[Zawgyi]

LG G8 ThinQ မွာ မ်က္ႏွာျပင္တုန္ခါမႈကေနတစ္ဆင့္ အသံထုတ္လႊတ္ဖို႔ ေဆာင္႐ြက္ခဲ့တဲ့ LG ဟာ အျခား ထုတ္ကုန္ေတြကိုလည္း အလားတူ နည္းပညာထည့္သြင္းဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဒီနည္းပညာဟာ LG ရဲ႕ Smartwatches ေတြမွာလည္း ျမင္ေတြ႕လာရဖြယ္ ရွိေနပါတယ္။

အတည္ျပဳလို႔မရေသးေပမယ့္ LG ဟာ “Display Speaker” အမည္နဲ႔ ဥေရာပအတြက္ မွတ္ပုံတင္မႈ မေအာင္ျမင္ခဲ့ဘူးလို႔ သတင္းထြက္ေနခဲ့ပါတယ္။ အကယ္၍ ခြင့္ျပဳခဲ့မယ္ဆိုရင္ေတာ့ စမတ္ဖုန္းေတြအတြက္ Audio စပီကာနဲ႔ Audio အမ္ပလီဖိုင္ယာ အျပင္ Audio စပီကာ ေတြအျဖစ္လုပ္ေဆာင္မယ့္ OLED Displays ေတြအတြက္လည္း အက်ဳံးဝင္သြားႏိုင္ပါတယ္။ ဒီေနာက္မွာေတာ့ နာရီလိုပတ္လို႔ရမယ့္ စမတ္ဖုန္းေတြနဲ႔ Smartwatch ေတြအတြက္လည္း အဆိုပါ မွတ္ပုံတင္မႈက အက်ဳံးဝင္သြားဖြယ္ ရွိပါတယ္။

LG G8 ThinQ မွာေတာ့ နည္းပညာပိုင္းအားျဖင့္ မ်က္ႏွာျပင္တုန္ခါမႈကို အသုံးျပဳကာ အသံထုတ္လႊတ္မႈကို ျပဳလုပ္သြားခဲ့တာ ျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ Built-in Bone Conduction ကို ျဖတ္ၿပီး အသုံးျပဳသူက မ်က္ႏွာျပင္ကိုနားနဲ႔ကပ္ထားခ်ိန္မွာ ထုတ္လႊတ္လိုက္တဲ့အသံကို ၾကားရမွာ ျဖစ္ပါတယ္။

LG အေနနဲ႔ Smartwatch မွာေတာ့ Bone Conduction ကို လုံးဝ ဖယ္ထုတ္လုပ္ဖြယ္ ရွိပါတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္ မ်က္ႏွာျပင္က ထြက္ေပၚလာမယ့္အသံကို အေဝးကေနလည္း ၾကားႏိုင္မွာျဖစ္ပါတယ္။ အကယ္၍ Smartwatch မွာ ဒီလိုလုပ္လာမယ္ဆိုရင္ေတာ့ နာရီရဲ႕ မ်က္ႏွာျပင္ဟာ စပီကာတစ္ခုအသြင္လည္း အသုံးျပဳလို႔ရလာမွာျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

LG ရဲ့ အနာဂတ် Smartwatch တွေဟာ မျက်နှာပြင်ကို စပီကာအဖြစ်ပါ အသုံးပြုလာနိုင်ဖွယ်ရှှိ

LG G8 ThinQ မှာ မျက်နှာပြင်တုန်ခါမှုကနေတစ်ဆင့် အသံထုတ်လွှတ်ဖို့ ဆောင်ရွက်ခဲ့တဲ့ LG ဟာ အခြား ထုတ်ကုန်တွေကိုလည်း အလားတူ နည်းပညာထည့်သွင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနည်းပညာဟာ LG ရဲ့ Smartwatches တွေမှာလည်း မြင်တွေ့လာရဖွယ် ရှိနေပါတယ်။

အတည်ပြုလို့မရသေးပေမယ့် LG ဟာ “Display Speaker” အမည်နဲ့ ဥရောပအတွက် မှတ်ပုံတင်မှု မအောင်မြင်ခဲ့ဘူးလို့ သတင်းထွက်နေခဲ့ပါတယ်။ အကယ်၍ ခွင့်ပြုခဲ့မယ်ဆိုရင်တော့ စမတ်ဖုန်းတွေအတွက် Audio စပီကာနဲ့ Audio အမ်ပလီဖိုင်ယာ အပြင် Audio စပီကာ တွေအဖြစ်လုပ်ဆောင်မယ့် OLED displays တွေအတွက်လည်း အကျုံးဝင်သွားနိုင်ပါတယ်။ ဒီနောက်မှာတော့ နာရီလိုပတ်လို့ရမယ့် စမတ်ဖုန်းတွေနဲ့ Smartwatch တွေအတွက်လည်း အဆိုပါ မှတ်ပုံတင်မှုက အကျုံးဝင်သွားဖွယ် ရှိပါတယ်။

LG G8 ThinQ မှာတော့ နည်းပညာပိုင်းအားဖြင့် မျက်နှာပြင်တုန်ခါမှုကို အသုံးပြုကာ အသံထုတ်လွှတ်မှုကို ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ Built-in bone conduction ကို ဖြတ်ပြီး အသုံးပြုသူက မျက်နှာပြင်ကိုနားနဲ့ကပ်ထားချိန်မှာ ထုတ်လွှတ်လိုက်တဲ့အသံကို ကြားရမှာ ဖြစ်ပါတယ်။

LG အနေနဲ့ Smartwatch မှာတော့ Bone conduction ကို လုံးဝ ဖယ်ထုတ်လုပ်ဖွယ် ရှိပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မျက်နှာပြင်က ထွက်ပေါ်လာမယ့်အသံကို အဝေးကနေလည်း ကြားနိုင်မှာဖြစ်ပါတယ်။ အကယ်၍ Smartwatch မှာ ဒီလိုလုပ်လာမယ်ဆိုရင်တော့ နာရီရဲ့ မျက်နှာပြင်ဟာ စပီကာတစ်ခုအသွင်လည်း အသုံးပြုလို့ရလာမှာဖြစ်ပါတယ်။

Ref: Phone Arena