[Zawgyi]

Japan Carrier DoCoMo က Android 10 ရမယ့္ Sony Xperia Phones စာရင္းကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ Sony ရဲ႕ ကမာၻအ၀န္းမွာ ျဖန္႔ခ်ိေပးမယ့္ စာရင္းနဲ႔ ကြဲျပားႏုိင္ပါတယ္။ သေဘာကေတာ့ ဒီ စာရင္းမွာ မပါတဲ့ တျခား ႏုိင္ငံေတြက Sony Phones ပိုင္ရွင္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ရွိပါေသးတယ္။ ဒီစာရင္းမွာေတာ့ ၂၀၁၈ ခုႏွစ္ အေစာပိုင္းကေန ေနာက္ပိုင္းထုတ္ စြမ္းရည္ျမင့္ ဖုန္းေတြ ပါလာပါတယ္။

ဒီစာရင္းမွာ DoCoMo ကေနသာ ေရာင္းခ်ေပးတဲ့ Sony Xperia Ace ပါလာၿပီး အဲဒီ ဖုန္းကို တျခား ႏိုင္ငံေတြမွာ Xperia XZ4 Compact နာမည္နဲ႔ ေရာင္းေပးထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ က်ယ္က်န္ျပန္႔ျပန္႔ မေရာင္းေပးထားပါဘူး။

၂၀၁၇ ခုႏွစ္ ေနာက္ပိုင္းထုတ္ Xperia XZ1 နဲ႔ XZ1 Compact ေတြ ဒီစာရင္းထဲ မပါလာပါဘူး။ အဲဒီ ဖုန္းေတြမွာ Android 8.0 Oreo ထည့္သြင္း ေရာင္းခ်ေပးခဲ့ၿပီး Android 9.0 Pie ကို အဆင့္ျမွင့္ေပးခဲ့ပါတယ္။ အခုေတာ့ Android 10 မရေတာ့ဘဲ Android 9 နဲ႔ပဲ အဆံုးသတ္သြားေတာ့တာ ျဖစ္ပါတယ္။

ဒီစာရင္းမွာ Xperia 10 နဲ႔ 10 Plus လည္း မပါလာပါဘူး။ ဒါေပမယ့္ ဒီ ဖုန္း ၂ လံုးကို DoCoMo ကေန မေရာင္းေပးထားတဲ့အတြက္ စာရင္းမွာ မပါလာတာ ျဖစ္ပါတယ္။ Sony က ေၾကညာမယ့္ စာရင္းမွာ အဲဒီ ဖုန္း ၂ လံုးပါလာႏုိင္ပါတယ္။ DoCoMo ရဲ႕ စာရင္းမွာ Galaxy Phones တခ်ိဳ႕လည္း ပါလာပါတယ္။ Samsung က Android 10 ရမယ့္ ဖုန္း စာရင္းကို ထုတ္ျပန္ေၾကညာၿပီးပါၿပီ။ DoCoMo ရဲ႕ Android 10 ရမယ့္ Sony Phones စာရင္းကိုေအာက္မွာ ၾကည့္ပါ။

Xperia XZ2 SO-03K
Xperia XZ2 Premium SO-04K
Xperia XZ2 Compact SO-05K
Xperia XZ3 SO-01L
Xperia Ace SO-02L
Xperia 1 SO-03L
Xperia 5 SO-01M

Ref : gsmarena

[Unicode]

Android 10 ရမယ့် Sony Xperia Phones များ

Japan Carrier DoCoMo က Android 10 ရမယ့် Sony Xperia Phones စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Sony ရဲ့ ကမ္ဘာအဝန်းမှာ ဖြန့်ချိပေးမယ့် စာရင်းနဲ့ ကွဲပြားနိုင်ပါတယ်။ သဘောကတော့ ဒီ စာရင်းမှာ မပါတဲ့ တခြား နိုင်ငံတွေက Sony Phones ပိုင်ရှင်တွေအတွက် မျှော်လင့်ချက်ရှိပါသေးတယ်။ ဒီစာရင်းမှာတော့ ၂၀၁၈ ခုနှစ် အစောပိုင်းကနေ နောက်ပိုင်းထုတ် စွမ်းရည်မြင့် ဖုန်းတွေ ပါလာပါတယ်။

ဒီစာရင်းမှာ DoCoMo ကနေသာ ရောင်းချပေးတဲ့ Sony Xperia Ace ပါလာပြီး အဲဒီ ဖုန်းကို တခြား နိုင်ငံတွေမှာ Xperia XZ4 Compact နာမည်နဲ့ ရောင်းပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျယ်ကျန်ပြန့်ပြန့် မရောင်းပေးထားပါဘူး။

၂၀၁၇ ခုနှစ် နောက်ပိုင်းထုတ် Xperia XZ1 နဲ့ XZ1 Compact တွေ ဒီစာရင်းထဲ မပါလာပါဘူး။ အဲဒီ ဖုန်းတွေမှာ Android 8.0 Oreo ထည့်သွင်း ရောင်းချပေးခဲ့ပြီး Android 9.0 Pie ကို အဆင့်မြှင့်ပေးခဲ့ပါတယ်။ အခုတော့ Android 10 မရတော့ဘဲ Android 9 နဲ့ပဲ အဆုံးသတ်သွားတော့တာ ဖြစ်ပါတယ်။

ဒီစာရင်းမှာ Xperia 10 နဲ့ 10 Plus လည်း မပါလာပါဘူး။ ဒါပေမယ့် ဒီ ဖုန်း ၂ လုံးကို DoCoMo ကနေ မရောင်းပေးထားတဲ့အတွက် စာရင်းမှာ မပါလာတာ ဖြစ်ပါတယ်။ Sony က ကြေညာမယ့် စာရင်းမှာ အဲဒီ ဖုန်း ၂ လုံးပါလာနိုင်ပါတယ်။ DoCoMo ရဲ့ စာရင်းမှာ Galaxy Phones တချို့လည်း ပါလာပါတယ်။ Samsung က Android 10 ရမယ့် ဖုန်း စာရင်းကို ထုတ်ပြန်ကြေညာပြီးပါပြီ။ DoCoMo ရဲ့ Android 10 ရမယ့် Sony Phones စာရင်းကိုအောက်မှာ ကြည့်ပါ။

Xperia XZ2 SO-03K
Xperia XZ2 Premium SO-04K
Xperia XZ2 Compact SO-05K
Xperia XZ3 SO-01L
Xperia Ace SO-02L
Xperia 1 SO-03L
Xperia 5 SO-01M

Ref : gsmarena