Unicode

Apple ကနေ အခုနောက်ပိုင်းမှာ Performance အကြမ်းစားနဲ့ Professional Consumer စျေးကွက်အတွက်ရည်ရွယ်ပြီး 16-inch MacBook Pro နဲ့ Mac Pro လိုမျိုး ကွန်ပျူတာတွေကို မိတ်ဆက်ထားတာဖြစ်ပါတယ်။ အခုလည်း Apple ကနေ Mac ကွန်ပျူတာတွေကို Software ကနေတစ်ဆင့် စွမ်းဆောင်ရည်ပိုကောင်းလာအောင် ဆောင်ရွက်ပေးသွားဦးမယ့်ပုံစံပါပဲ။

ဒီ Feature ကိုတော့ လက်ရှိ macOS နောက်ဆုံး Beta Update ဖြစ်တဲ့ macOS Catalina 10.15.3 မှာတွေ့ရှိခဲ့ရတာဖြစ်ပြီး Apple ကတော့ “Pro Mode” လို့ ခေါ်ဆိုလာမယ်လို့ သိရပါတယ်။ ဒီ Pro Mode Feature ကို အသုံးပြုသူတွေအနေနဲ့ Manual အသုံးပြုနိုင်မှာဖြစ်ပြီးတော့ အသုံးပြုတဲ့အချိန်မှာ App တွေအသုံးပြုရတာ ပိုမြန်ဆန်လာမှာဖြစ်ပေမယ့် Battery Life ကတော့ ပိုလျော့သွားနိုင်ပြီး Fan Noise လည်းပိုကျယ်လာမှာဖြစ်ပါတယ်။ Apple အနေနဲ့ ဒီ Feature ကိုအသုံးပြုမယ်ဆိုရင် Fan Speed Limitation ကိုပါ Override ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီ Feature Update ဟာဆိုရင် macOS ရဲ့ Power Management System နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အတွက် ဒီ Pro Mode ကို အသုံးပြုမယ်ဆိုရင် Fan တွေကို ပိုပြီးလည်ပတ်စေပြီး CPU Clock Speed ကိုလည်း ပိုမြင့်မားတဲ့နှုန်းနဲ့ အလုပ်လုပ်သွားမယ်လို့ ယူဆရပါတယ်။ ဒါကလက်ရှိ Gaming Laptop အများစုမှာပါဝင်တဲ့ Turbo Mode နဲ့ ဆင်တူမှာဖြစ်ပါတယ်။

ဒီလိုမျိုး Clock Speed လည်း မြင့်မားတဲ့နှုန်းနဲ့အလုပ်လုပ်မယ့်အပြင် Fan Speed ကိုပါ တိုးလာမှာဖြစ်တဲ့အတွက် အမြဲတမ်းတော့ ဒီ Pro Mode ကို အသုံးပြုနိုင်မှာမဟုတ်ဘဲ အသုံးပြုပြီး နောက်တစ်ရက်နေရင် အလိုအလျောက် Disable ပြန်ဖြစ်သွားမှာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Pro Mode Feature Update ကို ဘယ် Mac ကွန်ပျူတာတွေမှာ ရရှိလာနိုင်မလဲဆိုတာကတော့ မသေချာသေးပေမယ့် လောလောဆယ်ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ 16-inch MacBook Pro မှာပဲ ရရှိမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Apple ကနေ တရားဝင်ကြေညာတာကိုပဲ စောင့်ကြည့်ရဦးမှာပါ။

Ref – 9to5Mac

Zawgyi

Apple ကေန အခုေနာက္ပိုင္းမွာ Performance အၾကမ္းစားနဲ႔ Professional Consumer ေစ်းကြက္အတြက္ရည္႐ြယ္ၿပီး 16-inch MacBook Pro နဲ႔ Mac Pro လိုမ်ိဳး ကြန္ပ်ဴတာေတြကို မိတ္ဆက္ထားတာျဖစ္ပါတယ္။ အခုလည္း Apple ကေန Mac ကြန္ပ်ဴတာေတြကို Software ကေနတစ္ဆင့္ စြမ္းေဆာင္ရည္ပိုေကာင္းလာေအာင္ ေဆာင္႐ြက္ေပးသြားဦးမယ့္ပုံစံပါပဲ။

ဒီ Feature ကိုေတာ့ လက္ရွိ macOS ေနာက္ဆုံး Beta Update ျဖစ္တဲ့ macOS Catalina 10.15.3 မွာေတြ႕ရွိခဲ့ရတာျဖစ္ၿပီး Apple ကေတာ့ “Pro Mode” လို႔ ေခၚဆိုလာမယ္လို႔ သိရပါတယ္။ ဒီ Pro Mode Feature ကို အသုံးျပဳသူေတြအေနနဲ႔ Manual အသုံးျပဳႏိုင္မွာျဖစ္ၿပီးေတာ့ အသုံးျပဳတဲ့အခ်ိန္မွာ App ေတြအသုံးျပဳရတာ ပိုျမန္ဆန္လာမွာျဖစ္ေပမယ့္ Battery Life ကေတာ့ ပိုေလ်ာ့သြားႏိုင္ၿပီး Fan Noise လည္းပိုက်ယ္လာမွာျဖစ္ပါတယ္။ Apple အေနနဲ႔ ဒီ Feature ကိုအသုံးျပဳမယ္ဆိုရင္ Fan Speed Limitation ကိုပါ Override ျပဳလုပ္သြားမွာျဖစ္ပါတယ္။

ဒီ Feature Update ဟာဆိုရင္ macOS ရဲ႕ Power Management System နဲ႔ တိုက္႐ိုက္သက္ဆိုင္တဲ့အတြက္ ဒီ Pro Mode ကို အသုံးျပဳမယ္ဆိုရင္ Fan ေတြကို ပိုၿပီးလည္ပတ္ေစၿပီး CPU Clock Speed ကိုလည္း ပိုျမင့္မားတဲ့ႏႈန္းနဲ႔ အလုပ္လုပ္သြားမယ္လို႔ ယူဆရပါတယ္။ ဒါကလက္ရွိ Gaming Laptop အမ်ားစုမွာပါဝင္တဲ့ Turbo Mode နဲ႔ ဆင္တူမွာျဖစ္ပါတယ္။

ဒီလိုမ်ိဳး Clock Speed လည္း ျမင့္မားတဲ့ႏႈန္းနဲ႔အလုပ္လုပ္မယ့္အျပင္ Fan Speed ကိုပါ တိုးလာမွာျဖစ္တဲ့အတြက္ အၿမဲတမ္းေတာ့ ဒီ Pro Mode ကို အသုံးျပဳႏိုင္မွာမဟုတ္ဘဲ အသုံးျပဳၿပီး ေနာက္တစ္ရက္ေနရင္ အလိုအေလ်ာက္ Disable ျပန္ျဖစ္သြားမွာလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီ Pro Mode Feature Update ကို ဘယ္ Mac ကြန္ပ်ဴတာေတြမွာ ရရွိလာႏိုင္မလဲဆိုတာကေတာ့ မေသခ်ာေသးေပမယ့္ ေလာေလာဆယ္ထြက္ေပၚေနတဲ့ သတင္းေတြအရေတာ့ မၾကာခင္ကမွ မိတ္ဆက္ထားတဲ့ 16-inch MacBook Pro မွာပဲ ရရွိမယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ Apple ကေန တရားဝင္ေၾကညာတာကိုပဲ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – 9to5Mac