တစ်ခါတလေတော့ အွန်လိုင်းမာလ်တီပလေယာဂိမ်းတွေမှာ ကစားသမားတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ဖက်အသင်းကို ပြေးသေပေး(Feed)တတ်ကြပါတယ်။ ဒါဟာ Dota2, League of Legends အစရှိတဲ့ MOBA ဂိမ်းကစားသူတွေအတွက်တော့ ထူးခြားတဲ့အရာတစ်ခုမဟုတ်ပေမယ့် တစ်ပွဲတည်းမှာ အကြိမ် ၇၀၀ အသေခံတယ် ဆိုတာကတော့ အံ့သြစရာဖြစ်ရပ်တစ်ခုပါ။

“15ACCBUTSILVERXD” လို့အမည်ပေးထားတဲ့ League of Legends ကစားသမားတစ်ယောက်ဟာ Silver Ranked ပွဲတစ်ခုမှာ အခုလိုပြုလုပ်ခဲ့တာဖြစ်ပြီး Kills/Assists ဇီးရိုးဖြစ်တဲ့အတွက် မိနစ်ပေါင်း ၁၅၁ မိနစ် (နှစ်နာရီကျော်) ကြာတဲ့ ပွဲတစ်ပွဲလုံးကို တစ်ဖက်အသင်းကို Feed တာ တစ်ခုတည်း ဇွဲကောင်းကောင်းနဲ့ လုပ်ခဲ့ပုံပေါ်ပါတယ်။

သူ့အသင်းဖော်တွေအတွက်တော့ စိတ်မကောင်းစရာပေမယ့် ဒီပမာဏဟာ MOBA ဂိမ်းတွေမှာ တစ်ခါမှ မကြားဖူးတဲ့ တစ်ပွဲတည်းမှာ အများဆုံး Feed ခြင်း အကြိမ်ရေပါပဲ။ ဒါတောင် သူ့အသင်းက အံ့အားသင့်ဖွယ် ဂိမ်းပွဲကို အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် စံချိန်ဟောင်းကလည်း သိပ်မကွာလှပါဘူး။ League of Graphs မှထောက်ပံ့တဲ့ အချက်အလက်အရ အရင်တုန်းက Wukony လို့ အမည်ပေးထားတဲ့ ကစားသမားတစ်ဦးဟာ ၂၀၇ မိနစ် ကြာတဲ့ ဂိမ်းပွဲတစ်ခုမှာ ၆၈၆ ခါ အသေခံခဲ့ဖူးပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အခုတစ်ခါမှာတော့ အခြားတစ်ယောက်လိုက်မီဖို့ ခက်ခဲတဲ့ စံချိန်သစ်ကို မြင်ခဲ့ရပါပြီ။

Ref – AFKGaming