[Zawgyi]

၂၀၁၉ ခုႏွစ္အတြက္ Samsung ရဲ႕ ဦးဆုံးမိတ္ဆက္မယ့္ Flagships ေတြျဖစ္တဲ့ Galaxy S series ကို ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ စမတ္ဖုန္းေတြကေတာ့ လာမယ့္ မတ္လ ၈ ရက္ေန႔မတိုင္ခင္အထိ ေဈးကြက္ထဲမွာ ဝယ္ယူလို႔ ရဦးမွာ မဟုတ္ဘူးလို႔ ေကာလာဟလေတြ ထြက္ေပၚေနပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ တရားဝင္ မိတ္ဆက္ၿပီးခ်ိန္ကစၿပီး မတ္လ ၇ ရက္ေန႔မတိုင္မီအထိကေတာ့ Pre-order ေတြ တင္လို႔ရေနမွာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ Galaxy S10 ေမာ္ဒယ္ေတြထဲက တစ္မ်ိဳးကေတာ့ မတ္လ ၁၅ ရက္ေန႔မတိုင္မီအထိ ေဈးကြက္ထဲမွာ ဝယ္လို႔ ရဦးမွာ မဟုတ္ဘူးဆိုတဲ့ သတင္းတစ္ခုလည္း ထပ္ထြက္လာပါတယ္။

Samsung ဖိလစ္ပိုင္ရဲ႕ တရားဝင္စာမ်က္ႏွာမွာေတာ့ Limited Edition Samsung Galaxy S10+ ဟာ ၂၀၁၉ ခုႏွစ္ မတ္လ ၁၅ ရက္ေန႔မွ ဝယ္ယူရရွိႏိုင္မယ္လို႔ အတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။ ဒီ Limited Edition ဟာ Galaxy S10 series ေတြထဲမွာ ေဈးအႀကီးဆုံးလည္း ျဖစ္ပါတယ္။

Limited Edition ဆိုတဲ့အတိုင္း အခ်က္အလက္ေတြ သိရတာနဲ႔တင္ မ်က္ခုံးပင့္ခ်င္စရာပါ။ Storage 1TB နဲ႔အတူ မန္မိုရီ 12GB RAM ျဖစ္တဲ့ ဒီစမတ္ဖုန္းရဲ႕ တန္ေၾကးကလည္း ျမန္မာေငြ (၂၈ သိန္းဝန္းက်င္) ေလာက္မွာ ရွိေနပါတယ္။ Samsung မွ Samsung ပဲ ဆိုသူေတြအတြက္ေတာ့ သြားရည္က်စရာျဖစ္ပါတယ္။

Samsung Galaxy S10+ ေတြဟာ Snapdragon 855 SoC အျပင္ Exynos 9820 SoC ေတြကိုလည္း အသုံးျပဳထားမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တစ္ပါတ္တုန္းက ထြက္ေပၚလာတဲ့ Geekbench ရမွတ္မွာေတာ့ Exynos 9820 က Snapdragon 855 ထက္ ပိုေကာင္းတဲ့ ရမွတ္ကို ယူေဆာင္ထားႏိုင္ခဲ့တာ ေတြ႕ရပါတယ္။

Ref: GSMArena

[Unicode]

Limited Edition Samsung Galaxy S10+ ကို မတ်လ၁၅ ရက်နေ့မတိုင်မီ ဝယ်ယူနိုင်မှာမဟုတ်ကြောင်း သတင်းထွက်လာ

၂၀၁၉ ခုနှစ်အတွက် Samsung ရဲ့ ဦးဆုံးမိတ်ဆက်မယ့် Flagships တွေဖြစ်တဲ့ Galaxy S series ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတွေကတော့ လာမယ့် မတ်လ ၈ ရက်နေ့မတိုင်ခင်အထိ ဈေးကွက်ထဲမှာ ဝယ်ယူလို့ ရဦးမှာ မဟုတ်ဘူးလို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တရားဝင် မိတ်ဆက်ပြီးချိန်ကစပြီး မတ်လ ၇ ရက်နေ့မတိုင်မီအထိကတော့ Pre-order တွေ တင်လို့ရနေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S10 မော်ဒယ်တွေထဲက တစ်မျိုးကတော့ မတ်လ ၁၅ ရက်နေ့မတိုင်မီအထိ ဈေးကွက်ထဲမှာ ဝယ်လို့ ရဦးမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတစ်ခုလည်း ထပ်ထွက်လာပါတယ်။

Samsung ဖိလစ်ပိုင်ရဲ့ တရားဝင်စာမျက်နှာမှာတော့ Limited Edition Samsung Galaxy S10+ ဟာ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ဝယ်ယူရရှိနိုင်မယ်လို့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီ Limited Edition ဟာ Galaxy S10 series တွေထဲမှာ ဈေးအကြီးဆုံးလည်း ဖြစ်ပါတယ်။

Limited Edition ဆိုတဲ့အတိုင်း အချက်အလက်တွေ သိရတာနဲ့တင် မျက်ခုံးပင့်ချင်စရာပါ။ Storage 1TB နဲ့အတူ မန်မိုရီ 12GB RAM ဖြစ်တဲ့ ဒီစမတ်ဖုန်းရဲ့ တန်ကြေးကလည်း မြန်မာငွေ (၂၈ သိန်းဝန်းကျင်) လောက်မှာ ရှိနေပါတယ်။ Samsung မှ Samsung ပဲ ဆိုသူတွေအတွက်တော့ သွားရည်ကျစရာဖြစ်ပါတယ်။

Samsung Galaxy S10+ တွေဟာ Snapdragon 855 SoC အပြင် Exynos 9820 SoC တွေကိုလည်း အသုံးပြုထားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်တုန်းက ထွက်ပေါ်လာတဲ့ Geekbench ရမှတ်မှာတော့ Exynos 9820 က Snapdragon 855 ထက် ပိုကောင်းတဲ့ ရမှတ်ကို ယူဆောင်ထားနိုင်ခဲ့တာ တွေ့ရပါတယ်။

Ref: GSMArena