ဂိမ်းကစားသူများကို အဓိကထားသည့် Riot Games အနေဖြင့် League of Legends: Wild Rift Southeast Asia Pentaboom သရုပ်ပြပွဲကြီးကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နှင့် ၁၃ရက်နေ့တို့တွင် 1:30 PM (GMT +8) ( မြန်မာ စံတော် ချိန် – နေ့လည် ၁၂ နာရီ ) ကျင်းပသွားမည်။

IO Esports မှာ အဓိကစီစဉ်ဆောင်ရွက်ပေးသွားမည့် အဆိုပါပွဲကြီးတွင် မြန်မာ ၊ မလေးရှား ၊ ကမ္ဘောဒီးယား ၊ စင်ကာပူ ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံ တို့မှ နာမည်ကြီး ဂိမ်း content ဖန်တီးသူများနှင့် ကျော်ကြားသူများမှ ငါးယောက်တစ်သင်း စုဖွဲ့ပြီး သရုပ်ပြ ပါဝင်ဆော့ကစားသွားမည်ဖြစ်သည်။

ရင်သပ်ရှုမောဖွယ် စွမ်းရည်ပြကစားဟန်များမှသည် အဖွဲ့လိုက် ကစားဟန်များ၊ ပွဲအဆုံးအဖြတ်ကိုပြောင်းလဲသွားမည့် အခိုက်အတန့်များကို မြင်တွေ့ရမှာဖြစ်ပြီး ကြည့်ရှုသူပရိသတ်များအနေဖြင့် အသည်းစွဲ အနုပညာရှင်များနှင့် Content Creator များမှ တစ်ကိုယ်တော် စွမ်းရည်ပြသခြင်း အသင်းလိုက်စုစည်းယှဉ်ပြိုင်ခြင်း တို့ကို မြင်တွေ့ရမည်ဖြစ်သည်။

သရုပ်ပြပွဲကျင်းပပေးခြင်းနှင့်အတူ အရှေ့တောင်အာရှဆိုင်ရာ Riot Games မှ အမေရိကန်ဒေါ်လာ $၆၀,၀၀၀ ကို မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နိုင်ငံများမှ စာကြည့်တိုက်များသို့လည်းကောင်း၊ ထိုင်းနိုင်ငံ လူမှုဖွံဖြိုးရေး အစီအစဉ်များသို့လည်းကောင်း၊ စင်ကာပူနိုင်ငံ လူငယ်ဖွံဖြိုးတိုးတက်ရေး အစီအစဉ်များသို့လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ ကမ္ဘောဒီးယား ဗီယက်နမ် နိုင်ငံမှ အလုပ်အကိုင်အခွင့်အလမ်းအသစ်ဖန်တီးပေးရေး အစီအစဉ်များ၊ မလေးရှားနိုင်ငံမှ မသန်စွမ်းကလေးငယ်များကို ထောက်ပံ့ပေးရေး အစီအစဉ်များအပြင် စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းသို့လည်း လှူဒါန်းသွားမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့်လည်း ဒေသတွင်း အကောင်းဆုံး Wild Rift အသင်းအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်မည့်အပြင် သရုပ်ပြပွဲအား အဓိက ကူညီပံ့ပိုးသူ Secret Lab နှင့် Razer မှ ချီးမြှင့်မည့် ဆုလက်ဆောင်များအပါအဝင် ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ $၆၅,၀၀၀ ကို ဆွတ်ခူးနိုင်မည့် အခွင့်အလမ်းများရရှိမည်ဖြစ်သည်။

“အချိန်တွေအကြာကြီး စောင့်မျှော်ခဲ့ရပြီးချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ League of Legends : Wild Ritf ကို အရှေ့တောင်အာရှက ကစားသမားတွေကစားနိုင်ရန် ဆောင်ရွက်ပေးနိုင်လိုက်ခြင်းအတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ အခုလို ရန်ပုံငွေ သရုပ်ပြပွဲ ကျင်းပခြင်းနှင့်အတူ လှူဒါန်းမှုများကိုလည်း ပြုလုပ်သွားမှာဖြစ်တဲ့အတွက်၂၀၂၀ နှစ်ကုန်ကို ကျွန်တော်တို့အနေနဲ့ ပရိသတ်များကို ပေးဆပ်ခြင်းများနဲ့ ပိတ်သိမ်းသွားမှာပါ။ ကျွန်တော်တို့ဂိမ်းကို ကစားသူများအနေနှင့်လည်း ဖျော်ဖြေမှု အပြည့်အဝပေးနိုင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းမယ့် ဒီသရုပ်ပြပွဲကြီးကို ကြည့်ရှုအားပေးရင်း သူတို့ရဲ့ အသည်းစွဲ ဒေသတွင်းအနုပညာရှင် များ နဲ့ ကစားသမားများရဲ့ ထူးချွန်တဲ့ ကစားဟန်များကို မြင်တွေ့ ခွင့်ရမှာပါ။ ” ဟု Riot Games အရှေ့တောင်အာရှ ၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မကာအို ဒေသများကို တာဝန်ယူထားသူ Justin Hulog မှပြောကြားသွားခဲ့သည်။

