Zawgyi

လက္ရွိအခ်ိန္မွာ Samsung က Mobile Device ေတြအတြက္ အေကာင္းဆံုး OLED Display ေတြကို ထုတ္ေပးေနတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ ဒါေပမယ့္ LG ကေတာ့ ယခင္တုန္းက အရည္အေသြးေကာင္းမြန္တဲ့ LCD Display ေတြကို ထုတ္ႏုိင္ခဲ့ေပမယ့္ OLED Display ထုတ္လုပ္မႈမွာေတာ့ Samsung ကို မမွီေတာ့ဘူးလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။

အဲ့ဒီအတြက္အခုအခ်ိန္မွာလည္း LG ဖုန္းအမ်ားစုက OLED Display ကို အသံုးမျပဳႏုိင္ေသးဘဲ LCD Display ကို သာအသံုးျပဳေနတာျဖစ္ပါတယ္။ ဒါ့အျပင္ LG ကေန Pixel 2XL ဖုန္းအတြက္ OLED Display ကို ေထာက္ပံ့ေပးတုန္းကလည္း Display ပိုင္းမွာ ျပႆနာေတြၾကံဳေတြ႕ခဲ့ရဖူးပါေသးတယ္။

အဲ့ဒါေၾကာင့္ LG ကေန OLED Display ထုတ္လုပ္မႈကို လက္ေလွ်ာ႔ေတာ့မယ့္ပံုပါပဲ။ ဘာေၾကာင့္လည္းဆုိရင္ ေနာက္ထုတ္သြားမယ့္ LG စမတ္ဖုန္းေတြအတြက္ OLED Display ကို ကုိယ္တုိင္ထုတ္ဖုိ႔ ၾကိဳးစားေတာ့မွာမဟုတ္ဘဲ တရုတ္ Display ထုတ္လုပ္သူတစ္ေယာက္ျဖစ္တဲ့ BOE ကို အပ္လုိက္ေတာ့မွာပါ။ ယခင္တုန္းကလည္း Huawei ကေန BOE ကိုပဲ OLED Display ေတြအတြက္ အားကိုးခဲ့တာျဖစ္ျပီး အခုအခ်ိန္မွာေတာ့ LG ပါ ပါဝင္လာတာပဲျဖစ္ပါတယ္။

အခုလုိမ်ိဳး LG အေနနဲ႔ BOE Display ေတြကို အသံုးျပဳေတာ့မွာ ကုမၸဏီအတြက္ စရိတ္ေလ်ာ႔ခ်မႈတစ္ခုလည္းျဖစ္ျပီးေတာ့ အခုအခ်ိန္မွာဆုိရင္ LG ရဲ႕ OLED Panel ထုတ္လုပ္မႈေတြက တျဖည္းျဖည္းပိုျပီး ေသးငယ္ေနျပီျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ LG ကေတာ့ OLED Display ေတြကို Smart TV ေတြအတြက္ပဲ အာရုံစုိက္သြားမယ့္ပံုစံပါပဲ။

Ref – Gizmo China

Unicode

လက်ရှိအချိန်မှာ Samsung က Mobile Device တွေအတွက် အကောင်းဆုံး OLED Display တွေကို ထုတ်ပေးနေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် LG ကတော့ ယခင်တုန်းက အရည်အသွေးကောင်းမွန်တဲ့ lCD Display တွေကို ထုတ်နိုင်ခဲ့ပေမယ့် OLED Display ထုတ်လုပ်မှုမှာတော့ Samsung ကို မမှီတော့ဘူးလို့တောင် ပြောလို့ရပါတယ်။

အဲ့ဒီအတွက်အခုအချိန်မှာလည်း LG ဖုန်းအများစုက OLED Display ကို အသုံးမပြုနိုင်သေးဘဲ LCD Display ကို သာအသုံးပြုနေတာဖြစ်ပါတယ်။ ဒါ့အပြင် LG ကနေ Pixel 2XL ဖုန်းအတွက် OLED Display ကို ထောက်ပံ့ပေးတုန်းကလည်း Display ပိုင်းမှာ ပြဿနာတွေကြုံတွေ့ခဲ့ရဖူးပါသေးတယ်။

အဲ့ဒါကြောင့် LG ကနေ OLED Display ထုတ်လုပ်မှုကို လက်လျှော့တော့မယ့်ပုံပါပဲ။ ဘာကြောင့်လည်းဆိုရင် နောက်ထုတ်သွားမယ့် LG စမတ်ဖုန်းတွေအတွက် OLED Display ကို ကိုယ်တိုင်ထုတ်ဖို့ ကြိုးစားတော့မှာမဟုတ်ဘဲ တရုတ် Display ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ BOE ကို အပ်လိုက်တော့မှာပါ။ ယခင်တုန်းကလည်း Huawei ကနေ BOE ကိုပဲ OLED Display တွေအတွက် အားကိုးခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ LG ပါ ပါဝင်လာတာပဲဖြစ်ပါတယ်။

အခုလိုမျိုး LG အနေနဲ့ BOE Display တွေကို အသုံးပြုတော့မှာ ကုမ္ပဏီအတွက် စရိတ်လျော့ချမှုတစ်ခုလည်းဖြစ်ပြီးတော့ အခုအချိန်မှာဆိုရင် LG ရဲ့ OLED Panel ထုတ်လုပ်မှုတွေက တဖြည်းဖြည်းပိုပြီး သေးငယ်နေပြီဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် LG ကတော့ OLED Display တွေကို Smart TV တွေအတွက်ပဲ အာရုံစိုက်သွားမယ့်ပုံစံပါပဲ။

Ref – Gizmo China