LG က Velvet စမတ်ဖုန်း Series အသစ်ကို ဒီနှစ်ထဲမှာ ချပြတော့မှာ ဖြစ်ပြီး အဲဒီစမတ်ဖုန်းရဲ့ သတင်းအချက်အလက် တချို့ကိုလည်း မျှဝေထားပါတယ်။ LG က မေလ ၇ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး မေလ ၁၅ ရက်နေ့မှာ ရောင်းချနိုင်ပါတယ်။ အခုတော့ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေ ကိုရီးယားကနေ ထွက်ပေါ်လာပြီး ပုံတွေဟာ သိပ်ပြတ်ပြတ်သားသား မရှိဘဲ ဝါးတားတားတွေ ဖြစ်ပါတယ်။

Aurora White နဲ့ Aurora Grey ၂ ရောင်ထုတ်လုပ်ထားပါတယ်။ ဖုန်း အနောက်ဘက် ကာဗာကို ဖွင့်ပြထားတဲ့ဓါတ်ပုံလည်း ပါပြီး Wireless Charging Coil နဲ့ ဘက်ထရီကို မြင်ရပါတယ်။ အတွင်းပိုင်းမှာ Logic Board နဲ့ အနောက်ကင်မရာ ၃ လုံးလည်း ပါပါတယ်။

LG Velvet မှာ 48MP Main , 8MP Ultrawide နဲ့ 5MP Depth ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၈ လက်မ ဖြစ်ပြီး 20.5:9 Panel အသုံးပြုထားမှာပါ။ 4,300mAh ဘက်ထရီ ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena