Apple ဟာ မနှစ်တုန်းက iPhone 11 Series ဖုန်းတွေမှာ Ultrawide Camera Sensor အသစ်ကို ထည့်သွင်းခဲ့ပြီး Camera ပိုင်းကို သေချာအာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Apple iPhone တွေမှာ Camera Setup တစ်မျိုးထဲကို အနည်းဆုံး ၂ နှစ်လောက်အသုံးပြုလေ့ရှိပေမယ့် ဒီနှစ်မှာတော့ iPhone 12 Pro ဖုန်းတွေနဲ့အတူ ပြောင်းလဲဦးမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ 2020 iPad Pro တွေမှာ စတင်ထည့်သွင်းခဲ့တဲ့ LiDAR Scanner စနစ်ကို ယခုနှစ်ကုန်ပိုင်းမှာမိတ်ဆက်မယ့် iPhone 12 Pro ဖုန်းတွေမှာပါ ထည့်သွင်းလာမှာကြောင့်ဖြစ်ပါတယ်။ အခုဆိုရင်လည်း iPhone 12 Pro 5G ရဲ့ Camera Design Render ဓါတ်ပုံတွေပါ ထွက်ပေါ်လာပါပြီ။

ယခုနှစ် iPhone 12 Pro နဲ့ iPhone 12 Pro Max ဖုန်းတွေဟာ LiDAR Scanner ကြောင့် Quad Camera Setup ကို အသုံးပြုလာတယ်လို့ပြောနိုင်ပြီးတော့ ကင်မရာ ၄ လုံးကို လက်ရှိ iPhone 11 Pro ဖုန်းတွေရဲ့ Camera Design မှာပဲ LiDAR Scanner ကို ညာဘက်အောက်မှာတပ်ဆင်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် LED Flash က ကင်မရာ ၄ လုံးရဲ့ အလယ်ကို ရောက်ရှိသွားမှာပါ။

iPhone 12 Pro နဲ့ iPhone 12 Pro Max ဟာ Apple ရဲ့ 5nm Architecture ကို အသုံးပြုထားတဲ့ A14 Bionic Chip ကို အသုံးပြုလာမှာဖြစ်ပြီးတော့ 5G ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် Notch ကိုလုံးဝဖြုတ်နိုင်သေးမှာမဟုတ်တဲ့အတွက် ယခင် iPhone တွေလိုမျိုးပဲ Notch ကို ဆက်လက်ထည့်သွင်းထားဦးမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ USB-C အစား Lightning Port ကိုပဲ ဆက်လက်သုံးစွဲလာဦးမှာပါ။

ဒါပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် 6.1″ iPhone 12 Pro နဲ့ 6.7″ iPhone 12 Pro Max ဖုန်းတွေဟာ ပုံမှန်စက်တင်ဘာလထက်နောက်ကျပြီးတော့ အောက်တိုဘာလကုန် နိုဝင်ဘာလကြမှမိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဆိုပါ iPhone 12 Pro ဖုန်းတွေနဲ့အတူ 5.4″ iPhone 12 နဲ့ 6.1″ iPhone 12 Plus ဖုန်းတွေကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။

Ref – Phone Arena