[Zawgyi]

iOS devices ေတြရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္တဲ့ တင္းၾကပ္မႈက ေျပာစမွတ္ကို ျဖစ္ရပါတယ္။ အကယ္၍ iPhone ဒါမွမဟုတ္ iPad မွာ Passcode ကို သတ္မွတ္ထားတဲ့ ၆ႀကိမ္ထက္ပိုၿပီး အႀကိမ္ႀကိမ္မွား႐ိုက္ထည့္မယ္ဆိုရင္ေတာ့ အခ်ိန္အၾကာႀကီး Locked က်သြားမွာပဲ ျဖစ္ပါတယ္။ (Setting ေပၚမူတည္ၿပီး ၁၀ႀကိမ္ထိ မွားလို႔ရတာလည္း ရွိပါတယ္)

Osnos လို႔အမည္ရတဲ့ New York က ဂ်ာနယ္လစ္တစ္ေယာက္ဟာ သူ႔ရဲ႕ iPad ကို Passcode အႀကိမ္ႀကိမ္မွား႐ိုက္တာေၾကာင့္ မိနစ္ေပါင္း 25,536,442 မိနစ္ထိ Locked ျဖစ္သြားခဲ့ရပါတယ္။ ဒီလိုမ်ိဳး မွားယြင္းတဲ့ Passcode ကို အႀကိမ္ႀကိမ္႐ိုက္ထည့္တာကေတာ့ သူ႔ရဲ႕ ၃ ႏွစ္အ႐ြယ္ သားေတာင္ေမာင္ ျဖစ္တယ္လို႔ Osnos က ဆိုပါတယ္။

iPhone ေတြ iPad ေတြမွာ Passcode အမွားကို အႀကိမ္ႀကိမ္ ႐ိုက္ထည့္မယ္ဆိုရင္ တစ္ႀကိမ္ထက္ တစ္ႀကိမ္ ပိုၾကာတဲ့ Lock ဖြင့္ခ်ိန္ကို ေစာင့္ဆိုင္းခိုင္းပါေတာ့တယ္။ အခုလိုမ်ိဳး ၄၈ ႏွစ္ေက်ာ္ၾကာေအာင္ေစာင့္ဆိုင္းခိုင္းတာက ျဖစ္ေတာင့္ျဖစ္ခဲလို႔ ဆိုရမွာပါ။

ဒါေပမယ့္ တ႐ုတ္အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕၂ ႏွစ္သား ကေလးငယ္ေၾကာင့္ iPhone ဟာ ၄၈ ႏွစ္ၾကာ Locked ျဖစ္သြားတဲ့ ျဖစ္ရပ္မ်ိဳးလည္း ရွိခဲ့ဖူးပါတယ္။ အခုလိုမ်ိဳး Locked က်သြားရင္ iOS device ကို ကြန္ပ်ဴတာနဲ႔ ခ်ိတ္ဆက္ Sync လုပ္ၿပီးတဲ့ေနာက္ iTunes ကတစ္ဆင့္ Restore လုပ္လို႔ ရေၾကာင္း သိရပါတယ္။

Ref: Phone Arena

[Unicode]

၄၈ နှစ်ကျော် Locked ဖြစ်သွားတဲ့ iPad

iOS devices တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ တင်းကြပ်မှုက ပြောစမှတ်ကို ဖြစ်ရပါတယ်။ အကယ်၍ iPhone ဒါမှမဟုတ် iPad မှာ Passcode ကို သတ်မှတ်ထားတဲ့ ၆ကြိမ်ထက်ပိုပြီး အကြိမ်ကြိမ်မှားရိုက်ထည့်မယ်ဆိုရင်တော့ အချိန်အကြာကြီး Locked ကျသွားမှာပဲ ဖြစ်ပါတယ်။ (Setting ပေါ်မူတည်ပြီး ၁၀ကြိမ်ထိ မှားလို့ရတာလည်း ရှိပါတယ်)

Osnos လို့အမည်ရတဲ့ New York က ဂျာနယ်လစ်တစ်ယောက်ဟာ သူ့ရဲ့ iPad ကို Passcode အကြိမ်ကြိမ်မှားရိုက်တာကြောင့် မိနစ်ပေါင်း 25,536,442 မိနစ်ထိ Locked ဖြစ်သွားခဲ့ရပါတယ်။ ဒီလိုမျိုး မှားယွင်းတဲ့ Passcode ကို အကြိမ်ကြိမ်ရိုက်ထည့်တာကတော့ သူ့ရဲ့ ၃ နှစ်အရွယ် သားတောင်မောင် ဖြစ်တယ်လို့ Osnos က ဆိုပါတယ်။

iPhone တွေ iPad တွေမှာ Passcode အမှားကို အကြိမ်ကြိမ် ရိုက်ထည့်မယ်ဆိုရင် တစ်ကြိမ်ထက် တစ်ကြိမ် ပိုကြာတဲ့ Lock ဖွင့်ချိန်ကို စောင့်ဆိုင်းခိုင်းပါတော့တယ်။ အခုလိုမျိုး ၄၈ နှစ်ကျော်ကြာအောင်စောင့်ဆိုင်းခိုင်းတာက ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုရမှာပါ။

ဒါပေမယ့် တရုတ်အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့၂ နှစ်သား ကလေးငယ်ကြောင့် iPhone ဟာ ၄၈ နှစ်ကြာ Locked ဖြစ်သွားတဲ့ ဖြစ်ရပ်မျိုးလည်း ရှိခဲ့ဖူးပါတယ်။ အခုလိုမျိုး Locked ကျသွားရင် iOS device ကို ကွန်ပျူတာနဲ့ ချိတ်ဆက် Sync လုပ်ပြီးတဲ့နောက် iTunes ကတစ်ဆင့် Restore လုပ်လို့ ရကြောင်း သိရပါတယ်။

Ref: Phone Arena