Apple ဟာ iPad တွေနဲ့ MacBook တွေမှာ mini LED panel တွေ ထည့်သွင်းဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီကိစ္စကို အကောင်အထည်ဖော်နေရာမှာ ကုမ္ပဏီဟာသူ့ရဲ့ ကုန်ပစ္စည်းပေးသွင်းသူတွေနဲ့ အဆင်ပြေချောမွေ့နေတာကြာင့် မျှော်လင့်ထားတာထက် အများကြီးစောပြီး အကောင်အထည်ပေါ်လာဖွယ်ရှိနေပါတယ်။

Apple သတင်းတွေကို အစဉ်တစိုက်လေ့လာရေးသားနေတဲ့ Ming-Chi Kuo ကတော့ mini LED panels တွေပါဝင်တဲ့ MacBooks နှစ်မျိုးကို မြင်တွေ့ရတော့မယ်လို့ ယုံကြည်နေပါတယ်။ ဈေးသက်သာတဲ့ MacBook Air ဟာ ဒီဇိုင်းပြန်လုပ်ထားတဲ့ MacBook Pro နဲ့အတူတွေ့ရဖွယ်ရှိသလို၊ 13-inch မော်ဒယ်လည်း ဖြစ်ဖွယ်ရှိပါတယ်။ ဒါဟာ MacBook မိသားစုထဲကနေ မျက်နှာပြင်နည်းပညာသစ်ကို ပြောင်းလဲလာတဲ့ ပထမဆုံးလည်း ဖြစ်လာနိုင်ပါတယ်။

iPad တွေကိုလည်း အလားတူပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ရမှာဖြစ်ပေမယ့် MacBook တွေကတော့ M1 chip အသစ်တွေကြောင့် mini LED ကူးပြောင်းခြင်းကို ပိုပြီးတွန်းအားဖြစ်စေမယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမယ့်သုံးနှစ်အတွင်းမှာ MacBook တင်ပို့ရောင်းချမှုတွေဟာ ၁၀၀% တိုးတက်လာဖွယ်ရှိတယ်လို့လည်း Min က ဆိုပါသေးတယ်။

တင်ပို့ရောင်းချမှုတွေ ပိုပြီးဖြစ်ထွန်းမှာကြောင့် Apple ဟာ သူ့ရဲ့ mini LED မှာယူမှုကို ၂၀၂၁ အတွက် ၃၅၀%၊ ၂၀၂၂ အတွက် ၄၅၀% တိုးမြှင့်ပြီး ယူနစ်ပေါင်း ၁၀−၁၂ သန်း နဲ့ ၂၅−၂၈ သန်းကြား ရောက်ရှိစေတယ်လို့ ဆိုပါတယ်။

Ref: GSM Arena