LG ကနေ လာမယ့် မေလ ၇ ရက်နေ့မှာ LG Velvet စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရားဝင်မိတ်ဆက်ပွဲမတိုင်ခင်မှာတင် LG ကနေ အဆိုပါ Velvet စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ Specification နဲ့ Feature အသေးစိတ်ကို ဖော်ပြလိုက်ပါပြီ။

LG Velvet စမတ်ဖုန်းဟာ Design ပိုင်းအနေနဲ့ Glass နဲ့ Metal ပေါင်းစပ်ထားတဲ့ ကိုယ်ထည်ကိုအသုံးပြုထားသလို 3D Arc Design ကိုအခြေခံထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဖုန်းရဲ့ ဘေးဘက်ဘောင်တွေက အနည်းငယ်ကွေးညွတ်ထားမှာဖြစ်ပြီး ဖုန်းရဲ့ အပေါ်နဲ့အောက်ဖက်ဘောင်တွေကတော့ တူညီတဲ့ Design ပြုလုပ်ထားမှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ 6.8″ 20.5:9 Aspect Ratio ရှိတဲ့ Cinema FullVision OLED Display ကို ထည့်သွင်းပေးထားပါတယ်။ Stereo Speaker Setup ပါဝင်တဲ့ပပြင် Device ပေါ်မှာဖွင့်နေတဲ့ Content အပေါ်မှုတည်ပြီးတော့ Audio Quality ကို ချိန်ညှိပေးနိုင်တဲ့ Artificial Intelligence Sound နည်းပညာလည်းပါဝင်ဦးမှာဖြစ်ပါတယ်။

Camera တွေအနေနဲ့ကတော့ 48MP Primary Senosr ၊ 8MP Ultrawide Sensor နဲ့ 5MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို ထည့်သွင်းထားပါတယ်။ Primary Sensor အနေနဲ့ 4-in-1 Pixel Binning ကို အသုံးပြုနိုင်မယ့်အပြင် Video ပိုင်းမှာလည်း မလိုအပ်တဲ့အသံတွေကို ဖယ်ရှားနိုင်တဲ့ Voice Out Feature ၊ ASMR Feature လိုမျိုး Feature တွေကိုလည်း ထည့်သွင်းထားဦးမယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ကို Waterdrop Notch အနေနဲ့အသုံးပြုထားမှာပါ။

Performance ပိုင်းမှာကတော့ Qualcomm Snapdragon 765 Processor ၊ RAM 8GB LPDDR4X နဲ့ 128GB UFS 2.1 Storage တွေပါဝင်မှာဖြစ်ပါတယ်။ MicroSD Card ကနေ Storage ကိုထပ်မံတိုးချဲ့နိုင်မယ်လို့လည်း သိရပါတယ်။ Battery အနေနဲ့ကတော့ 4300mAh Battery ပါဝင်မှာဖြစ်ပြီး ပုံမှန် Fast Charging အပြင် 10W Wireless Charging ကိုပါ Support ပြုလုပ်မယ်လို့ သိရပါတယ်။ Fingerprint Sensor ကိုတော့ Under-Display Fingerprint အနေနဲ့ တပ်ဆင်ထားတာဖြစ်ပါတယ်။

ကျန်တဲ့ LG Velvet စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ Feature အသေးစိတ်နဲ့ စျေးနှုန်းတွေကိုတော့ လာမယ့် မေလ ၇ ရက်နေ့ကြမှပဲ သိရမှာဖြစ်ပါတယ်။

Ref – Gizmo China