[Zawgyi]

လြန္ခဲ့တဲ့ ေမလကတည္းက အေမရိကန္ကူးသန္းေရာင္းဝယ္ေရးဌာနဟာ Huawei ကို Entity List ထဲထည့္ၿပီး သီးျခားရပ္တည္မႈအျဖစ္ သတ္မွတ္ထားခဲ့ပါတယ္။ ဒီကတည္းက တ႐ုတ္ကုမၸဏီနဲ႔ အေမရိကန္ကုမၸဏီတို႔ၾကား ကုန္သြယ္မႈျပန္လည္ျဖစ္ေပၚလာႏိုင္တယ္လို႔ ေမွ်ာ္လင့္ခဲ့ရတာပါ။

တကယ္တမ္းမွာေတာ့ Huawei ကို နာမည္ပ်က္စာရင္းသြင္းၿပီး အေမရိကန္ကုမၸဏီေတြနဲ႔ Hardware, software ေတြေရာင္းဝယ္ေဖာက္ကားတာကို တားျမစ္လိုက္တာဟာ ႏွစ္ဘက္စလုံး အထိနာေစတဲ့ နည္းလမ္းလည္း ျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ ဇူလိုင္လမွာေတာ့ အေမရိကန္ကူးသန္းေရာင္းဝယ္ေရးဌာနဟာ ျပည္တြင္း နည္းပညာကုမၸဏီေတြကို Huawei နဲ႔ ျပန္လည္လက္တြဲလုပ္ေဆာင္ဖို႔ အထူးအစီအစဥ္ေတြ ျပဳလုပ္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ အထူးခြင့္ျပဳခ်က္အျဖစ္ အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္မႈမရွိဘဲ ေဈးကြက္အတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ရရွိေနႏိုင္တဲ့ အစိတ္အပိုင္းေတြကိုပဲ ကန႔္သတ္ခ်က္နဲ႔ေရာင္းဝယ္ေဖာက္ကားခြင့္ ျပဳခဲ့တာ ျဖစ္ပါတယ္။ ဒီလိုခြင့္ျပဳလိုက္တယ္ဆိုရင္ပဲ ခြင့္ျပဳခ်က္အတြက္ ေလွ်ာက္ထားတဲ့ အေမရိကန္ကုမၸဏီေပါင္းဟာ ၁၃၀ ေက်ာ္ခဲ့တယ္လို႔ သိရပါတယ္။

ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး Wilbur Ross ကေတာ့ သတင္းစာရွင္းလင္းပြဲမွာတုန္းက ကုန္သြယ္ခြင့္ျပဳဖို႔ေလွ်ာက္ထားတဲ့ ေလွ်ာက္လႊာေတြဟာ ၂၆၀ အထိ ႏွစ္ဆတက္လာေၾကာင္းနဲ႔ မၾကာခင္အခ်ိန္အေတာအတြင္း ခြင့္ျပဳခ်က္ ထုတ္ေပးမွာျဖစ္တယ္လို႔ တရားဝင္ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။ ဒါေပမယ့္ Bloomberg နဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ Ross ေျပာသြားပုံအရ ခြင့္ျပဳဖို႔အတြက္ စိစစ္ဦးမွာျဖစ္ၿပီး ေလွ်ာက္ထားတဲ့ ကုမၸဏီတိုင္းက ခြင့္ျပဳခ်က္ရမွာ မဟုတ္ဘူးလို႔ ဆိုႏိုင္ပါတယ္။

ဒါေၾကာင့္ ခြင့္ျပဳခ်က္ရတဲ့ကုမၸဏီထဲမွာ Google ပါလာမလားဆိုတာနဲ႔ Huawei ရဲ႕ Mate 30 series ေတြမွာ Google service ေတြ ျပန္သုံးခြင့္ရေတာ့မွာလားဆိုတာကို သိပ္မၾကာခင္သိရေတာ့မွာပဲ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Huawei နဲ့ ကုန်သွယ်လိုတဲ့ အမေရိကန်ကုမ္ပဏီတွေအတွက် လိုင်စင်ကို မကြာခင်ထုတ်ပေးတော့မယ်လို့ တရားဝင်ထုတ်ပြန်

လွန်ခဲ့တဲ့ မေလကတည်းက အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနဟာ Huawei ကို Entity List ထဲထည့်ပြီး သီးခြားရပ်တည်မှုအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဒီကတည်းက တရုတ်ကုမ္ပဏီနဲ့ အမေရိကန်ကုမ္ပဏီတို့ကြား ကုန်သွယ်မှုပြန်လည်ဖြစ်ပေါ်လာနိုင်တယ်လို့ မျှော်လင့်ခဲ့ရတာပါ။

တကယ်တမ်းမှာတော့ Huawei ကို နာမည်ပျက်စာရင်းသွင်းပြီး အမေရိကန်ကုမ္ပဏီတွေနဲ့ Hardware, software တွေရောင်းဝယ်ဖောက်ကားတာကို တားမြစ်လိုက်တာဟာ နှစ်ဘက်စလုံး အထိနာစေတဲ့ နည်းလမ်းလည်း ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဇူလိုင်လမှာတော့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနဟာ ပြည်တွင်း နည်းပညာကုမ္ပဏီတွေကို Huawei နဲ့ ပြန်လည်လက်တွဲလုပ်ဆောင်ဖို့ အထူးအစီအစဉ်တွေ ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဒီနောက်မှာတော့ အထူးခွင့်ပြုချက်အဖြစ် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုမရှိဘဲ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရရှိနေနိုင်တဲ့ အစိတ်အပိုင်းတွေကိုပဲ ကန့်သတ်ချက်နဲ့ရောင်းဝယ်ဖောက်ကားခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုခွင့်ပြုလိုက်တယ်ဆိုရင်ပဲ ခွင့်ပြုချက်အတွက် လျှောက်ထားတဲ့ အမေရိကန်ကုမ္ပဏီပေါင်းဟာ ၁၃၀ ကျော်ခဲ့တယ်လို့ သိရပါတယ်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross ကတော့ သတင်းစာရှင်းလင်းပွဲမှာတုန်းက ကုန်သွယ်ခွင့်ပြုဖို့လျှောက်ထားတဲ့ လျှောက်လွှာတွေဟာ ၂၆၀ အထိ နှစ်ဆတက်လာကြောင်းနဲ့ မကြာခင်အချိန်အတောအတွင်း ခွင့်ပြုချက် ထုတ်ပေးမှာဖြစ်တယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် Bloomberg နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ Ross ပြောသွားပုံအရ ခွင့်ပြုဖို့အတွက် စိစစ်ဦးမှာဖြစ်ပြီး လျှောက်ထားတဲ့ ကုမ္ပဏီတိုင်းက ခွင့်ပြုချက်ရမှာ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ခွင့်ပြုချက်ရတဲ့ကုမ္ပဏီထဲမှာ Google ပါလာမလားဆိုတာနဲ့ Huawei ရဲ့ Mate 30 series တွေမှာ Google service တွေ ပြန်သုံးခွင့်ရတော့မှာလားဆိုတာကို သိပ်မကြာခင်သိရတော့မှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena