Logitech ဟာ သူတုိ႔ရဲ႕ ကီးဘုတ္အသစ္ K600 TV Keyboard ကို ယေန႔ မိတ္ဆက္ခဲ့ျပီး သူ႕နာမည္မွာ ပါဝင္တဲ့အတုိင္း ဒီကီးဘုတ္ကို ကြန္ျပဴတာေတြအျပင္ စမတ္ TV ေတြနဲ႔ပါ ခ်ိတ္ဆက္အသုံးျပဳႏုိင္မွာပါ။

K600 မွာ ပုံမွန္ကီးဘုတ္ တည္ေဆာက္ပုံအျပင္ Trackpad တစ္ခုနဲ႔ မီဒီယာအတြက္ အသုံးျပဳဖို႔ ခလုတ္ေတြ ပါဝင္လာတယ္။ Home Key, အသံတုိးခ်ဲ႕ခလုတ္ေတြအျပင္ကို စမတ္ TV အတြက္ အေဝးထိန္း ခလုတ္လို အသုံးျပဳႏုိင္ေစမယ့္ Directional Pad တစ္ခုပါ ထည့္သြင္းထားတာပါ။

Logitech ကေတာ့ ကီးဘုတ္အသစ္ဟာ ဆယ့္ငါးမီတာ အကြာအေဝးကေန ၾကိဳးမဲ့အသုံးျပဳႏုိင္မယ္လို႔ အာမခံထားျပီး ဘကၳရီသက္တမ္းကလည္း ၁၂ လေတာင္ အသုံးခံႏုိင္တယ္လုိ႔ ဆုိပါတယ္။ ႏွစ္ခ်က္စလုံးက အက်ယ္အဝန္းမတူညီတဲ့ အိမ္ေတြ၊ အခန္းေတြအတြက္ အသုံးဝင္မယ့္ စြမ္းေဆာင္ရည္ေတြပါပဲ။

K600 ကီးဘုတ္ဟာ Samsung, LG, Sony BRAVIA နဲ႔ Philips အမ်ဳိးအစား တီဗီေမာ္ဒယ္ေတြနဲ႔ တြဲဖက္အသုံးျပဳႏုိင္တယ္လို႔ ဆိုထားျပီး အျခားအမ်ဳိးအစားေတြထဲကလည္း တစ္ခ်ဳိ႕ေမာ္ဒယ္ေတြမွာ အသုံးျပဳႏုိင္ပါတယ္။ သူနဲ႔ ခ်ိတ္ဆက္အသုံးျပဳႏုိင္မယ့္ TV အမ်ဳိးအစားေတြကို ဝက္ဆုိက္မွာ ဝင္ေရာက္ စစ္ေဆးႏုိင္ပါတယ္။

K600 TV Keyboard ေတြဟာ အခုႏွစ္ ေအာက္တိုဘာလထဲမွာ စတင္ေရာင္းခ်လာမွာ ျဖစ္ျပီး ေစ်းႏႈန္း ကေတာ့ ေဒၚလာ ၇၀ ခန္႔ရွိမွာ ျဖစ္ပါတယ္။

Ref – https://www.theverge.com/circuitbreaker/2018/9/18/17873778/logitech-k600-keyboard-smart-tv-control

Unicode

Logitech ဟာ သူတို့ရဲ့ ကီးဘုတ်အသစ် K600 TV Keyboard ကို ယနေ့ မိတ်ဆက်ခဲ့ပြီး သူ့နာမည်မှာ ပါဝင်တဲ့အတိုင်း ဒီကီးဘုတ်ကို ကွန်ပြူတာတွေအပြင် စမတ် TV တွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။

K600 မှာ ပုံမှန်ကီးဘုတ် တည်ဆောက်ပုံအပြင် Trackpad တစ်ခုနဲ့ မီဒီယာအတွက် အသုံးပြုဖို့ ခလုတ်တွေ ပါဝင်လာတယ်။ Home Key, အသံတိုးချဲ့ခလုတ်တွေအပြင်ကို စမတ် TV အတွက် အဝေးထိန်း ခလုတ်လို အသုံးပြုနိုင်စေမယ့် Directional Pad တစ်ခုပါ ထည့်သွင်းထားတာပါ။

Logitech ကတော့ ကီးဘုတ်အသစ်ဟာ ဆယ့်ငါးမီတာ အကွာအဝေးကနေ ကြိုးမဲ့အသုံးပြုနိုင်မယ်လို့ အာမခံထားပြီး ဘက္ထရီသက်တမ်းကလည်း ၁၂ လတောင် အသုံးခံနိုင်တယ်လို့ ဆိုပါတယ်။ နှစ်ချက်စလုံးက အကျယ်အဝန်းမတူညီတဲ့ အိမ်တွေ၊ အခန်းတွေအတွက် အသုံးဝင်မယ့် စွမ်းဆောင်ရည်တွေပါပဲ။

K600 ကီးဘုတ်ဟာ Samsung, LG, Sony BRAVIA နဲ့ Philips အမျိုးအစား တီဗီမော်ဒယ်တွေနဲ့ တွဲဖက်အသုံးပြုနိုင်တယ်လို့ ဆိုထားပြီး အခြားအမျိုးအစားတွေထဲကလည်း တစ်ချို့မော်ဒယ်တွေမှာ အသုံးပြုနိုင်ပါတယ်။ သူနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် TV အမျိုးအစားတွေကို ဝက်ဆိုက်မှာ ဝင်ရောက် စစ်ဆေးနိုင်ပါတယ်။

K600 TV Keyboard တွေဟာ အခုနှစ် အောက်တိုဘာလထဲမှာ စတင်ရောင်းချလာမှာ ဖြစ်ပြီး ဈေးနှုန်း ကတော့ ဒေါ်လာ ၇၀ ခန့်ရှိမှာ ဖြစ်ပါတယ်။

Ref – https://www.theverge.com/circuitbreaker/2018/9/18/17873778/logitech-k600-keyboard-smart-tv-control