[Zawgyi]

ကယ္လီဖိုးနီယား ေတာင္ပိုင္းမွ ရဲမ်ားက အေ၀းေျပးလမ္းမမွာ ကားေမာင္းစဥ္တြင္ အိပ္ေနတဲ့ လူတစ္ေယာက္ကို ရွာေဖြေနပါတယ္။ Tesla က သူ႔ရဲ႕ ကားမ်ားမွာ ေမာင္းသူမဲ့ ကားနည္းပညာ ႏွစ္ခုကို ထည့္သြင္းေပးထားပါတယ္။ Autopilot နဲ႔ Full Self Driving မ်ား ျဖစ္ပါတယ္။ Autopilot က ကားရဲ႕ စတီယာရင္၊ အရွိန္ အေႏွး၊ အျမန္နဲ႔ ဘရိတ္မ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ ဒါေပမယ့္ ကားလမ္းေၾကာင္း ေျပာင္းတာကို မလုပ္ေပးပါဘူး။

Full Self Driving က Autopilot ရဲ႕ လုပ္ငန္းမ်ား အျပင္  ကားမ်ားကို ေက်ာ္တက္ျခင္း၊ လမ္းေၾကာင္းေျပာင္းျခင္းမ်ား၊ ကားပါကင္ထိုးျခင္းမ်ားကိုပါ ျပဳလုပ္ႏိုင္ပါတယ္။ အဲဒီ နည္းပညာမ်ားက တကယ္ကို အထင္ႀကီးစရာပါ။ ဒါေပမယ့္ မေတာ္တဆ မွားယြင္းသြားရင္ ထိန္းခ်ဳပ္ဖို႔ ယာဥ္ေမာင္းထိုင္ခံုမွာ လူတစ္ဦးက သတိနဲ႔ ေစာင့္ၾကည့္လိုက္ပါရပါတယ္။ Tesla က “ လက္ရွိ ထည့္သြင္းေပးထားတဲ့ ေမာင္းသူမဲ့ နည္းပညာကို လူတစ္ဦးက သတိနဲ႔ ေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္။ ကားကို လံုး၀ မွီခိုလို႔ မရပါဘူး။ “ လို႔ ေျပာထားပါတယ္။

Tesla ရဲ႕ ေမာင္းသူမဲ့ ကားနည္းပညာကို ယံုၾကည္လြန္းၿပီး ကားေမာင္းေနစဥ္မွာ အိပ္ေပ်ာ္ေနတဲ့ လူတစ္ဦးကို အျခား ယာဥ္ေမာင္းတစ္ဦး ျဖစ္တဲ့ Shawn Miladinovich က ေတြ႕ျမင္ၿပီး ဗီဒီယို မွတ္တမ္းတင္ထားခဲ့တာ ျဖစ္ပါတယ္။ 405 Freeway မွာ အဲဒီကားဟာ ေမာင္းႏွင္ေနတာ ျဖစ္ၿပီး အဲဒီလမ္းမမွာ လမ္းသြားလမ္းလာမ်ားနဲ႔ အေ၀းေျပး ကုန္တင္ကားမ်ား ရွိၾကပါတယ္။

Shawn Miladinovich က “ ေမာင္းသူမဲ့ ကားနည္းပညာကို ယံုၾကည္လြန္းၿပီး ကားေမာင္းစဥ္မွာ အိပ္ေနတဲ့ သတင္းမ်ားကို အရင္က ၾကားခဲ့ဖူးပါတယ္။ အခုေတာ့ လက္ေတြ႕ျမင္လိုက္ရတာပါ။ သူဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို အိပ္ေပ်ာ္ေနတာပါ။ မ်က္လံုးလည္း ပိတ္ေနပါတယ္။ လက္ေတြကလည္း စတီယာရင္မွာ မရွိပါဘူး။ “ လို႔ ေျပာပါတယ္။

Ref : techradar

[Unicode]

Tesla ရဲ့ Self Driving နည်းပညာကို ယုံကြည်လွန်းပြီး ကားမောင်းချိန်မှာ အိပ်နေတဲ့ လူ

ကယ်လီဖိုးနီယား တောင်ပိုင်းမှ ရဲများက အဝေးပြေးလမ်းမမှာ ကားမောင်းစဉ်တွင် အိပ်နေတဲ့ လူတစ်ယောက်ကို ရှာဖွေနေပါတယ်။ Tesla က သူ့ရဲ့ ကားများမှာ မောင်းသူမဲ့ ကားနည်းပညာ နှစ်ခုကို ထည့်သွင်းပေးထားပါတယ်။ Autopilot နဲ့ Full Self Driving များ ဖြစ်ပါတယ်။ Autopilot က ကားရဲ့ စတီယာရင်၊ အရှိန် အနှေး၊ အမြန်နဲ့ ဘရိတ်များကို ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် ကားလမ်းကြောင်း ပြောင်းတာကို မလုပ်ပေးပါဘူး။


Full Self Driving က Autopilot ရဲ့ လုပ်ငန်းများ အပြင် ကားများကို ကျော်တက်ခြင်း၊ လမ်းကြောင်းပြောင်းခြင်းများ၊ ကားပါကင်ထိုးခြင်းများကိုပါ ပြုလုပ်နိုင်ပါတယ်။ အဲဒီ နည်းပညာများက တကယ်ကို အထင်ကြီးစရာပါ။ ဒါပေမယ့် မတော်တဆ မှားယွင်းသွားရင် ထိန်းချုပ်ဖို့ ယာဉ်မောင်းထိုင်ခုံမှာ လူတစ်ဦးက သတိနဲ့ စောင့်ကြည့်လိုက်ပါရပါတယ်။ Tesla က “ လက်ရှိ ထည့်သွင်းပေးထားတဲ့ မောင်းသူမဲ့ နည်းပညာကို လူတစ်ဦးက သတိနဲ့ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ကားကို လုံး၀ မှီခိုလို့ မရပါဘူး။ “ လို့ ပြောထားပါတယ်။
Tesla ရဲ့ မောင်းသူမဲ့ ကားနည်းပညာကို ယုံကြည်လွန်းပြီး ကားမောင်းနေစဉ်မှာ အိပ်ပျော်နေတဲ့ လူတစ်ဦးကို အခြား ယာဉ်မောင်းတစ်ဦး ဖြစ်တဲ့ Shawn Miladinovich က တွေ့မြင်ပြီး ဗီဒီယို မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။ 405 Freeway မှာ အဲဒီကားဟာ မောင်းနှင်နေတာ ဖြစ်ပြီး အဲဒီလမ်းမမှာ လမ်းသွားလမ်းလာများနဲ့ အဝေးပြေး ကုန်တင်ကားများ ရှိကြပါတယ်။

Shawn Miladinovich က “ မောင်းသူမဲ့ ကားနည်းပညာကို ယုံကြည်လွန်းပြီး ကားမောင်းစဉ်မှာ အိပ်နေတဲ့ သတင်းများကို အရင်က ကြားခဲ့ဖူးပါတယ်။ အခုတော့ လက်တွေ့မြင်လိုက်ရတာပါ။ သူဟာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာပါ။ မျက်လုံးလည်း ပိတ်နေပါတယ်။ လက်တွေကလည်း စတီယာရင်မှာ မရှိပါဘူး။ “ လို့ ပြောပါတယ်။
Ref : techradar