LG ရဲ့နောက်ထွက်မယ့် Mid-range ဖုန်းဟာ Specs ထက် ဒီဇိုင်းပိုင်းဆန်းသစ်မှုကို ဦးစားပေးလာမယ်လို့ ဆိုထားပေမယ့် ကုမ္ပဏီက အချက်အလက်အများစုကို ခုထိ မထုတ်ဖော်ပြသေးပါဘူး။ ဒါပေမယ့် ယနေ့မှာ LG Velvet အတွက် ဈေးနှုန်းကို တရားဝင်ကြေညာလာခဲ့ပါတယ်။

LG Velvet ဟာ Upper Mid-range 5G ဖုန်းဖြစ်ပြီး ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ပထမဆုံးမျိုးဆက်ပါ။ Snapdragon 765 ချစ်ပ်ဆက်သုံးလာမယ့် ဒီဖုန်းအတွက် ဈေးနှုန်းကတော့ ကိုရီးယားဝမ် ၈၉၉,၈၀၀ (မြန်မာငွေ ဆယ်သိန်းဝန်းကျင်) လို့ ဆိုလာပါတယ်။

ပုံမှန်ဈေးကွက်ထဲက Mid-range တွေအတွက် ဒီဈေးဟာ မြင့်နေပေမယ့် LG Velvet ကတော့ Upper Mid ချစ်ပ်ဆက်နဲ့ Flagship လို့ ဆိုနိုင်တဲ့ ဟန်းဆက်ပါ။ ဒါ့အပြင် သူ့ရဲ့ရည်မှန်းချက်ကိုက ဒီဇိုင်းအသွင်အပြင်က အဓိက ဖြစ်ပါတယ်။

LG Velvet မှာ 6.8” Curved Display ပါဝင်ပြီး Cinema FullVision လို့ အမည်ပေးထားကာ Waterdrop Notch နဲ့ HDR10 ထောက်ပံ့မှုတို့ ပါဝင်ပါတယ်။ နောက်ဘက်မှာ 48MP ဦးဆောင်တဲ့ Triple-camera အတွဲနဲ့ 16MP ဆဲလ်ဖီးကင်မရာတို့ ထည့်သွင်းထားတယ်။

8GB RAM / 128GB Storage အတွဲဖြစ်ကာ Fingerprint ကိုလည်း In-display ထည့်ထားပါတယ်။ 4,300 mAh ဘက္ထရီကိုတော့ ကြိုးမဲ့အားသွင်းစနစ်ရော၊ QuickCharge 4+ နည်းပညာရော ပါဝင်မယ်လို့ သတင်းထွက်ထားပါတယ်။

Ref – Gizmo China