LG Velvet ရဲ့ပကတိပုံရိပ်တွေ ထွက်ပေါ်လာတာ ပထမဆုံးအကြိမ်မဟုတ်ပေမယ့် ဒီတစ်ခါတော့ ကိုရီးယားမှ အရောင်းဆိုင်တစ်ခုထဲကနေ ရိုက်ယူထားတဲ့ Hands-on ဓါတ်ပုံတွေကို ရှင်းလင်းပြည့်စုံစွာတွေ့ရမှာဖြစ်ပါတယ်။ ဒီထဲမှာ မြင်ရတဲ့ ကာလာကတော့ Aurora Grey ဖြစ်ပြီး သူ့ရဲ့ Specs အပြည့်အစုံကိုလည်း တွေ့ရပါတယ်။

LG Velvet မှာ 6.8” လက်မအရွယ် Full HD+ OLED Display တစ်ခုပါဝင်ပါတယ်။ အတွင်းမှာ Snapdragon 765 5G ချစ်ပ်ဆက်အသုံးပြုထားပြီး 8/128GB မန်မိုရီအတွဲနဲ့ မြင်ရပေမယ့် မန်မိုရီက ရွေးချယ်စရာ အခြားဗားရှင်းတွေလည်း ရှိဦးမယ်လို့ ယုံကြည်ရပါတယ်။

ရှေ့ဘက်က “U” ပုံသဏ္ဍာန် Notch လေးထဲမှာ 16MP ကင်မရာတစ်လုံးပါဝင်ပြီး နောက်ဘက်မှာ 48MP + 8MP Ultrawide + 5MP Depth Sensor တပ်ဆင်ထားတယ်။ ဘက္ထရီပမာဏ 4,300 mAh ဖြစ်ပြီး ကြိုးမဲ့အားသွင်းစနစ်နဲ့ပါ။

Ref – GSM Arena