The Wild Rift Southeast Asia Pentaboom သရုပ်ပြပွဲကြီးကို မြန်မာဘာသာ၊ ခမာဘာသာ၊ အင်္ဂလိပ်ဘာသာ ထိုင်းဘာသာ၊ ဗီယက်နမ်ဘာသာ၊Bahasa Indonesia၊ Bahasa Malaysia၊ Tagalog ဘာသာများဖြင့် Facebook၊ Youtube နှင့် Twitch Channel များပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဒေသတွင်း ဂိမ်း Content ဖန်တီးသူများအပါအဝင် ထင်ပေါ်ကျော်ကြားသူများဖြစ်သော

● ကမ္ဘောဒီးယားနိုင်ငံမှ Chea Gaming, Henaa Gaming, Prom Official ML နှင့် T26.haha

● အင်ဒိုနီးရှားနိုင်ငံမှ Cindy Gullla, Dylan PROS, GOGOGOY, Jess No Limit နှင့် VY Gaming

● မလေးရှားနိုင်ငံမှ Fredo Sameon, Harris Annuar, Ismail Izzani, Soloz နှင့် XK Penjahat

● မြန်မာနိုင်ငံမှ Ace Gaming, GuGu, I C E I C E, Original Matt Channel နှင့် NX Live

● ဖိလစ်ပိုင်နိုင်ငံမှ Alodia Gosiengfiao, Ashley Gosiengfiao, Dexie Diaz, James Reid နှင့် Megan Young from the Philippines

●စင်ကာပူနိုင်ငံမှ Danial Ron (TITAN GAMERS), Nathan Hartono, Ryan Tan (Night Owl Cinematics), Sezairi နှင့် Vincent Sin (TITAN GAMERS)

●ထိုင်းနိုင်ငံမှ Basgamer, Dx Channel, Frozenkiss, JAI RAW, နှင့် May Pitchanart တို့ပါဝင်သွားမှာဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲဝင်ကိုတော့ ဒီဇင်ဘာထဲမှာ ကြေညာပေးသွားမှာပါ။

● ဗီယက်နမ်နိုင်ငံမှ ADN Đấng YM, Bé Chanh Gaming, Milona, Misthy နှင့် Msuong တို့ပါဝင်လာမှာဖြစ်သည်။

League of Legends: Wild Rift ဂိမ်းသည် တစ်ဦးချင်း ကျွမ်းကျင်မှုများကို အခြေခံပြီး (၅) ယောက်စုစည်းကာ အသင်းလိုက် စုစည်း တိုက်ခိုက်ရသော MOBA game အမျိုးအစားဖြစ်သည်။ Mobile ဖုန်းနဲ့ Console Device များအတွက် အသင့်လျော်ဆုံးဖြစ်အောင် ဖန်တီးထုတ်လုပ်ပေးထားပြီး ဆန်းသစ်သော ဂိမ်းတွင်း ထိန်းချုပ်မှုများနှင့် လျင်မြန်သွက်လက်သည့် Game အခြေခံများပါဝင်သည်။ အဆင့်တစ်ခုချင်းဆီမှ ကစားသမားများသည် သူငယ်ချင်းများနှင့် စုစည်းကာ ကြိုက်နှစ်သက်ရာချန်ပီယံများကို ရွေးချယ်ပြီး အကောင်းဆုံးယှဉ်ပြိုင်ကစားသွားနိုင်မည်ဖြစ်သည်။

သရုပ်ပြပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့် ပြိုင်ပွဲဝင်များနှင့် ပြသသွားမည့် Channel များတွင် အခြားအသေးစိတ်အချက်အလက်များကို အောက်ပါလင့်ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://www.WildRiftPentaboom.com/

Source – League of Legends: Wild Rift