[Zawgyi]

64MP Main Camera နဲ႔ ဂိမ္း အသားေပး MediaTek Helio G90T Chipset ေတြေၾကာင့္ Redmi Note 8 Pro ကို ေၾကညာစဥ္က နာမည္ႀကီးသြားခဲ့ပါတယ္။ အဲဒီ ဖုန္းရဲ႕ အလန္းစား Features ေတြက အဲဒါေတြတင္မကေသးပါဘူး။ 18W Fast Charging ပါတဲ့ အရြယ္ႀကီး 4,500mAh Battery ကလည္း အရမ္း မိုက္ပါတယ္။

Xiaomi ရဲ႕ ဥကၠဌ Lin Bin က Redmi Note 8 Pro ရဲ႕ ဘက္ထရီ သက္တမ္းကို စမ္းသပ္ျပထားတဲ့ Screenshot ေတြကို မွ်ေ၀လိုက္ပါတယ္။ ဘက္ထရီ အသံုးျပဳမႈကို ျပသတဲ့ Graph အရ ၂ ရက္နဲ႔ ၉ နာရီၾကာ သံုးၿပီးတဲ့ အခ်ိန္မွာ ၈၀ ရာခိုင္ႏႈန္း ကုန္သြားၿပီး ၂၀ ရာခုိင္ႏႈန္း က်န္ေနေသးတာကို ျမင္ရပါတယ္။ Mobile Network Signal , WLAN , Awake and Screen On Components , Android System နဲ႔ System Apps ေတြရဲ႕ ဘက္ထရီ စားသံုးမႈကို ျပသထားပါတယ္။ ဂိမ္းေတြလို Heavy Apps ေတြကို သံုးရင္ေတာ့ ဒီထက္ ျမန္ျမန္ အားကုန္ႏုိင္ပါတယ္။ ဒါေပမယ့္ 4,500mAh Battery က အနည္းဆံုး ၁ ရက္ေလာက္ေကာင္းေကာင္း သံုးႏုိင္မွာပါ။
Redmi Note 8 Pro ဟာ အလန္းစား ဖုန္း ၁ လံုးျဖစ္ၿပီး ကင္မရာကလည္း မိုက္ပါတယ္။ ၆.၅၃ လက္မ Full HD+ Display တပ္ဆင္ထားၿပီး ေဘးေဘာင္ေတြက ပါးလႊာပါတယ္။ Octa-core CPU ပါတဲ့ Helio G90T Chipset ေမာင္းႏွင္ထားပါတယ္။ ဂိမ္း အသားေပး Chipset ကို အပူခ်ိန္ေလွ်ာ့ခ်ေပးဖို႔ Liquid Cooling Chamber ၁ ခု ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုးကို ေဒါင္လိုက္တပ္ဆင္ထားၿပီး 64MP Main , 8MP Ultrawide , 2MP Depth နဲ႔ 2MP Macro ေတြ ျဖစ္ပါတယ္။ AI Features နဲ႔ Scene Recognition ေတြပါတဲ့ 20MP Selfie Camera ကို Notch မွာ ထည့္သြင္းထားပါတယ္။

Ref : gizmochina

[Unicode]

Redmi Note 8 Pro ရဲ့ ဘက်ထရီဟာ ၂ ရက်သုံးပြီးတာတောင် ၂၀ ရာခိုင်နှုန်းကျန်တယ်ဆိုတာ သက်သေပြလိုက်တဲ့ Lin Bin

64MP Main Camera နဲ့ ဂိမ်း အသားပေး MediaTek Helio G90T Chipset တွေကြောင့် Redmi Note 8 Pro ကို ကြေညာစဉ်က နာမည်ကြီးသွားခဲ့ပါတယ်။ အဲဒီ ဖုန်းရဲ့ အလန်းစား Features တွေက အဲဒါတွေတင်မကသေးပါဘူး။ 18W Fast Charging ပါတဲ့ အရွယ်ကြီး 4,500mAh Battery ကလည်း အရမ်း မိုက်ပါတယ်။

Xiaomi ရဲ့ ဥက္ကဌ Lin Bin က Redmi Note 8 Pro ရဲ့ ဘက်ထရီ သက်တမ်းကို စမ်းသပ်ပြထားတဲ့ Screenshot တွေကို မျှဝေလိုက်ပါတယ်။ ဘက်ထရီ အသုံးပြုမှုကို ပြသတဲ့ Graph အရ ၂ ရက်နဲ့ ၉ နာရီကြာ သုံးပြီးတဲ့ အချိန်မှာ ၈၀ ရာခိုင်နှုန်း ကုန်သွားပြီး ၂၀ ရာခိုင်နှုန်း ကျန်နေသေးတာကို မြင်ရပါတယ်။ Mobile Network Signal , WLAN , Awake and Screen On Components , Android System နဲ့ System Apps တွေရဲ့ ဘက်ထရီ စားသုံးမှုကို ပြသထားပါတယ်။ ဂိမ်းတွေလို Heavy Apps တွေကို သုံးရင်တော့ ဒီထက် မြန်မြန် အားကုန်နိုင်ပါတယ်။ ဒါပေမယ့် 4,500mAh Battery က အနည်းဆုံး ၁ ရက်လောက်ကောင်းကောင်း သုံးနိုင်မှာပါ။

Redmi Note 8 Pro ဟာ အလန်းစား ဖုန်း ၁ လုံးဖြစ်ပြီး ကင်မရာကလည်း မိုက်ပါတယ်။ ၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ Octa-core CPU ပါတဲ့ Helio G90T Chipset မောင်းနှင်ထားပါတယ်။ ဂိမ်း အသားပေး Chipset ကို အပူချိန်လျှော့ချပေးဖို့ Liquid Cooling Chamber ၁ ခု ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။

Ref : gizmochina