[Zawgyi]

LG ဟာ သူတို႔ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းကို MWC 2019 မွာ မိတ္ဆက္မယ္လို႔ တရားဝင္ အတည္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။ ဒီ 5G စမတ္ဖုန္းဟာ V50 ThinQ ဆိုတာကိုလည္း ေပါက္ၾကားမႈေပါင္းမ်ားစြာအရ ေသခ်ာသိရွိေနၿပီး သားျဖစ္ပါတယ္။ ဒါေပမယ့္ V50 ThinQ ရဲ႕ ပုံစံက ဘယ္လိုလဲဆိုတာကိုေတာ့ ေသခ်ာေျပာဖို႔ ခက္ေနခဲ့ပါတယ္။

ေပါက္ၾကားသတင္းေတြနဲ႔ပတ္သက္ရင္ Evan Blass က ျမန္လည္းျမန္၊ မွန္လည္းမွန္တဲ့ Leakster တစ္ဦးပါ။ ၿပီးခဲ့တဲ့ရက္က Evan ဟာ သူ႔ရဲ႕တြစ္တာအေကာင့္မွာ V50 ThinQ ဖုန္းပုံကို တင္လိုက္ပါတယ္။ ဒီပုံမွာေတာ့ V50 ThinQ ရဲ႕ ပုံစံအမွန္ကို အနီးစပ္ဆုံး ျမင္ေတြ႕လိုက္ရၿပီ လို႔ယူဆရပါတယ္။

ေပါက္ၾကားလာတဲ့ပုံရဲ႕ မ်က္ႏွာျပင္မွာ SUN,FEBURARY,24 လို႔လည္း ေတြ႕ျမင္ရတာေၾကာင့္ ဒါဟာ လာမယ့္ MWC ပြဲမွာ ျပသဖို႔ သတ္မွတ္ရက္ပဲလို႔ ေျပာႏိုင္ပါတယ္။ ေနာက္ဆက္တြဲ ဂယက္႐ိုက္သြားတာကေတာ့ Sprint နဲ႔ လက္တြဲၿပီး ထြက္လာတဲ့ ဒီ 5G ဖုန္းရဲ႕ မ်က္ႏွာျပင္နဲ႔ ေက်ာျပင္ကပုံစံေတြေၾကာင့္ပါပဲ။

V50 ThinQ ဟာ Snapdragon 855 chipset ကို အသုံးျပဳထားၿပီး 4,000mAh ဘက္ထရီကို ထည့္သြင္းေပးထားမယ္လို႔ ေကာလာဟလေတြ ထြက္ခဲ့ၿပီးသားပါ။ ဒါ့အျပင္ အပူလြန္ကဲမႈျပႆနာ မျဖစ္ေစဖို႔ Vapor Chamber ကိုအသုံးျပဳထားတဲ့အေၾကာင္းလည္း ထြက္ေပၚၿပီးသားပါ။ အခု ေတြ႕ျမင္ရတဲ့ ႐ုပ္ပုံအရဆိုရရင္ေတာ့ Under Display Fingerprint ပါဝင္ဦးမွာမဟုတ္သလို Notch လည္း ေပ်ာက္ဦးမွာ မဟုတ္ေသးပါဘူး။

Evan Blass တင္ထားတဲ့ V50 ThinQ ပုံဟာ V40 ႐ုပ္ပုံကို ျပဳျပင္ၿပီး 5G logo တပ္ထားသလားလို႔ သံသယျဖစ္ရတဲ့ အေနအထားပါ။ ထြက္ေပၚထားတဲ့သတင္းေတြအရဆိုရင္ေတာ့ V50 ThinQ ဟာ ျမန္မာေငြ ၁၇ သိန္း ၆ ေသာင္းေက်ာ္နဲ႔ သိန္း ၂၀ ေက်ာ္ အသီးသီး တန္ေၾကးရွိတဲ့ အမ်ိဳးအစားေတြျဖစ္တယ္လို႔ သိထားရတာပါ။ ဒီႏႈန္းထားေတြကို Sprint ကလည္း အတည္ျပဳၿပီးသား ျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိထြက္ေပၚလာတဲ့ ႐ုပ္ပုံနဲ႔ပတ္သက္ၿပီး အတည္ယူဖို႔ ေစာေသးတယ္လို႔ပဲ ေကာက္ခ်က္ခ်ရပါတယ္။

