[Zawgyi]

LG ဟာ 17-inch နဲ႔ 14-inch အသီးသီးရွိၾကၿပီး သာမန္ထက္ေပါ့ပါးတဲ့ ေနာက္ဆုံးထြက္ Laptop ႏွစ္မ်ိဳးကို မိတ္ဆက္ဦးမွာ ျဖစ္ပါတယ္။ ဒီႏွစ္မ်ိဳးထဲကမွ ၁၇လက္မ မ်က္ႏွာျပင္က်ယ္ Laptop ဟာ ကမာၻ႔အေပါ့ပါးဆုံး ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီ Laptop ကို အစပိုင္းက Best Buy မွာ တင္ထားခဲ့ေပမယ့္ သိပ္မၾကာခင္ ျပန္ျဖဳတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

ဒီ ၁၇ လက္မ မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ Laptop ဟာ အေလးခ်ိန္အားျဖင့္ ၃ ေပါင္ေအာက္ပဲ ရွိမယ္လို႔ သိရပါတယ္။ (အေလးခ်ိန္ ၁၃၄၀ ဂရမ္ ပဲရွိတယ္လို႔ ဆိုပါတယ္) ဒီအေလးခ်ိန္နဲ႔ ဒီလိုမ်က္ႏွာျပင္အ႐ြယ္အစားဆိုတာက အေတာ္ေလးကို ေပါ့ပါးေအာင္ ျပဳလုပ္ထားတယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ HP ဒါမွမဟုတ္ Dell တို႔ရဲ႕ ၁၇ လက္မမ်က္ႏွာျပင္နဲ႔ Laptop ေတြဆိုရင္ အေလးခ်ိန္က ဒီထက္ ႏွစ္ဆေလာက္ မ်ားပါလိမ့္မယ္။ Asus VivoBook Pro ဆိုရင္ ၄.၆ ေပါင္အထိ ေလးလံတာပဲ ျဖစ္ပါတယ္။

LG က ဒီ Laptop ကို 8th Gen Core i7 Processor (the 8565U) တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ Storage ကေတာ့ 512GB ျဖစ္ၿပီး 16GB RAM ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ၁၇ လက္မအ႐ြယ္ မ်က္ႏွာျပင္ကေတာ့ 2560 x 1600 Resolution ပါ။ လုံၿခဳံေရးစနစ္အျဖစ္ Fingerprint Sensor လည္းပါဝင္တယ္လို႔ သိရပါတယ္။ ၁၇ လက္မ မ်က္ႏွာျပင္က်ယ္ရွိၿပီး၊ ၃ ေပါင္ေအာက္သာေလးတဲ့ ဒီ Laptop ဟာ အားတစ္ခါသြင္းၿပီးသြားရင္ ၁၉ နာရီခြဲ ၾကာ အသုံးျပဳႏိုင္တယ္လို႔ LG က အခိုင္အမာ ႂကြားလုံးထုတ္ထားပါတယ္။

ဒီ Laptop ေတြကို LG က Consumer Electronics Show မွာ တရားဝင္ ထုတ္ေဖာ္ျပသမယ္လို႔လည္း သတင္းအခ်ိဳ႕မွာ ေဖာ္ျပၾကပါတယ္။ Best Buy ကေတာ့ ဒီ Laptop အေၾကာင္းကို မွားယြင္းစြာ တင္ခဲ့မိပုံရပါတယ္။ ျပန္မဖ်က္ခင္မွာ ေတြ႕ျမင္ခဲ့ရတဲ့ Laptop ရဲ႕ Specs ေတြက အမွန္ေတြအျဖစ္ မွတ္ယူလို႔ မရႏိုင္တဲ့ အတြက္ပါ။ ဘာပဲျဖစ္ျဖစ္ ထြက္ေပၚေနတဲ့ ေကာလာဟလေတြအရေတာ့ USB-A 3.1 သုံးေပါက္နဲ႔ USB-C တစ္ေပါက္ ပါဝင္မယ္လို႔ မွတ္ထားရပါမယ္။ ေဈးႏႈန္းကေတာ့ ($ 1,699.99) လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ျမန္မာေငြ ၂၆ သိန္း ေက်ာ္ျဖစ္ပါလိမ့္မယ္။

