[Zawgyi]

Nokia ဆိုတာနဲ႔ လက္ထဲဆုပ္ကိုင္ထားရင္ေတာင္ မသိသာေလာက္ေအာင္ေသးတဲ့ Feature ဖုန္းေလးေတြကို အားလုံးက ေျပးျမင္မိၾကမယ္ ထင္ပါတယ္။ အေကာင္ေသးသေလာက္ အဆိပ္ျပင္းတယ္လို႔ ဆိုရမယ့္ Nokia ဖုန္းေလးေတြဟာ အၾကမ္းခံသလို၊ လိုင္းဆြဲအားလည္း ေကာင္းပါတယ္။ ဖုန္းကုမၸဏီေတြအားလုံးက စမတ္ဖုန္းဘက္ ေျပာင္းေ႐ႊ႕သြားတာေတာင္ Nokia က သူ႔ရဲ႕ Feature ဖုန္းေလးေတြကို မစြန႔္ပစ္ပါဘူး။ ဆက္ၿပီး ထိန္းသိမ္းထားဆဲပါ။

Nokia 106 Feature ဖုန္းေလးေတြဟာ ႏိုင္ငံတကာ ေဈးကြက္ကို ေရာက္ေတာ့မယ္လို႔ HMD Global က ေၾကညာလိုက္ပါတယ္။ 1.8-inch မ်က္ႏွာျပင္မွာ 160×120 resolution နဲ႔ ျဖစ္တာေၾကာင့္ မ်က္ႏွာျပင္အရည္အေသြး ပိုေကာင္းလာတယ္လို႔ ဆိုရမွာပါ။ ဒီ Nokia 106 ဟာ Contact ေပါင္း ၂၀၀၀ ေက်ာ္ကို သိမ္းဆည္းလို႔ရသလို၊ SMS message ေပါင္း ၅၀၀ ေက်ာ္လည္း သိုေလွာင္ထားလို႔ရမွာ ျဖစ္ပါတယ္။

Nokia 106 ရဲ႕ ဘက္ထရီက တစ္ခါအားသြင္းထား႐ုံနဲ႔ တစ္ေနကုန္ အသုံးခံတယ္လို႔ ေၾကာ္ျငာထားပါေသးတယ္။ အတိအက်ေျပာရရင္ ၁၅.၇ နာရီ (၁၅ နာရီ မိနစ္ ၄၀ နီးပါး မနားတမ္း ဖုန္းေျပာလို႔ရေအာင္) အသုံးခံတယ္လို႔ ဆိုတာပါ။ မသုံးဘဲထားရင္လည္း Standby time က အနည္းဆုံး၂၁ ရက္ (၃ပတ္) ခံတယ္လို႔ သိရပါတယ္။ ဟိုးတုန္းက Nokia ေလးေတြထက္ အမ်ားႀကီးပိုေကာင္းလာၿပီေပါ့။

အတြင္းမွာ တပ္ဆင္ထားတဲ့ Specs ေတြကေတာ့ MTK 6261D processor, 4MB RAM, Removable 800 mAh2 battery တို႔ ျဖစ္ပါတယ္။ Storage ကလည္း 4MB လို႔ သိရပါတယ္။ SIM ကေတာ့ Dual SIM စနစ္ ျဖစ္ပါတယ္။ အားသြင္းစနစ္အတြက္ USB port နဲ႔ဆိုေတာ့ အလြယ္တကူ အားသြင္းႏိုင္ၿပီျဖစ္ပါတယ္။ ဖုန္းတစ္လုံး လုံးရဲ႕ အေလးခ်ိန္က ၇၀ ဂရမ္ပဲ ရွိတာပါတယ္။ Headphone jack လည္းပါဝင္ပါတယ္။ အေရာင္ကေတာ့ Dark blue နဲ႔ Light gray တို႔ ျဖစ္ပါတယ္။

ေဈးႏႈန္းကေတာ့ ႏိုင္ငံအလိုက္အေျပာင္းအလဲ ရွိတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ေဒၚလာ ၂၀ ဝန္းက်င္မွာပဲ ရွိတာပါ။ (႐ုရွားမွာ ၂၂ ေဒၚလာႏႈန္းေလာက္နဲ႔ ေရာင္းၿပီး အိႏၵိယမွာေတာ့ ၁၉ ေဒၚလာႏႈန္းေလာက္နဲ႔ ေရာင္းတာကို ေတြ႕ရပါတယ္)။ ျမန္မာေငြနဲ႔ဆိုရင္ေတာ့ သုံးေသာင္းခြဲ ဝန္းက်င္ေလာက္ ျဖစ္မွာပါ။

