LG ကတော့ Flagship တွေထုတ်ပြီးမရပ်သေးပါဘူး။ Mid-range ဖုန်းထဲမှာနေရာရတဲ့ Q Series လေးတစ်ခုရှိပါတယ်။ Q Series တွေက K Series တွေထက်စာရင် ပိုပြီးလူကြိုက်များပြီးတော့ အရည်အသွေးအရလည်း ပိုပြီးကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

LG G6 ထွက်ပြီးတော့ LG Q6 ဆိုပြီးထွက်လာပါသေးတယ်။ အကြမ်းအားဖြင့်တော့ Q6 လေးတွေက G6 Lite Version လေးတွေလို့ပြောလို့ရပါတယ်။ LG ကနေ အခုအချိန်မှာ LG G7 ThinQ စမတ်ဖုန်းကို ထုတ်လုပ်ပေးလိုက်ပြီဖြစ်တဲ့အတွက် Mid Range Level အနေနဲ့ LG Q7 စမတ်ဖုန်းကလည်း မကြာခင်ထွက်ရှိတော့မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီဖြစ်ပါတယ်။

အခုထွက်မယ့် Q7 ကလည်း ဒီဇိုင်းပိုင်းအရ G7 နဲ့ညီအစ်ကိုလို့ပြောလို့ရတဲ့ G7 ရဲ့ Lite Version အနေနဲ့ထွက်မှာဖြစ်တယ်လို့ သိရပါတယ်။ LG Q7 ရဲ့ Benchmark တိုင်းထားတဲ့ ပုံတစ်ချို့ Online မှာတွေ့ရလာပါတယ်။

Benchmark Score ကတော့ သိပ်ပြီးအားရစရာမရှိပေမယ့် Flagship မဟုတ်တော့ အပြစ်ပြောလို့တော့မရပါဘူး။ MediaTek Helio P10 Chipset ကိုအသုံးပြုထားမယ်လို့ သိရပါတယ်။ RAM အနေနဲ့တော့ 4 GB ပါဝင်မယ်လို့သိရပြီး Storage ကတော့ 32 GB ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ Android Oreo နဲ့လာမှာဖြစ်ပြီး ခန့်မှန်းဈေး $250 ဝန်းကျင်ရှိမယ်လို့သိရပါတယ်။

LG ရဲ့ Q Series စမတ်ဖုန်းတွေက Processing ပိုင်းအရ စွမ်းဆောင်ရည်အမြင့်ကြီးမဟုတ်ပေမယ့်လည်း Design နဲ့ Features ပိုင်းအရ အဆင့်မြင့်ဖုန်းတစ်ခုလို့ ပြောလို့ရတဲ့အတွက် အခု LG Q7 စမတ်ဖုန်းက ဘယ်လိုမျိုးထွက်ရှိလာမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။