Ref: The Verge

[Unicode]

LG ဟာ 17-inch နဲ့ 14-inch အသီးသီးရှိကြပြီး သာမန်ထက်ပေါ့ပါးတဲ့ နောက်ဆုံးထွက် Lpatop နှစ်မျိုးကို မိတ်ဆက်ဦးမှာ ဖြစ်ပါတယ်။ ဒီနှစ်မျိုးထဲကမှ ၁၇လက်မ မျက်နှာပြင်ကျယ် Laptop ဟာ ကမ္ဘာ့အပေါ့ပါးဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီ Laptop ကို အစပိုင်းက Best Buy မှာ တင်ထားခဲ့ပေမယ့် သိပ်မကြာခင် ပြန်ဖြုတ်ချခဲ့တယ်လို့ သိရပါတယ်။

ဒီ ၁၇ လက်မ မျက်နှာပြင်အရွယ်အစားနဲ့ Laptop ဟာ အလေးချိန်အားဖြင့် ၃ ပေါင်အောက်ပဲ ရှိမယ်လို့ သိရပါတယ်။ (အလေးချိန် ၁၃၄၀ ဂရမ် ပဲရှိတယ်လို့ ဆိုပါတယ်) ဒီအလေးချိန်နဲ့ ဒီလိုမျက်နှာပြင်အရွယ်အစားဆိုတာက အတော်လေးကို ပေါ့ပါးအောင် ပြုလုပ်ထားတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် HP ဒါမှမဟုတ် Dell တို့ရဲ့ ၁၇ လက်မမျက်နှာပြင်နဲ့ Laptop တွေဆိုရင် အလေးချိန်က ဒီထက် နှစ်ဆလောက် များပါလိမ့်မယ်။ Asus VivoBook Pro ဆိုရင် ၄.၆ ပေါင်အထိ လေးလံတာပဲ ဖြစ်ပါတယ်။

LG က ဒီ Laptop ကို 8th Gen Core i7 processor (the 8565U) တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Storage ကတော့ 512GB ဖြစ်ပြီး 16GB RAM ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၁၇ လက်မအရွယ် မျက်နှာပြင်ကတော့ 2560 x 1600 resolution resolution ပါ။ လုံခြုံရေးစနစ်အဖြစ် Fingerprint Sensor လည်းပါဝင်တယ်လို့ သိရပါတယ်။ ၁၇ လက်မ မျက်နှာပြင်ကျယ်ရှိပြီး၊ ၃ ပေါင်အောက်သာလေးတဲ့ ဒီ Laptop ဟာ အားတစ်ခါသွင်းပြီးသွားရင် ၁၉ နာရီခွဲ ကြာ အသုံးပြုနိုင်တယ်လို့ LG က အခိုင်အမာ ကြွားလုံးထုတ်ထားပါတယ်။

ဒီ Laptop တွေကို LG က Consumer Electronics Show မှာ တရားဝင် ထုတ်ဖော်ပြသမယ်လို့လည်း သတင်းအချို့မှာ ဖော်ပြကြပါတယ်။ Best Buy ကတော့ ဒီ Laptop အကြောင်းကို မှားယွင်းစွာ တင်ခဲ့မိပုံရပါတယ်။ ပြန်မဖျက်ခင်မှာ တွေ့မြင်ခဲ့ရတဲ့ Laptop ရဲ့ Specs တွေက အမှန်တွေအဖြစ် မှတ်ယူလို့ မရနိုင်တဲ့ အတွက်ပါ။ ဘာပဲဖြစ်ဖြစ် ထွက်ပေါ်နေတဲ့ ကောလာဟလတွေအရတော့ USB-A 3.1 သုံးပေါက်နဲ့ USB-C တစ်ပေါက် ပါဝင်မယ်လို့ မှတ်ထားရပါမယ်။ ဈေးနှုန်းကတော့ ($ 1,699.99) လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာငွေ ၂၆ သိန်း ကျော်ဖြစ်ပါလိမ့်မယ်။

Ref: The Verge