[Zawgyi]

LG Electronics ကုမၸဏီႀကီးရဲ႕ အျခားဌာနေတြက ၿပီးခဲ့တဲ့ႏွစ္အတြက္ စံခ်ိန္တင္ အက်ိဳးအျမတ္ေတြ ရရရွိေနခ်ိန္မွာ LG Mobile ကေတာ့ အေမရိကန္ေဒၚလာ သန္း၇၀၀ အထိ ဆုံးရႈံးမႈျပခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ LG Electronics အေနနဲ႔ မိုလ္ဘိုင္းဖုန္းထုတ္လုပ္မႈလုပ္ငန္းကို ဘယ္နည္းနဲ႔မွစြန႔္ခြာသြားမွာမဟုတ္ဘူးလို႔ ကုမၸဏီရဲ႕ CEO ျဖစ္သူ Qiao Yujin က ထုတ္ျပန္ေျပာဆိုသြားခဲ့ပါတယ္။

LG Electronics ကုမၸဏီႀကီးဟာ စမတ္ဖုန္းေတြသာမကဘဲ၊ အိမ္သုံးလွ်ပ္စစ္ပစၥည္းေတြ၊ နည္းပညာသုံး ေမာ္ေတာ္ယာဥ္အစိတ္အပိုင္းေတြကိုလည္း ထုတ္လုပ္ ေရာင္းခ်ေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အျခားႏွစ္မ်ိဳးကလည္း စမတ္ဖုန္းထုတ္လုပ္ျခင္းနဲ႔ ဆက္စပ္ေနတာျဖစ္တဲ့အတြက္ စမတ္ဖုန္းလုပ္ငန္းကို ထည့္သြင္းမစဥ္းစားဘဲ မေနဘူးလို႔ Qiao က ဆိုပါတယ္။

LG Electronics အေနနဲ႔ စမတ္ဖုန္းထုတ္လုပ္ေရာင္းခ်မႈပိုင္းမွာ အျမတ္ေငြမရဘဲ ဆုံးရႈံးမႈ ႀကဳံေတြ႕ေနရတာ ၿပီးခဲ့တဲ့ ႏွစ္တစ္ႏွစ္တည္းမဟုတ္ဘဲ ၄ ႏွစ္ဆက္တိုက္နီးပါးကို ႀကဳံေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ 15 Quarters ဆက္တိုက္ ဆုံးရႈံးမႈ ႀကဳံေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ LG Mobile ရဲ႕ ဆုံးရႈံးမႈဟာ အေမရိကန္ေဒၚလာ ၁၉၂ သန္း ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။

အခုလို ေလးႏွစ္ဆက္တိုက္နီးပါး စမတ္ဖုန္းထုတ္လုပ္ေရာင္းခ်မႈမွာ အရႈံးေပၚခဲ့ေပမယ့္လည္း LG ဟာ ၂၀၁၉ ခုႏွစ္မွာ သူ႔ရဲ႕ ထုတ္ကုန္ေတြကို ေနာက္ဆုံးေပၚနည္းပညာျဖစ္တဲ့ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္ဖို႔ ႀကိဳးပမ္းအေကာင္အထည္ေဖာ္ႏိုင္ခဲ့သလို၊ ေနာက္ဆုံးေပၚစမတ္ဖုန္းတစ္မ်ိဳးျဖစ္တဲ့ Foldable စမတ္ဖုန္းကိုလည္း ထုတ္လုပ္ရာင္းခ်ဖို႔ အေကာင္အထည္ေဖာ္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

Ref: GSMArena

[Unicode]

ဘဏ္ဍာရေးအရ ဆုံးရှုံးမှုဖြစ်ပေါ်နေပေမယ့် စမတ်ဖုန်းတွေကို ဆက်လက်ထုတ်လုပ်သွားမယ်ဆိုတဲ့ LG

LG Electronics ကုမ္ပဏီကြီးရဲ့ အခြားဌာနတွေက ပြီးခဲ့တဲ့နှစ်အတွက် စံချိန်တင် အကျိုးအမြတ်တွေ ရရရှိနေချိန်မှာ LG Mobile ကတော့ အမေရိကန်ဒေါ်လာ သန်း၇၀၀ အထိ ဆုံးရှုံးမှုပြခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် LG Electronics အနေနဲ့ မိုလ်ဘိုင်းဖုန်းထုတ်လုပ်မှုလုပ်ငန်းကို ဘယ်နည်းနဲ့မှစွန့်ခွာသွားမှာမဟုတ်ဘူးလို့ ကုမ္ပဏီရဲ့ CEO ဖြစ်သူ Qiao Yujin က ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

LG Electronics ကုမ္ပဏီကြီးဟာ စမတ်ဖုန်းတွေသာမကဘဲ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ၊ နည်းပညာသုံး မော်တော်ယာဉ်အစိတ်အပိုင်းတွေကိုလည်း ထုတ်လုပ် ရောင်းချနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားနှစ်မျိုးကလည်း စမတ်ဖုန်းထုတ်လုပ်ခြင်းနဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် စမတ်ဖုန်းလုပ်ငန်းကို ထည့်သွင်းမစဉ်းစားဘဲ မနေဘူးလို့ Qiao က ဆိုပါတယ်။

LG Electronics အနေနဲ့ စမတ်ဖုန်းထုတ်လုပ်ရောင်းချမှုပိုင်းမှာ အမြတ်ငွေမရဘဲ ဆုံးရှုံးမှု ကြုံတွေ့နေရတာ ပြီးခဲ့တဲ့ နှစ်တစ်နှစ်တည်းမဟုတ်ဘဲ ၄ နှစ်ဆက်တိုက်နီးပါးကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 15 Quarters ဆက်တိုက် ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ LG Mobile ရဲ့ ဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ ၁၉၂ သန်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အခုလို လေးနှစ်ဆက်တိုက်နီးပါး စမတ်ဖုန်းထုတ်လုပ်ရောင်းချမှုမှာ အရှုံးပေါ်ခဲ့ပေမယ့်လည်း LG ဟာ ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ ထုတ်ကုန်တွေကို နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ 5G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့ ကြိုးပမ်းအကောင်အထည်ဖော်နိုင်ခဲ့သလို၊ နောက်ဆုံးပေါ်စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Foldable စမတ်ဖုန်းကိုလည်း ထုတ်လုပ်ရောင်းချဖို့ အကောင်အထည်ဖော်နိုင်ခဲ့တာကို တွေ့ရပါတယ်။

Ref: GSMArena