[Zawgyi]

LG က Samsung Galaxy Fold နဲ႔ Huawei Mate X တို႔လို ေခါက္ခ်ိဳး စမတ္ဖုန္း ထုတ္မယ့္ သတင္းေတာ့ မထြက္လာေသးပါဘူး။ LG က ေခါက္ခ်ိဳး Display  အစား Display မ်ားစြာ ပါတဲ့ ဖုန္းကို ဖန္တီးေနပါတယ္။ LG က သူ ေနာက္ထုတ္မယ့္ စြမ္းရည္ျမင့္ ဖုန္းရဲ႕ Teaser Video ၁ ခုကို မွ်ေ၀လိုက္ပါတယ္။ အဲဒီ ဖုန္းမွာ Display ၃ ခုေတာင္ ပါပါတယ္။ အရြယ္ႀကီး Display ၂ ခုကို စာအုပ္လို ေခါက္ခ်ိဳး သံုးႏိုင္ၿပီး အရြယ္ေသး Display ၁ ခုကို Display အႀကီး ၁ ခုရဲ႕ အထက္မွာ ထည့္သြင္းထားပါတယ္။ အဲဒီ ဖုန္းကို စက္တင္ဘာလ ၆ ရက္ေန႔မွာ ျပဳလုပ္မယ့္ IFA ပြဲမွာ ေၾကညာမွာ ျဖစ္ပါတယ္။

LG က  Display ပါတဲ့ Accessory ၁ ခုနဲ႔ ခ်ိတ္ဆက္သံုးႏုိင္တဲ့ V50 ကို ေဖေဖာ္၀ါရီလက က်င္းပခဲ့တဲ့  MWC မွာ မိတ္ဆက္ခဲ့ဖူးပါတယ္။ အခု Teaser Video က ဖုန္းဟာလည္း အလားတူ ဖုန္းမ်ိဳး ျဖစ္ႏုိင္ပါတယ္။ Display ၁ ခုထဲ ပါတဲ့ ဖုန္းကို Display ၂ ခုပါတဲ့ Accessory နဲ႔ ခ်ိတ္ဆက္ထားတာ ျဖစ္ႏုိင္ပါတယ္။ အဲဒီ ဖုန္းဟာ V60 လို႔ ထင္ရပါတယ္။

LG V50

Samsung Galaxy Fold နဲ႔ Huawei Mate X တို႔ဟာ ေခါက္ခ်ိဳး Display ပါတဲ့ ပထမဆံုး ဖုန္းေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ ေခါက္ခ်ိဳး Display  နည္းပညာဟာ အေစာပုိင္း အဆင့္မွာသာ ရွိေသးတဲ့ အတြက္ အားနည္းခ်က္ေတြ ရွိေနပါေသးတယ္။ Samsung Galaxy Fold နဲ႔ Huawei Mate တို႔ဟာ ျပႆနာေတြရွိေနတဲ့ အတြက္ ေရာင္းခ်မယ့္ အခ်ိန္ကို ေနာက္ဆုတ္ခဲ့ရပါတယ္။ အဲဒီအတြက္ LG က ေခါက္ခ်ိဳး ဖုန္း မထုတ္ဘဲ Display မ်ားစြာပါတဲ့ ဖုန္းနဲ႔ သံုးစြဲသူေတြကို စြဲေဆာင္တာ ျဖစ္ႏုိင္ပါတယ္။

Display မ်ားစြာ ပါတဲ့ ဖုန္းဟာ Productivity အပိုင္းမွာ ပိုေကာင္းမွာ ျဖစ္သလို ေခါက္ခ်ိဳး Display ေတြလို ၾကံ႕ခုိင္မႈ အပိုင္းမွာ စိတ္ပူစရာ မလိုပါဘူး။ IFA ပြဲမွာ LG ရဲ႕ ဆန္းသစ္တဲ့ စမတ္ဖုန္းကို ရင္ခုန္ေစာင့္စားရမွာ ျဖစ္ပါတယ္။

Ref : tnw

[Unicode]

Display ၃ ခု ပါတဲ့ ဖုန်းကို မိတ်ဆက်တော့မယ့် LG

LG က Samsung Galaxy Fold နဲ့ Huawei Mate X တို့လို ခေါက်ချိုး စမတ်ဖုန်း ထုတ်မယ့် သတင်းတော့ မထွက်လာသေးပါဘူး။ LG က ခေါက်ချိုး Display အစား Display များစွာ ပါတဲ့ ဖုန်းကို ဖန်တီးနေပါတယ်။ LG က သူ နောက်ထုတ်မယ့် စွမ်းရည်မြင့် ဖုန်းရဲ့ Teaser Video ၁ ခုကို မျှဝေလိုက်ပါတယ်။ အဲဒီ ဖုန်းမှာ Display ၃ ခုတောင် ပါပါတယ်။ အရွယ်ကြီး Display ၂ ခုကို စာအုပ်လို ခေါက်ချိုး သုံးနိုင်ပြီး အရွယ်သေး Display ၁ ခုကို Display အကြီး ၁ ခုရဲ့ အထက်မှာ ထည့်သွင်းထားပါတယ်။ အဲဒီ ဖုန်းကို စက်တင်ဘာလ ၆ ရက်နေ့မှာ ပြုလုပ်မယ့် IFA ပွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။

LG က Display ပါတဲ့ Accessory ၁ ခုနဲ့ ချိတ်ဆက်သုံးနိုင်တဲ့ V50 ကို ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ MWC မှာ မိတ်ဆက်ခဲ့ဖူးပါတယ်။ အခု Teaser Video က ဖုန်းဟာလည်း အလားတူ ဖုန်းမျိုး ဖြစ်နိုင်ပါတယ်။ Display ၁ ခုထဲ ပါတဲ့ ဖုန်းကို Display ၂ ခုပါတဲ့ Accessory နဲ့ ချိတ်ဆက်ထားတာ ဖြစ်နိုင်ပါတယ်။ အဲဒီ ဖုန်းဟာ V60 လို့ ထင်ရပါတယ်။

LG V50

Samsung Galaxy Fold နဲ့ Huawei Mate X တို့ဟာ ခေါက်ချိုး Display ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ခေါက်ချိုး Display နည်းပညာဟာ အစောပိုင်း အဆင့်မှာသာ ရှိသေးတဲ့ အတွက် အားနည်းချက်တွေ ရှိနေပါသေးတယ်။ Samsung Galaxy Fold နဲ့ Huawei Mate တို့ဟာ ပြဿနာတွေရှိနေတဲ့ အတွက် ရောင်းချမယ့် အချိန်ကို နောက်ဆုတ်ခဲ့ရပါတယ်။ အဲဒီအတွက် LG က ခေါက်ချိုး ဖုန်း မထုတ်ဘဲ Display များစွာပါတဲ့ ဖုန်းနဲ့ သုံးစွဲသူတွေကို စွဲဆောင်တာ ဖြစ်နိုင်ပါတယ်။

Display များစွာ ပါတဲ့ ဖုန်းဟာ Productivity အပိုင်းမှာ ပိုကောင်းမှာ ဖြစ်သလို ခေါက်ချိုး Display တွေလို ကြံ့ခိုင်မှု အပိုင်းမှာ စိတ်ပူစရာ မလိုပါဘူး။ IFA ပွဲမှာ LG ရဲ့ ဆန်းသစ်တဲ့ စမတ်ဖုန်းကို ရင်ခုန်စောင့်စားရမှာ ဖြစ်ပါတယ်။

Ref : tnw