်ဆိုရင်တော့ SK Telecom ဆီသွားဝယ်မှ ရပါလိမ့်မယ်။ ဒါက LG ရဲ့ အရောင်သစ်နဲ့ပတ်သက်ပြီး ကျင့်သုံးလိုက်တဲ့ မဟာဗျူဟာလို့ ဆိုရပါလိမ့်မယ်။ ဟုတ်ပါတယ်။ အရောင်သစ်တွေဟာ Carrier-Exclusive အနေနဲ့ သီးသန့်ထုတ်လိုက်တာပါ။

LG Velvet ဟာ 6.8-inch Full HD+ OLED Display နဲ့ဖြစ်ပြီး Snapdragon 765G Chipset အသုံးပြုထားတာ ဖြစ်ပါတယ်။ 6/8GB of RAM နဲ့တွဲဖက်ထားပြီး ဘက်ထရီပမာဏက 4,300mAh ပါ။ ကျောဘက်မှာ 48MP အဓိကကင်မရာနဲ့ 8MP ultrawide, 5MP Depth ဆင်ဆာတွေ တပ်ဆင်ပေးထားပါတယ်။ Selfie ကင်မရာကတော့ 16MP ဖြစ်ပါတယ်။

Ref: GSM Arena