Ref: The Verge

[Unicode]

LG ရဲ့ ပထမဆုံး 5G စမတ်ဖုန်း V50 ThinQ ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ မြင်တွေ့ရတော့မယ်

LG ဟာ သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို MWC 2019 မှာ မိတ်ဆက်မယ်လို့ တရားဝင် အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒီ 5G စမတ်ဖုန်းဟာ V50 ThinQ ဆိုတာကိုလည်း ပေါက်ကြားမှုပေါင်းများစွာအရ သေချာသိရှိနေပြီး သားဖြစ်ပါတယ်။ ဒါပေမယ့် V50 ThinQ ရဲ့ ပုံစံက ဘယ်လိုလဲဆိုတာကိုတော့ သေချာပြောဖို့ ခက်နေခဲ့ပါတယ်။

ပေါက်ကြားသတင်းတွေနဲ့ပတ်သက်ရင် Evan Blass က မြန်လည်းမြန်၊ မှန်လည်းမှန်တဲ့ Leakster တစ်ဦးပါ။ ပြီးခဲ့တဲ့ရက်က Evan ဟာ သူ့ရဲ့တွစ်တာအကောင့်မှာ V50 ThinQ ဖုန်းပုံကို တင်လိုက်ပါတယ်။ ဒီပုံမှာတော့ V50 ThinQ ရဲ့ ပုံစံအမှန်ကို အနီးစပ်ဆုံး မြင်တွေ့လိုက်ရပြီ လို့ယူဆရပါတယ်။

ပေါက်ကြားလာတဲ့ပုံရဲ့ မျက်နှာပြင်မှာ SUN,FEBURARY,24 လို့လည်း တွေ့မြင်ရတာကြောင့် ဒါဟာ လာမယ့် MWC ပွဲမှာ ပြသဖို့ သတ်မှတ်ရက်ပဲလို့ ပြောနိုင်ပါတယ်။ နောက်ဆက်တွဲ ဂယက်ရိုက်သွားတာကတော့ Sprint နဲ့ လက်တွဲပြီး ထွက်လာတဲ့ ဒီ 5G ဖုန်းရဲ့ မျက်နှာပြင်နဲ့ ကျောပြင်ကပုံစံတွေကြောင့်ပါပဲ။

V50 ThinQ ဟာ Snapdragon 855 chipset ကို အသုံးပြုထားပြီး 4,000mAh ဘက်ထရီကို ထည့်သွင်းပေးထားမယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပြီးသားပါ။ ဒါ့အပြင် အပူလွန်ကဲမှုပြဿနာ မဖြစ်စေဖို့ Vapor Chamber ကိုအသုံးပြုထားတဲ့အကြောင်းလည်း ထွက်ပေါ်ပြီးသားပါ။ အခု တွေ့မြင်ရတဲ့ ရုပ်ပုံအရဆိုရရင်တော့ Under Display Fingerprint ပါဝင်ဦးမှာမဟုတ်သလို Notch လည်း ပျောက်ဦးမှာ မဟုတ်သေးပါဘူး။

Evan Blass တင်ထားတဲ့ V50 ThinQ ပုံဟာ V40 ရုပ်ပုံကို ပြုပြင်ပြီး 5G logo တပ်ထားသလားလို့ သံသယဖြစ်ရတဲ့ အနေအထားပါ။ ထွက်ပေါ်ထားတဲ့သတင်းတွေအရဆိုရင်တော့ V50 ThinQ ဟာ မြန်မာငွေ ၁၇ သိန်း ၆ သောင်းကျော်နဲ့ သိန်း ၂၀ ကျော် အသီးသီး တန်ကြေးရှိတဲ့ အမျိုးအစားတွေဖြစ်တယ်လို့ သိထားရတာပါ။ ဒီနှုန်းထားတွေကို Sprint ကလည်း အတည်ပြုပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိထွက်ပေါ်လာတဲ့ ရုပ်ပုံနဲ့ပတ်သက်ပြီး အတည်ယူဖို့ စောသေးတယ်လို့ပဲ ကောက်ချက်ချရပါတယ်။

Ref: The Verge