[Zawgyi]

LG ဟာ လာမယ့္ MWC 2019 မွာ သူတို႔ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းကို မိတ္ဆက္ျပသြားမယ္လို႔ အတည္ျပဳခဲ့ၿပီ ျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ ဒီ 5G စမတ္ဖုန္းဟာ Snapdragon 855 chipset, 4,000 mAh ဘက္ထရီ အသုံးျပဳထားမယ္လို႔လည္း သိရပါတယ္။

ETNews ကေတာ့ LG ရဲ႕ 5G စမတ္ဖုန္းဟာ V50 ThinQ 5G ျဖစ္မယ္လို႔ယုံၾကည္ေၾကာင္း အခိုင္အမာ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒီဖုန္းအေၾကာင္း လူေျပာမ်ားေပမယ့္ အခုအခ်ိန္ထိ ေသခ်ာဂဃနဏ မေျပာႏိုင္ၾကေသးတာကလည္း အသည္းယားစရာပါ။ ဒါ့အျပင္ ေဖေဖာ္ဝါရီ လကုန္ပိုင္းမွာ မိတ္ဆက္မွာျဖစ္ေပမယ့္ မတ္လဆန္းမွာ ခ်က္ခ်င္း ဝယ္ႏိုင္ဖို႔ကေတာ့ မေသခ်ာေသးတဲ့ ပုံပါပဲ။

LG ကေတာ့ သူတို႔ရဲ႕ 5G စမတ္ဖုန္းကို အေမရိကန္နဲ႔ ဥေရာပေဈးကြက္ေတြမွာ ျဖန႔္ခ်ိသြားမယ္လို႔ ဆိုပါတယ္။ ကိုရီးယားမွာ ေရာင္းခ်မယ့္ေဈးႏႈန္းက ဝမ္ ၁.၃ သန္းနဲ႔ ဝမ္ ၁.၅ သန္း ျဖစ္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အေမရိကန္ေဒၚလာနဲ႔ဆိုရင္ေတာ့ $1,165 (ျမန္မာေငြ ၁၇ သိန္း ၆ ေသာင္းေက်ာ္) နဲ႔ $1,354 (ျမန္မာေငြ သိန္း ၂၀ ေက်ာ္) ျဖစ္ပါလိမ့္မယ္။ ဒီႏႈန္းထားပမာဏကို Sprint ကလည္း အတည္ျပဳေပးလိုက္ၿပီလို႔ သိရပါတယ္။

LG ရဲ႕ 5G စမတ္ဖုန္းဟာ သာမန္ Heat Pipe အစား Gaming ဖုန္းေတြမွာ အသုံးျပဳေလ့ရွိတဲ့ Vapor Chamber ကို အသုံးျပဳထားမယ္လို႔လည္း သိရပါတယ္။ အပူလြန္ကဲမႈ ျပႆနာမျဖစ္ေစတဲ့ ဒီစနစ္ကိုသုံးထားတဲ့ 5G စမတ္ဖုန္းဟာ 5G နည္းပညာအတြက္ အထူးသီးသန႔္ ျပင္ဆင္ထုတ္လုပ္ထားတယ္ဆိုေတာ့ ပိုၿပီးေတာ့ စိတ္ဝင္စားစရာ ေကာင္းေနပါေတာ့တယ္။

Ref: Phone Arena

[Unicode]

LG ရဲ့ 5G စမတ်ဖုန်းဟာ သိန်း၂၀ ကျော်တန်ဖိုးရှိမယ်လို့ သတင်းထွက်လာ

LG ဟာ လာမယ့် MWC 2019 မှာ သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို မိတ်ဆက်ပြသွားမယ်လို့ အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီ 5G စမတ်ဖုန်းဟာ Snapdragon 855 chipset, 4,000 mAh ဘက်ထရီ အသုံးပြုထားမယ်လို့လည်း သိရပါတယ်။

ETNews ကတော့ LG ရဲ့ 5G စမတ်ဖုန်းဟာ V50 ThinQ 5G ဖြစ်မယ်လို့ယုံကြည်ကြောင်း အခိုင်အမာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဖုန်းအကြောင်း လူပြောများပေမယ့် အခုအချိန်ထိ သေချာဂဃနဏ မပြောနိုင်ကြသေးတာကလည်း အသည်းယားစရာပါ။ ဒါ့အပြင် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ မိတ်ဆက်မှာဖြစ်ပေမယ့် မတ်လဆန်းမှာ ချက်ချင်း ဝယ်နိုင်ဖို့ကတော့ မသေချာသေးတဲ့ ပုံပါပဲ။

LG ကတော့ သူတို့ရဲ့ 5G စမတ်ဖုန်းကို အမေရိကန်နဲ့ ဥရောပဈေးကွက်တွေမှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ ကိုရီးယားမှာ ရောင်းချမယ့်ဈေးနှုန်းက ဝမ် ၁.၃ သန်းနဲ့ ဝမ် ၁.၅ သန်း ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင်တော့ $1,165 (မြန်မာငွေ ၁၇ သိန်း ၆ သောင်းကျော်) နဲ့ $1,354 (မြန်မာငွေ သိန်း ၂၀ ကျော်) ဖြစ်ပါလိမ့်မယ်။ ဒီနှုန်းထားပမာဏကို Sprint ကလည်း အတည်ပြုပေးလိုက်ပြီလို့ သိရပါတယ်။

LG ရဲ့ 5G စမတ်ဖုန်းဟာ သာမန် Heat Pipe အစား Gaming ဖုန်းတွေမှာ အသုံးပြုလေ့ရှိတဲ့ Vapor Chamber ကို အသုံးပြုထားမယ်လို့လည်း သိရပါတယ်။ အပူလွန်ကဲမှု ပြဿနာမဖြစ်စေတဲ့ ဒီစနစ်ကိုသုံးထားတဲ့ 5G စမတ်ဖုန်းဟာ 5G နည်းပညာအတွက် အထူးသီးသန့် ပြင်ဆင်ထုတ်လုပ်ထားတယ်ဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းနေပါတော့တယ်။

Ref: Phone Arena