[Zawgyi]

LG က ေခါက္လိပ္ႏိုင္တဲ့ စမတ္ဖုန္း ဒီဇိုင္းကို ဖန္တီးေနပါတယ္။ လက္ရွိမွာ LG က ေခါက္ခ်ိဳး စမတ္ဖုန္းကို မျပသေသးေပမယ့္ ကုမၸဏီရဲ႕ အေရွ႕နဲ႔ အေနာက္ကို ေခါက္ခ်ိဳးႏိုင္တဲ့ အဆင့္ျမင့္ မ်က္ႏွာျပင္ နည္းပညာကို ျမင္လာရပါၿပီ။

ဒီလ အေစာပိုင္းက LG ဟာ ေခါက္လိပ္ႏုိင္တဲ့ စမတ္ဖုန္း Patent ၁ ခုကို မွတ္ပံုတင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁ ႏွစ္က မွတ္ပံုတင္ထားတဲ့ ေခါက္လိပ္ႏုိင္တဲ့ ဒစ္ဂ်စ္တယ္ ေဘာပင္ ဖုန္းနဲ႔ ဒီဇိုင္း ကြဲျပားပါတယ္။ မွတ္ပံုတင္ထားတဲ့ ဓါတ္ပံုေတြအရ Hinges ၂ ခု ပါမွာ ျဖစ္ၿပီး အေရွ႕နဲ႔ အေနာက္ကို ေခါက္ခ်ိဳးႏိုင္မွာ ျဖစ္ပါတယ္။ ဖုန္း ပတ္ပတ္လည္မွာ မ်က္ႏွာျပင္ အျပည့္ကို အသံုးျပဳႏုိင္မယ့္ ဒီဇိုင္း ျဖစ္ပါတယ္။ Patent က ဒီဇို္င္းကို ပံုေဖာ္ထားတဲ့ ဓါတ္ပံုေတြကို ေအာက္မွာ ေလ့လာပါ။

အဲဒီ Patent ကို WIPO (World Intellectual Property Organization) နဲ႔ CNIPA (China National Intellectual Property Administration) မွာ မွတ္ပံုတင္ထားပါတယ္။ ဖုန္း ဒီဇိုင္းက အရမ္းလန္းၿပီး မ်က္ႏွာျပင္မွာျခစ္ရာေတြ မထင္ေစခ်င္ရင္ ဖုန္းကို အတြင္းဘက္ကို ေခါက္ခ်ိဳးႏုိင္ပါတယ္။ လက္ရွိမွာေတာ့ Patent ၁ ခု အဆင့္သာရွိေသးၿပီး LG က အဲဒီ ဖုန္းကို တကယ္ ထုတ္လုပ္မလားဆိုတာ မေသခ်ာေသးပါဘူး။ တကယ္ေရာင္းမယ္ဆိုရင္ေတာင္ ဖန္တီးဖို႔ ၁ ႏွစ္ေလာက္ အခ်ိန္ယူရဦးမွာ ျဖစ္ပါတယ္။

ေသခ်ာတာ ၁ ခုကေတာ့ LG ဟာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ဖန္တီးေနတယ္ဆိုတာပါ။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ LG ဟာ Naver နဲ႔ ပူးေပါင္းၿပီး မ်ိဴးဆက္သစ္ စမတ္ဖုန္းအတြက္ Whale Browser ကို ဖန္တီးေနတဲ့ သတင္းထြက္ခဲ့ပါတယ္။ LG က IFA 2019 မွာ မ်ိဴးဆက္သစ္ စမတ္ဖုန္းကို ေၾကညာမယ္လို႔ ထင္ပါတယ္။

Ref : gsmarena

[Unicode]

LG ရဲ့ ခေါက်လိပ်နိုင်တဲ့ စမတ်ဖုန်းရဲ့ 3D Images တွေ ထွက်ပေါ်လာ

LG က ခေါက်လိပ်နိုင်တဲ့ စမတ်ဖုန်း ဒီဇိုင်းကို ဖန်တီးနေပါတယ်။ လက်ရှိမှာ LG က ခေါက်ချိုး စမတ်ဖုန်းကို မပြသသေးပေမယ့် ကုမ္ပဏီရဲ့ အရှေ့နဲ့ အနောက်ကို ခေါက်ချိုးနိုင်တဲ့ အဆင့်မြင့် မျက်နှာပြင် နည်းပညာကို မြင်လာရပါပြီ။

ဒီလ အစောပိုင်းက LG ဟာ ခေါက်လိပ်နိုင်တဲ့ စမတ်ဖုန်း Patent ၁ ခုကို မှတ်ပုံတင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်က မှတ်ပုံတင်ထားတဲ့ ခေါက်လိပ်နိုင်တဲ့ ဒစ်ဂျစ်တယ် ဘောပင် ဖုန်းနဲ့ ဒီဇိုင်း ကွဲပြားပါတယ်။ မှတ်ပုံတင်ထားတဲ့ ဓါတ်ပုံတွေအရ Hinges ၂ ခု ပါမှာ ဖြစ်ပြီး အရှေ့နဲ့ အနောက်ကို ခေါက်ချိုးနိုင်မှာ ဖြစ်ပါတယ်။ ဖုန်း ပတ်ပတ်လည်မှာ မျက်နှာပြင် အပြည့်ကို အသုံးပြုနိုင်မယ့် ဒီဇိုင်း ဖြစ်ပါတယ်။ Patent က ဒီဇိုင်းကို ပုံဖော်ထားတဲ့ ဓါတ်ပုံတွေကို အောက်မှာ လေ့လာပါ။

အဲဒီ Patent ကို WIPO (World Intellectual Property Organization) နဲ့ CNIPA (China National Intellectual Property Administration) မှာ မှတ်ပုံတင်ထားပါတယ်။ ဖုန်း ဒီဇိုင်းက အရမ်းလန်းပြီး မျက်နှာပြင်မှာခြစ်ရာတွေ မထင်စေချင်ရင် ဖုန်းကို အတွင်းဘက်ကို ခေါက်ချိုးနိုင်ပါတယ်။ လက်ရှိမှာတော့ Patent ၁ ခု အဆင့်သာရှိသေးပြီး LG က အဲဒီ ဖုန်းကို တကယ် ထုတ်လုပ်မလားဆိုတာ မသေချာသေးပါဘူး။ တကယ်ရောင်းမယ်ဆိုရင်တောင် ဖန်တီးဖို့ ၁ နှစ်လောက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

သေချာတာ ၁ ခုကတော့ LG ဟာ ခေါက်ချိုး စမတ်ဖုန်းကို ဖန်တီးနေတယ်ဆိုတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ LG ဟာ Naver နဲ့ ပူးပေါင်းပြီး ခေါက်ချိုး စမတ်ဖုန်းအတွက် Whale Browser ကို ဖန်တီးနေတဲ့ သတင်းထွက်ခဲ့ပါတယ်။ LG က IFA 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာမယ်လို့ ထင်ပါတယ်။

Ref : gsmarena