LG က TWS နားကြပ်အသစ်ကို ချပြလိုက်ပြီး မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။ မော်ဒယ်နံပါတ် HBS-FN4 နဲ့ HBS-FN6 တို့ ဖြစ်ပြီး ဒုတိယမော်ဒယ်မှာ အလိုလို သန့်ရှင်းရေး လုပ်ပေးနိုင်တဲ့ Charging Case ပါတာက ကမ္ဘာ့ ပထမဆုံး ဖြစ်ပါတယ်။ LG ရဲ့ UVnano နည်းပညာကို သုံးပြီး အားသွင်းနေချိန်မှာ ဘက်တီးရီးယားတွေကို သတ်ပေးနိုင်ပါတယ်။ UVnano ဟာ  UV Light ကနေ ဆီလီကွန်ထိပ်ဖူးနဲ့ အတွင်းပိုင်းကို သန့်ရှင်းစေပြီး LG က E. Coli နဲ့ S. Aureus 2 ၉၉.၉ ရာခိုင်နှုန်းကို သတ်ပေးနိုင်တယ်လို့ ပြောပါတယ်။ ဒီနားကြပ်တွေရဲ့ ဒီဇိုင်းဟာ LG ရဲ့ ပထမမျိုးဆက် TWS နားကြပ်ဖြစ်တဲ့ TONE+ Free ထက် ပိုလန်းလာပါတယ်။

နားကြပ်အသစ်တွေမှာ Meridian Audio ပါလာပြီး LG က Meridian’s HPS (Headphone Spatial Processing) နည်းပညာကြောင့် သဘာဝကျတဲ့ အသံအရည်အသွေးကို ခံစားရမယ်လို့ ပြောပါတယ်။ နားကြပ်ဟာ In-ear ဒီဇိုင်း ဖြစ်တဲ့အတွက် သက်တောင့်သက်သာရှိပါတယ်။

မော်ဒယ် ၂ ခုစလုံးမှာ EQ Presets ၄ ခုပါလာပြီး Natural, Immersive, Bass Boost နဲ့ Treble Boost တွေ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ကားဟွန်းတီးသံ၊ ဘူတာရုံ၊ လေဆိပ်က အသိပေးကြေညာချက်တွေကို  နားကြပ်ဝတ်ထားရင်တောင် ကြားရစေတဲ့ Ambient Sound Mode ထည့်ထားပါတယ်။ ဘက်ထရီ သက်တမ်းက ၆ နာရီ ဖြစ်ပြီး လျှင်မြန်တဲ့ အားသွင်းစနစ်ကြောင့် ၅ မိနစ် အားသွင်းရင် ၁ နာရီ သီချင်းနားထောင်နိုင်ပါတယ်။ Charging Case မှာလည်း အပိုဘက်ထရီပါပြီး စုစုပေါင်း ဘက်ထရီ သက်တမ်းက ၁၈ နာရီခံပါတယ်။  Stylish Black နဲ့ Modern White ၂ ရောင် ထုတ်လုပ်ထားပြီး နောက်လမှာ EU နဲ့ US မှာ ရောင်းမှာပါ။

Ref : gsmarena