Ref: The Verge

 

[Unicode]

Nokia ဆိုတာနဲ့ လက်ထဲဆုပ်ကိုင်ထားရင်တောင် မသိသာလောက်အောင်သေးတဲ့ Feature ဖုန်းလေးတွေကို အားလုံးက ပြေးမြင်မိကြမယ် ထင်ပါတယ်။ အကောင်သေးသလောက် အဆိပ်ပြင်းတယ်လို့ ဆိုရမယ့် Nokia ဖုန်းလေးတွေဟာ အကြမ်းခံသလို၊ လိုင်းဆွဲအားလည်း ကောင်းပါတယ်။ ဖုန်းကုမ္ပဏီတွေအားလုံးက စမတ်ဖုန်းဘက် ပြောင်းရွှေ့သွားတာတောင် Nokia က သူ့ရဲ့ Feature ဖုန်းလေးတွေကို မစွန့်ပစ်ပါဘူး။ ဆက်ပြီး ထိန်းသိမ်းထားဆဲပါ။

Nokia 106 Feature ဖုန်းလေးတွေဟာ နိုင်ငံတကာ ဈေးကွက်ကို ရောက်တော့မယ်လို့ HMD Global က ကြေညာလိုက်ပါတယ်။ 1.8-inch မျက်နှာပြင်မှာ 160×120 resolution နဲ့ ဖြစ်တာကြောင့် မျက်နှာပြင်အရည်အသွေး ပိုကောင်းလာတယ်လို့ ဆိုရမှာပါ။ ဒီ Nokia 106 ဟာ Contact ပေါင်း ၂၀၀၀ ကျော်ကို သိမ်းဆည်းလို့ရသလို၊ SMS message ပေါင်း ၅၀၀ ကျော်လည်း သိုလှောင်ထားလို့ရမှာ ဖြစ်ပါတယ်။

Nokia 106 ရဲ့ ဘက်ထရီက တစ်ခါအားသွင်းထားရုံနဲ့ တစ်နေကုန် အသုံးခံတယ်လို့ ကြော်ငြာထားပါသေးတယ်။ အတိအကျပြောရရင် ၁၅.၇ နာရီ (၁၅ နာရီ မိနစ် ၄၀ နီးပါး မနားတမ်း ဖုန်းပြောလို့ရအောင်) အသုံးခံတယ်လို့ ဆိုတာပါ။ မသုံးဘဲထားရင်လည်း Standby time က အနည်းဆုံး၂၁ ရက် (၃ပတ်) ခံတယ်လို့ သိရပါတယ်။ ဟိုးတုန်းက Nokia လေးတွေထက် အများကြီးပိုကောင်းလာပြီပေါ့။

အတွင်းမှာ တပ်ဆင်ထားတဲ့ Specs တွေကတော့ MTK 6261D processor, 4MB RAM, Removable 800 mAh2 battery တို့ ဖြစ်ပါတယ်။ Storage ကလည်း 4MB လို့ သိရပါတယ်။ SIM ကတော့ Dual SIM စနစ် ဖြစ်ပါတယ်။ အားသွင်းစနစ်အတွက် USB port နဲ့ဆိုတော့ အလွယ်တကူ အားသွင်းနိုင်ပြီဖြစ်ပါတယ်။ ဖုန်းတစ်လုံး လုံးရဲ့ အလေးချိန်က ၇၀ ဂရမ်ပဲ ရှိတာပါတယ်။ Headphone jack လည်းပါဝင်ပါတယ်။ အရောင်ကတော့ Dark blue နဲ့ Light gray တို့ ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ နိုင်ငံအလိုက်အပြောင်းအလဲ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒေါ်လာ ၂၀ ဝန်းကျင်မှာပဲ ရှိတာပါ။ (ရုရှားမှာ ၂၂ ဒေါ်လာနှုန်းလောက်နဲ့ ရောင်းပြီး အိန္ဒိယမှာတော့ ၁၉ ဒေါ်လာနှုန်းလောက်နဲ့ ရောင်းတာကို တွေ့ရပါတယ်)။ မြန်မာငွေနဲ့ဆိုရင်တော့ သုံးသောင်းခွဲ ဝန်းကျင်လောက် ဖြစ်မှာပါ။

Ref: The Verge