LG Velvet စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ Hardware ဒီဇိုင်းအသားပေးမှုကိုသာ ပြောင်းလဲလာတာမဟုတ်ဘဲ Software ပိုင်း ပြောင်းလဲမှုတွေကိုပါ ခေါ်ဆောင်လာခဲ့ပါပြီ။ LG ဟာ ယခင် Flagship ဟန်းဆက်တွေအတွက်ပါ Velvet UI ကို Update ထုတ်ပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

UI အသစ်ကို စတင်ထုတ်လွှင့်ပေးနေပြီဖြစ်ပြီး တောင်ကိုရီးယားစျေးကွက်ထဲက LG V50 ThinQ တွေဟာ အရင်ဆုံး Update ရရှိသူဖြစ်ပါတယ်။ Volume Control Dialog နဲ့ In-call အချက်အလက်ပြ ဝင်းဒိုးတို့ကို ပြောင်းလဲပေးသလို Noti Bar ရဲ့ အရောင်ကိုလည်း စိတ်ကြိုက်ပြောင်းလဲနိုင်စွမ်းပါလာပါတယ်။

V50 အပြင် နောက်ထပ် Velvet UI အစောဆုံးရရှိမယ့် LG Flagship တွေကတော့ LV V50S ThinQ, G8 ThinQ, V40 ThinQ, V35 ThinQ နဲ့ G7 ThinQ တို့ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ Quick Help Survey အချက်အလက်ကောက်ယူမှု ရလဒ်အနေနဲ့ အခုလိုပြောင်းလဲခဲ့တာဖြစ်ပြီး ဖုန်းဝယ်ယူသူတွေအတွက် ကြာမြင့်စွာသုံးစွဲနိုင်ဖို့ အာမခံချက်တစ်ခုအနေနဲ့ ကိုယ်ပိုင် UI ကို အခိုင်အမာ ထုတ်လုပ်ပေးတာပါ။ နောက်ထပ် OS Update နဲ့ Security Patch တွေ ထုတ်ပေးမယ်လို့ ပြောထားပေမယ့် အချိန်စက်ဝန်းအတိအကျကိုတော့ မပြောရသေးပါဘူး။

Ref – GSMArena