TikTok ဟာ “TikTok Top Moments” လို့ အမည်ရတဲ့ NFT Collection တွေကို အရောင်းအဝယ်ပြုလုပ်ခွင့်ပေးမယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။ TikTok မှာ NFTs ကို ပထမဆုံး ရောင်းမယ့် အနုပညာရှင်က Lil Nas X ဖြစ်ပြီး ဒီလထဲမှာ စတင်ရောင်းချမှာပါ။

CULVER CITY, CA - OCTOBER 13: General view of the TikTok headquarters on October 13, 2020 in Culver City, California. (Photo by AaronP/Bauer-Griffin/GC Images)

TikTok ဗီဒီယို ၆ ခုကို NFTs အနေနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ NFTs ခေတ်စားလာတဲ့အတွက် TikTok ကလည်း အဲဒီ နယ်ပယ်ကို ဝင်ရောက်လာတာပါ။ NFTs (non-fungible tokens) ဟာ Blockchain နည်းပညာကို အသုံးပြုပြီး ဒစ်ဂျစ်တယ် Content တွေရဲ့ ပိုင်ဆိုင်သူကို အသိအမှတ်ပြုပေးတာ ဖြစ်ပါတယ်။ နားလည်အောင်ပြောရရင် အနုပညာလက်ရာလိုမျိုး ရုပ်ဝတ္ထု ပစ္စည်းတွေရဲ့ Virtual Version ဖြစ်ပါတယ်။

Lil Nas X first artist to drop official TikTok NFTs - Dexerto

Lil Nas X ဟာ အနုပညာရှင် Rudy Willingham နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ TikTok NFTs ကို အောက်တိုဘာလ ၆ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ Lil Nas X ရဲ့ TikTok NTFs မှာ Rudy Willingham ဖန်တီးထားတဲ့ အနုပညာရှင် “Montero (Call Me By Your Name)” ရဲ့ Stop-motion ဗီဒီယို ပါဝင်မှာပါ။

TikTok NFTs တွေ ရောင်းချမယ့် တခြား Creator တွေကတော့ Bella Poarch, Curtis Roach, Brittany Broski, FNMeka, Jess Marciante နဲ့ Gary Vaynerchuk တို့ ဖြစ်ပြီး သူတို့ဟာ NFTs အနုပညာရှင်တွေဖြစ်တဲ့ Coin Artist, x0r, RTFKT , Grimes တို့နဲ့ ပူးပေါင်း ဖန်တီးကြမှာ ဖြစ်ပါတယ်။

TikTok က NFTs ရောင်းချလို့ရတဲ့ ဝင်ငွေ အများစုကို Creator တွေ၊ NFTs အနုပညာရှင်တွေနဲ့ ပရဟိတ အသင်းတွေ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Ref : nbcnews