[Zawgyi]

Xiaomi က Redmi K30 ရဲ႕ ဓါတ္ပံုနဲ႔ ဗီဒီယိုေတြကို ၿပီးခဲ့တဲ့လက ျပသခဲ့တဲ့အတြက္ ဒီႏွစ္ေႏွာင္းပိုင္းမွာ အဲဒီ ဖုန္းကို ေၾကညာမယ္လို႔ ထင္ခဲ့ၾကပါတယ္။ အခုေတာ့ Xiaomi Group ရဲ႕ ဒုတိယ ဥကၠဌ Lu Weibing က လာမယ့္ႏွစ္မွာ Redmi K30 ကို ေရာင္းမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူက China Mobile ရဲ႕ အေကာင္းဆံုး 4G စမတ္ဖုန္းစာရင္းကိုလည္း ေျပာျပလိုက္ၿပီး အဲဒီထဲမွာ Redmi K20 Pro Premium Edition, Redmi K20 Pro, Redmi Note 8 Pro နဲ႔ Redmi Note 8 ေတြ ပါပါတယ္။

သူက 5G စမတ္ဖုန္းနယ္ပယ္မွာ ယွဥ္ၿပိဳင္မယ့္ အေၾကာင္းနဲ႔ သူတို႔ရဲ႕ Fans ေတြကို အေကာင္းဆံုး အရည္အေသြးေတြ ေပးမယ္ဆိုတာကို ေျပာခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္မွာ ကုမၸဏီရဲ႕ ပြဲဦးထြက္ 5G စမတ္ဖုန္းဟာ Redmi K30 ျဖစ္မယ္လို႔ ေျပာပါတယ္။ တရုတ္ရဲ႕ နာမည္ေက်ာ္ Leakster ျဖစ္တဲ့ Digital Chat Station က Lu Weibing ရဲ႕ ပို႔စ္ကို သူ႔ရဲ႕ Timeline မွာ မွ်ေ၀ထားၿပီး Qualcomm ဒါမွမဟုတ္ MediaTek ရဲ႕ စြမ္းရည္သင့္ 5G Chipset ကို Redmi K30 မွာ ထည့္သြင္းထားမယ္လို႔ သတင္းေပးလိုက္ပါတယ္။ ၂၀၂၀ ခုႏွစ္ ဇန္န၀ါရီလမွာ အေစာဆံုး အေနနဲ႔ ေရာင္းခ်မယ္လို႔လည္း သူက ေျပာပါတယ္။

Qualcomm က 5G Chipset အသစ္ကို မေၾကညာရေသးပါဘူး။ ဒီဇင္ဘာလ ၃ ရက္နဲ႔ ၅ ရက္ၾကားမွာ က်င္းပမယ့္ ကုမၸဏီရဲ႕ Summit မွာ အဲဒီ 5G Chipset ကို မိတ္ဆက္ႏုိင္ပါတယ္။ MediaTek ကလည္း ႏုိ၀င္ဘာလ ၂၆ ရက္ေန႔မွာ Summit ျပဳလုပ္မွာ ျဖစ္ၿပီး MT6885 ကို ခ်ျပေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ 5G Chipset ေတြကို စြမ္းရည္သင့္ စမတ္ဖုန္းေတြအတြက္ ထုတ္လုပ္ထားတာပါ။

Ref : gizmochina

[Unicode]

5G ပါမယ့် Redmi K30 ကို နောက်နှစ် အစောပိုင်းမှာ မြင်တွေ့ရမည်

Xiaomi က Redmi K30 ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ပြီးခဲ့တဲ့လက ပြသခဲ့တဲ့အတွက် ဒီနှစ်နှောင်းပိုင်းမှာ အဲဒီ ဖုန်းကို ကြေညာမယ်လို့ ထင်ခဲ့ကြပါတယ်။ အခုတော့ Xiaomi Group ရဲ့ ဒုတိယ ဥက္ကဌ Lu Weibing က လာမယ့်နှစ်မှာ Redmi K30 ကို ရောင်းမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူက China Mobile ရဲ့ အကောင်းဆုံး 4G စမတ်ဖုန်းစာရင်းကိုလည်း ပြောပြလိုက်ပြီး အဲဒီထဲမှာ Redmi K20 Pro Premium Edition, Redmi K20 Pro, Redmi Note 8 Pro နဲ့ Redmi Note 8 တွေ ပါပါတယ်။

သူက 5G စမတ်ဖုန်းနယ်ပယ်မှာ ယှဉ်ပြိုင်မယ့် အကြောင်းနဲ့ သူတို့ရဲ့ Fans တွေကို အကောင်းဆုံး အရည်အသွေးတွေ ပေးမယ်ဆိုတာကို ပြောခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ကုမ္ပဏီရဲ့ ပွဲဦးထွက် 5G စမတ်ဖုန်းဟာ Redmi K30 ဖြစ်မယ်လို့ ပြောပါတယ်။ တရုတ်ရဲ့ နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station က Lu Weibing ရဲ့ ပို့စ်ကို သူ့ရဲ့ Timeline မှာ မျှဝေထားပြီး Qualcomm ဒါမှမဟုတ် MediaTek ရဲ့ စွမ်းရည်သင့် 5G Chipset ကို Redmi K30 မှာ ထည့်သွင်းထားမယ်လို့ သတင်းပေးလိုက်ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ အစောဆုံး အနေနဲ့ ရောင်းချမယ်လို့လည်း သူက ပြောပါတယ်။

Qualcomm က 5G Chipset အသစ်ကို မကြေညာရသေးပါဘူး။ ဒီဇင်ဘာလ ၃ ရက်နဲ့ ၅ ရက်ကြားမှာ ကျင်းပမယ့် ကုမ္ပဏီရဲ့ Summit မှာ အဲဒီ 5G Chipset ကို မိတ်ဆက်နိုင်ပါတယ်။ MediaTek ကလည်း နိုဝင်ဘာလ ၂၆ ရက်နေ့မှာ Summit ပြုလုပ်မှာ ဖြစ်ပြီး MT6885 ကို ချပြတော့မှာ ဖြစ်ပါတယ်။ အဲဒီ 5G Chipset တွေကို စွမ်းရည်သင့် စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ထားတာပါ။

Ref : gizmochina