[Zawgyi]

LG ဟာ Second Screen ပါဝင္တဲ့ စမတ္ဖုန္းကို ထုတ္လုပ္မယ္လို႔ ဆိုပါတယ္။ ဒီသတင္းကိုေတာ့ Cnet က ေဖာ္ျပခဲ့တာပါ။ ဒုတိယမ်က္ႏွာျပင္ပါဝင္မယ့္ LG ရဲ႕ ထုတ္ကုန္နာမည္က G8 လို႔လည္း ဆိုထားပါေသးတယ္။ LG ရဲ႕ Second Screen ကေတာ့ သာမန္သမား႐ိုးက်ေတြလိုမဟုတ္ဘူးလို႔လည္း သိရပါတယ္။

စာဖတ္သူေတြအေနနဲ႔ Second Screen လို႔ေျပာလိုက္တာနဲ႔ မ်က္ႏွာျပင္ႏွစ္ခုလို႔ ျမင္ေယာင္မိၾကမယ္ထင္ပါတယ္။ LG ရဲ႕ G8 ဟာ ပုံမွန္မူလမ်က္ႏွာျပင္ကိုပဲ လိုအပ္တဲ့အခ်ိန္မွာ ပိုႀကီးသြားေအာင္ ျပဳလုပ္ေပးႏိုင္တဲ့ Second Screen ကို Option လုပ္ႏိုင္တဲ့ Attachment မ်က္ႏွာျပင္မ်ိဳးလို႔ေတာ့ သိရပါတယ္။

ဒီ Attachment ဟာ လိုအပ္လာခ်ိန္မွာ ဖုန္းနဲ႔ခ်ိတ္ဆက္အသုံးျပဳျခင္းအားျဖင့္ မူလမ်က္ႏွာျပင္ရဲ႕ ႏွစ္ဆပိုႀကီးတဲ့ မ်က္ႏွာျပင္ ျဖစ္သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဒီေတာ့ Second Screen ကို ဖုန္းကိုယ္ထည္မွာပဲ ထည့္သြင္းတည္ေဆာက္ထားမွာလား၊ ဒါမွမဟုတ္ သပ္သပ္ တည္ေဆာက္ထားေပးမွာလားဆိုတာ ဘယ္လိုမွ ခန႔္မွန္းလို႔ မရေသးဘဲ ရွိေနပါေသးတယ္။

LG အေနနဲ႔ သူတို႔ရဲ႕ Second Screen ပါတဲ့ G8 (နာမည္ကေတာ့ အၿပီးသတ္ေ႐ြးခ်ယ္ထားတာမဟုတ္လို႔ ေျပာင္းသြားႏိုင္ပါတယ္) ကို လာမယ့္ MWC (Mobile World Congress) မွာ ျပသသြားဖြယ္ရွိပါတယ္။ ဒါ့အျပင္ဒီဖုန္းဟာ Flagship line ထဲက နာမည္ေတြနဲ႔ပဲ ဆက္သြားမလား၊ ဒါမွမဟုတ္ သီးသန႔္ခြဲထြက္သြားမလားဆိုတာလည္း ေစာင့္ၾကည့္ရမွာပါ။

Ref: GSMArena

[Unicode]

ဒုတိယမြောက် မျက်နှာပြင်ပါမယ့်ဖုန်းကို ထုတ်လုပ်ဖွယ်ရှိနေတဲ့ LG

LG ဟာ Second Screen ပါဝင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ Cnet က ဖော်ပြခဲ့တာပါ။ ဒုတိယမျက်နှာပြင်ပါဝင်မယ့် LG ရဲ့ ထုတ်ကုန်နာမည်က G8 လို့လည်း ဆိုထားပါသေးတယ်။ LG ရဲ့ Second Screen ကတော့ သာမန်သမားရိုးကျတွေလိုမဟုတ်ဘူးလို့လည်း သိရပါတယ်။

စာဖတ်သူတွေအနေနဲ့ Second Screen လို့ပြောလိုက်တာနဲ့ မျက်နှာပြင်နှစ်ခုလို့ မြင်ယောင်မိကြမယ်ထင်ပါတယ်။ ဒါပေမယ့် Cnet ရဲ့ ဖော်ပြချက်အရ Foldable လိုမျိုး ဖြန့်လိုက်လို့ ပိုကြီးသွားတဲ့ ပုံစံမျိုး မဟုတ်ဘူးလို့ သိရပါတယ်။ LG ရဲ့ G8 ဟာ ပုံမှန်မူလမျက်နှာပြင်ကိုပဲ လိုအပ်တဲ့အချိန်မှာ ပိုကြီးသွားအောင် ပြုလုပ်ပေးနိုင်တဲ့ Second Screen ကို Option လုပ်နိုင်တဲ့ Attachment မျက်နှာပြင်မျိုးလို့တော့ သိရပါတယ်။

ဒီ Attachment ဟာ လိုအပ်လာချိန်မှာ ဖုန်းနဲ့ချိတ်ဆက်အသုံးပြုခြင်းအားဖြင့် မူလမျက်နှာပြင်ရဲ့ နှစ်ဆပိုကြီးတဲ့ မျက်နှာပြင် ဖြစ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီတော့ Second Screen ကို ဖုန်းကိုယ်ထည်မှာပဲ ထည့်သွင်းတည်ဆောက်ထားမှာလား၊ ဒါမှမဟုတ် သပ်သပ် တည်ဆောက်ထားပေးမှာလားဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့ မရသေးဘဲ ရှိနေပါသေးတယ်။

LG အနေနဲ့ သူတို့ရဲ့ Second Screen ပါတဲ့ G8 (နာမည်ကတော့ အပြီးသတ်ရွေးချယ်ထားတာမဟုတ်လို့ ပြောင်းသွားနိုင်ပါတယ်) ကို လာမယ့် MWC (Mobile World Congress) မှာ ပြသသွားဖွယ်ရှိပါတယ်။ ဒါ့အပြင်ဒီဖုန်းဟာ Flagship line ထဲက နာမည်တွေနဲ့ပဲ ဆက်သွားမလား၊ ဒါမှမဟုတ် သီးသန့်ခွဲထွက်သွားမလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။

Ref: GSMArena