#AskMadhav နောက်ဆုံးထွက် Episode မှာ Realme India CEO Madhav Sheth က နောက်ထုတ်မယ့် စမတ်နာရီရဲ့ သတင်းအချက်အလက်တွေကို မျှဝေခဲ့သလို Realme 6 Pro ရဲ့ ခရမ်းရောင်ကို မကြာခင် ရောင်းမယ်ဆိုတာ အသိပေးခဲ့ပါတယ်။

အင်တာဗျူး ဗီဒီယိုရဲ့ ၁ မိနစ် ၄၆ စက္ကန့်မှာ Sheth က Realme 6 Pro ရဲ့ ခရမ်းရောင်ကို မကြာခင် ရောင်းချမယ်လို့ အတည်ပြုခဲ့ပါတယ်။ ၃ မိနစ် ၃၄ စက္ကန့်မှာ Realme Bands လက်ပတ်ကြိုးအတွက် အရောင်အသစ်နဲ့ ဒီဇိုင်းအသစ်တွေ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းပေးထားပါတယ်။

Watch Faces အသစ်နဲ့ သီချင်း ထိန်းချုပ်တဲ့ လုပ်ဆောင်ချက် အသစ်တွေ ထွက်လာဖို့လည်း စီစဉ်နေပါတယ်။ Sheth က Realme Bluetooth စပီကာဟာ မကြာခင် ကြေညာမယ့် ထုတ်ကုန် အသစ် ဖြစ်မယ်လို့ သတင်းပေးလိုက်ပါတယ်။

CEO က ၅ မိနစ် ၃၅ စက္ကန့်မှာ နောက်ထုတ်မယ့် စမတ်နာရီကို ပြသခဲ့ပြီး အနီးကပ်လေ့လာခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူက စမတ်နာရီရဲ့ Specs တွေကို မပြောခဲ့ပါဘူး။ နောက်ထုတ်မယ့် Narzo Series တွေအကြောင်းကိုလည်း ၈ မိနစ်လောက်မှာ ပြောသွားခဲ့ပြီး Sheth က အဲဒီ စမတ်ဖုန်း စီးရီး အသစ်တွေဟာ သူ့ဈေးထဲမှာ စွမ်းရည်နဲ့ ဘက်ထရီ သက်တမ်း အကောင်းဆုံးလို့ ပြောပါတယ်။

Ref : gsmarena