LG ရဲ့ ဒီဇိုင်း ခပ်ဆန်းဆန်း စမတ်ဖုန်း အသစ် ၁ လုံးကို အောက်တိုဘာလ ၅ ရက်နေ့မှာ ရောင်းချနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ နာမည်ဟာ LG Wing လို့ ကုမ္ပဏီက အတည်ပြုထားပြီးပါပြီ။ စမတ်ဖုန်း လောကထဲမှာ ထဲထဲဝင်ဝင် ကျင်လည်နေသူတွေရဲ့ သတင်းတွေအရ LG ဟာ Wing ကို စက်တင်ဘာလ ၂၅ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး နောက် ၁၀ ရက်လောက် အကြာကျမှ ရောင်းချမယ်လို့ သတင်းပေးလိုက်ပါတယ်။

LG က Wing ရဲ့ သတင်းအချက်အလက် တချို့ကို  စက်တင်ဘာလ ၁၄ ရက်နေ့ ပြောပြမှာ ဖြစ်ပါတယ်။  မကြာခင်က  LG Wing ရဲ့ တရားဝင် ဓါတ်ပုံတွေကို Evan Blass က မျှဝေထားဖူးပြီး စမတ်ဖုန်း ဒီဇိုင်းကို လေ့လာခွင့်ရခဲ့ပါတယ်။  ဒါ့အပြင် Hands-on ဓါတ်ပုံတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။

LG Wing မှာ ၆.၈ လက်မ ပင်မ မျက်နှာပြင်နဲ့ ၄ လက်မ အပို မျက်နှာပြင် ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ SoC က Snapdragon 765G ဖြစ်ပြီး 8GB RAM နဲ့ တွဲဖက်ထားမှာပါ။ အစောပိုင်း ခန့်မှန်းတွက်ချက်ထားချက်တွေအရ ဒေါ်လာ ၁,၆၀၀ ကျော်နဲ့ ရောင်းမယ်လို့ သိရတဲ့အတွက် မြန်မာငွေ ၂၁ သိန်းကျော်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ရောင်းနိုင်တဲ့ဈေးက အဲဒီထက်ဝက်လောက်ပဲ ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

အဲဒီ ဖုန်းကို User အနည်းငယ်နဲ့ ၄ ပတ်ကြာစမ်းသပ်ပြီးနောက် တရားဝင် Teaser ၁ ခုကို မျှဝေမယ်လို့ LG က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။ ဒါပြီးရင်တော့ တရားဝင် ကြေညာတော့မှာပါ။ LG ဟာ ဒီနှစ် အစောပိုင်းက ကြေညာခဲ့တဲ့ Velvet ကိုလည်း အဲဒီအစီအစဉ်တွေ အတိုင်း ပြုလုပ်ခဲ့ပါတယ်။

Ref : gsmarena