[Zawgyi]

Redmi Note 7 ဟာ စေရာင္းကတည္းက အရမ္းကို ေအာင္ျမင္ခဲ့ပါတယ္။ အခုေတာ့ အဲဒီ ဖုန္းရဲ႕ မ်ိဳးဆက္ျဖစ္တဲ့ Redmi Note 8 ကို မၾကာခင္ ေၾကညာေတာ့မွာျဖစ္ၿပီး Specs ေတြ ပိုလန္းလာေတာ့မွာပါ။ Redmi Brand ရဲ႕ အေထြေထြ မန္ေနဂ်ာ Lu Weibing က Redmi Note 8 နဲ႔ ပတ္သက္ၿပီး ၀ီဘိုမွာ ပို႔စ္တင္လိုက္ပါတယ္။ သူဟာ အဲဒီ စမတ္ဖုန္းကို စမ္းသပ္သံုးေနတဲ့ပံုေပၚပါတယ္။

သူက စမတ္ဖုန္း အသစ္ရဲ႕ ကင္မရာနဲ႔ ဘက္ထရီ သက္တမ္းဟာ ပိုလန္းလာၿပီး Screen-to-body Ratio ျမင့္မားတဲ့အတြက္ ကိုင္ရတာလည္း သက္ေတာင့္သက္သာရွိတယ္လို႔ ပို႔စ္မွာ ေရးသားထားပါတယ္။ ၀ီဘိုမွ ပို႔စ္ကို Redmi Note 8 နဲ႔ တင္ထားတာေတြ႕ရပါတယ္။

Redmi Note 8 ဟာ မၾကာခင္မွာ ေၾကညာေတာ့မယ့္ 64MP Smartphone  ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါေပမယ့္ ကုမၸဏီကေတာ့ အတည္မျပဳေသးပါဘူး။ ၿပီးခဲ့တဲ့ ရက္ပိုင္းက Redmi က 64MP Smartphone ကို အမ်ားအျပား ထုတ္လုပ္ေနၿပီလို႔ တရား၀င္ ေျပာထားပါတယ္။ Redmi Note 8 ကိုလည္း မၾကာခင္ ေၾကညာေတာ့မွာ ျဖစ္တဲ့ အတြက္ အဲဒီ ဖုန္း ျဖစ္ဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။

ကုမၸဏီက Redmi Note 8 နဲ႔အတူ Redmi 8 ကိုလည္း ေၾကညာႏုိင္ပါတယ္။ TENAA မွာ Redmi 8 ရဲ႕ Specs ေတြထြက္ေပၚေနပါတယ္။ Redmi 8 မွာ ၆.၂ လက္မ HD+ Display ထည့္သြင္းထားပါတယ္။ 2.0GHz Octa-core Processor ေမာင္းႏွင္ထားပါတယ္။  4GB/64GB အထိ ေရြးခ်ယ္ႏုိင္မွာပါ။  အေနာက္ဘက္မွာ ကင္မရာ ၂ လံုးပါၿပီး  ကင္မရာေအာက္မွာ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားပါတယ္။  လွ်င္ျမန္စြာ အားသြင္း စနစ္ပါတဲ့ 5000mAh Battery ထည့္သြင္းထားေပမယ့္ အားသြင္း အျမန္ႏႈန္းကို မသိရေသးပါဘူး။

Ref : gizmochina

[Unicode]

Redmi Note 8 ကို သုံးပြီး ပို့စ်တင်လိုက်တဲ့ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ

Redmi Note 7 ဟာ စရောင်းကတည်းက အရမ်းကို အောင်မြင်ခဲ့ပါတယ်။ အခုတော့ အဲဒီ ဖုန်းရဲ့ မျိုးဆက်ဖြစ်တဲ့ Redmi Note 8 ကို မကြာခင် ကြေညာတော့မှာဖြစ်ပြီး Specs တွေ ပိုလန်းလာတော့မှာပါ။ Redmi Brand ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က Redmi Note 8 နဲ့ ပတ်သက်ပြီး ဝီဘိုမှာ ပို့စ်တင်လိုက်ပါတယ်။ သူဟာ အဲဒီ စမတ်ဖုန်းကို စမ်းသပ်သုံးနေတဲ့ပုံပေါ်ပါတယ်။

သူက စမတ်ဖုန်း အသစ်ရဲ့ ကင်မရာနဲ့ ဘက်ထရီ သက်တမ်းဟာ ပိုလန်းလာပြီး Screen-to-body Ratio မြင့်မားတဲ့အတွက် ကိုင်ရတာလည်း သက်တောင့်သက်သာရှိတယ်လို့ ပို့စ်မှာ ရေးသားထားပါတယ်။ ဝီဘိုမှ ပို့စ်ကို Redmi Note 8 နဲ့ တင်ထားတာတွေ့ရပါတယ်။

Redmi Note 8 ဟာ မကြာခင်မှာ ကြေညာတော့မယ့် 64MP Smartphone ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီကတော့ အတည်မပြုသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက Redmi က 64MP Smartphone ကို အများအပြား ထုတ်လုပ်နေပြီလို့ တရားဝင် ပြောထားပါတယ်။ Redmi Note 8 ကိုလည်း မကြာခင် ကြေညာတော့မှာ ဖြစ်တဲ့ အတွက် အဲဒီ ဖုန်း ဖြစ်ဖို့ သေချာသလောက်ရှိနေပါတယ်။

ကုမ္ပဏီက Redmi Note 8 နဲ့အတူ Redmi 8 ကိုလည်း ကြေညာနိုင်ပါတယ်။ TENAA မှာ Redmi 8 ရဲ့ Specs တွေထွက်ပေါ်နေပါတယ်။ Redmi 8 မှာ ၆.၂ လက်မ HD+ Display ထည့်သွင်းထားပါတယ်။ 2.0GHz Octa-core Processor မောင်းနှင်ထားပါတယ်။ 4GB/64GB အထိ ရွေးချယ်နိုင်မှာပါ။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးပါပြီး ကင်မရာအောက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ လျှင်မြန်စွာ အားသွင်း စနစ်ပါတဲ့ 5000mAh Battery ထည့်သွင်းထားပေမယ့် အားသွင်း အမြန်နှုန်းကို မသိရသေးပါဘူး။

Ref : gizmochina