အခုအချိန်မှာ LG ကနေ G Series စမတ်ဖုန်းတွေကို ရပ်သိမ်းလိုက်ပြီးတော့ Velvet Brand နဲ့ စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း လာမယ့် မေလ ၇ ရက်နေ့မှာ LG Velvet စမတ်ဖုန်းအသစ်ကို မိတ်ဆက်တော့မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။

အခုလိုမျိုး မိတ်ဆက်မယ့်အချိန်က အနည်းငယ်လိုသေးတယ်ဆိုပေမယ့် LG Velvet စမတ်ဖုန်းရဲ့ Specs တွေအသေးစိတ်ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တောင်ကိုရီးယားနိုင်ငံမှာ မိတ်ဆက်လာမယ့် LG Velvet စမတ်ဖုန်းရဲ့ စျေးနှုန်းကိုပါ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အခုသတင်းတွေအရ LG Velvet စမတ်ဖုန်းဟာ Qualcomm Snapdragon 765 5G Chipset ကို အသုံးပြုလာမှာဖြစ်ပြီးတော့ RAM 8GB နဲ့ Storage 128GB ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ MicroSD Card ကနေလည်း 2TB အထိ တိုးချဲ့နိုင်မှာပါ။ အဲ့ဒီအတွက် Specs တွေအရတော့ High End ဖုန်းတစ်လုံးနဲ့ပိုပြီးဆင်တူနေမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 48MP Primary Sensor ၊ 8MP Ultrawide Sensor နဲ့ 5MP Depth Sensor တွေပါဝင်တဲ့ Rain Drop Triple Camera Setup ကို ထည့်သွင်းထားတာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ကို Waterdrop Notch အနေနဲ့ ပါဝင်လာမှာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ OLED Display ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Display ကနေ Stereo Sound Experience ကိုပါရရှိအောင် ဆောင်ရွက်ထားမှာဖြစ်ပါတယ်။ Display Resolution နဲ့ Screen Refresh Rate ကိုတော့ အသေးစိတ်မသိရသေးပါဘူး။ ဒါပေမယ့်လည်း တခြားသော IP68 Dust & Water Resistance ၊ MIL-STD 810G Military Standard နဲ့ Headphone Jack တွေလည်းပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 4300mAh Battery ပါဝင်မှာဖြစ်သလို Wireless Charging ကိုလည်း Support ပြုလုပ်မှာပါ။ အရောင်တွေအနေနဲ့တော့ Aurora White ၊ Aurora Grey ၊ Aurora Green နဲ့ Sunset ဆိုပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ LG Velvet ဟာ 800,000 Won (မြန်မာငွေ ၉ သိန်းကျော်) ကျသင့်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China