Google ကနေ Android 10 OS ကို မိတ်ဆက်ခဲ့တုန်းက Video နဲ့ Audio Playback တွေအတွက် Offline Caption ထိုးပေးနိုင်တဲ့ Live Caption Feature ကို မိတ်ဆက်ထားခဲ့ပါတယ်။ အဆိုပါ Live Caption Feature ဟာ Android 10 Feature တစ်ခုဖြစ်ပေမယ့်လည်း Google Pixel ဖုန်းတွေနဲ့ တချို့သော Android ဖုန်းတွေမှာပဲ ပါဝင်နေတာဖြစ်ပါတယ်။

အခုလည်း LG ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ LG Velvet ဖုန်းအတွက် အဆိုပါ Live Caption Feature Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဲ့ဒီအတွက် LG Velvet ဟာ Samsung Flagship ဖုန်းတွေနဲ့ OnePlus ဖုန်းတွေပြီးရင် နောက်ထပ် Live Caption Feature ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာပါပြီ။

Google Live Caption ဟာ လက်ရှိအချိန်မှာ Video ၊ Audio Message ၊ Podcast နဲ့ အခြား Media Playback တွေကို Real-time Caption ထိုးပေးနိုင်တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ On-device Machine Learning ကို အသုံးပြုထားတဲ့အတွက် Internet Connection လိုအပ်ခြင်းမရှိဘဲ Offline အသုံးပြုနိုင်တာကလည်း အားသာချက်တစ်ခုဖြစ်ပါတယ်။

Google ရဲ့ ပြောကြားချက်အရတော့ လာမယ့် Android 11 Update မှာဆိုရင် Live Caption Feature ဟာ Video Call နဲ့ Audio Call တွေမှာပါ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Feature က အသံကို နားထောင်နိုင်စွမ်းမရှိတဲ့သူတွေနဲ့ ဘာသာစကားအခက်အခဲရှိနေတဲ့သူတွေအတွက်ကတော့ တော်တော်လေးကို အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

Ref – XDA-Developers