နောက်ထွက်မယ့် MacBook Air မှာ M2 Chip အသစ် ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ နောက်ဆုံးထုတ် MacBook Pro မော်ဒယ်တွေမှာ ပါတဲ့ M1 Pro နဲ့ M1 Max Chip တွေထက် စွမ်းဆောင်ရည်ပိုကောင်းမှာ ဖြစ်ပါတယ်။

MacBook Air 2021 render

MacBook Air အသစ်မှာ Cooling Fans ပါလာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အဲဒီအတွက် M2 Chip ဟာ စွမ်းဆောင်ရည်မြင့်မားပေမယ့် စွမ်းအင် စားသုံးမှု နည်းပါးကာ အပူထုတ်လုပ်မှု သက်သာစေမယ်လို့ထင်ရပါတယ်။

MacBook Air Powered by Windows 10 - What Would Be the Difference? - Tech  News and Discoveries | Henri Le Chart Noir

MacBook Air အသစ်ရဲ့ ဒီဇိုင်းကိုလည်း Leakster က ပြောပြထားပြီး အရင် မော်ဒယ်တွေထက် ပိုမို ပါးလွှာကာ ပေါ့ပါးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Mini-LED ပါလာနိုင်ပြီး 1080p ကင်မရာကို Notch မှာ ထည့်သွင်းထားနိုင်ပါတယ်။ ProMotion Variable Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။

USB C Port နဲ့ 30W Power Adapter ထည့်သွင်းထားမှာ ဖြစ်ပြီး Full-sized Function Key တွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းက အရင် မော်ဒယ်တွေထက် အနည်းငယ်များပြားနိုင်ပြီး iMac 24 ရဲ့ အရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ MacBook Air အသစ်ကို ၂၀၂၂ ခုနှစ်လယ်မှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina