LG Velvet နဲ့ပတ်သက်တဲ့ သတင်းတွေကတော့ ဆက်တိုက်ပေါ်ထွက်လာပြီး ဒီဖုန်းမှာပါဝင်မယ့် ကြိုးမဲ့အားသွင်းစနစ်ဟာ 10W ဆိုတာကိုပါ Wireless Power Consortium မှ အတည်ပြုပေးခဲ့ပါတယ်။

Velvet စမတ်ဖုန်းသစ်ဟာ LG ကုမ္ပဏီက သူ့ရဲ့ Mid-range စမတ်ဖုန်းလိုင်းကို ပြန်လည်တီထွင်ဆန်းသစ်ခြင်းဖြစ်ပြီး အဓိကအားဖြင့် ဒီဇိုင်းပိုင်းကို အာရုံစိုက်ထားပါတယ်။ LG ကုမ္ပဏီကလည်း သူတို့ရဲ့ ဖုန်းဟာ Specs ကိုပဲ အာရုံစိုက်နေကြတဲ့အလေ့အထကနေ ကျော်လွန်ပြီး ဒီဇိုင်းပိုင်း လှပကွဲပြားမှုပေါ်မှာ လောင်းကြေးထပ်ထားတယ်လို့ ဆိုရမှာပါ။

Specs ပိုင်းမှာတော့ Velvet ဟာ Snapdragon 765G ချစ်ပ်ဆက်ပါဝင်မှာဖြစ်ပြီး G စီးရီးနဲ့ V စီးရီး Flagship တွေလို Dual-Screen Accessory ထောက်ပံ့မှု ပါဝင်မှာပါ။

LG က ဒီဖုန်းရဲ့နောက်ကျောဘက်ကို တရားဝင် Teaser ထုတ်ပြခဲ့ပြီးဖြစ်ကာ 48MP + 8MP Ultrawide + 5MP Depth Sensor အတွဲပါဝင်ပါတယ်။ ရှေ့ဘက်က Notch ထဲမှာတော့ 16MP ဆဲလ်ဖီကင်မရာတစ်ခု ပါပါတယ်။

LG ကုမ္ပဏီမှ တရားဝင်အတည်မပြုပေးရသေးပေမယ့် LG Velvet မှာ MIL-STD နဲ့ IP68 အကြမ်းခံနိုင်ရည် အတည်ပြုချက်တွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။ Velvet စမတ်ဖုန်းဟာ မေလ ၇ ရက်နေ့မှာ တရားဝင်ထွက်ပေါ်လာတော့မှာပါ။

Ref – GSM Arena