Martha Stewart က သူမရဲ့ ပထမဆုံး Non-fungible Tokens or NFTs တွေကို အင်္ဂါနေ့က ပြသလိုက်ပြီး အရမ်းကို တိုးတက်လာတဲ့ NFTs နဲ့ Cryptocurrency နယ်ပယ်ထဲကို နောက်ဆုံး ဝင်ရောက်လာတဲ့ Celebrity ဖြစ်လာပါတယ်။ အသက် ၈၀ အရွယ် ဖက်ရှင် ဆရာမကြီးက FRESH Mint ဒစ်ဂျစ်တယ် စတိုးမှာ NFTs Collection တွေကို ရောင်းချဖို့ တင်ထားပါတယ်။

just dropped her very first NFT (Non-Fungible Token).

ရွှေဖရုံသီး ပုံတွေ ပါတဲ့ သူမရဲ့ NFTs များစွာကို ၁၆၆ ဒေါ်လာနဲ့ ရောင်းချနိုင်ခဲ့ပြီးပါပြီ။ တခြား NFTs တွေကို လေလံတင် ရောင်းချမှာ ဖြစ်ပြီး ကြမ်းခင်းဈေးက ၃,၇၉၇ နဲ့ ၁၁,၃၉၁ ဒေါ်လာအတွင်း သတ်မှတ်ထားပါတယ်။

Martha Stewart NFT

Stewart ဟာ NFT Provider ဖြစ်တဲ့ Tokns Commerce နဲ့ ပူးပေါင်းကာ NFTs Collection တွေကို ရောင်းချနေတာ ဖြစ်ပါတယ်။ သူမက “ ကျွန်မ ဘဝ တစ်လျှောက်လုံးမှာ အရည်အချင်းရှိတဲ့ အနုပညာရှင်တွေ၊ ဖန်တီးသူတွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ လက်တွဲရတာ အရမ်း ကံကောင်းပါတယ်။  NFTs တွေဟာ တီထွင်ဖန်တီးမှုတွေ ပြုလုပ်နိုင်တဲ့ နေရာ တစ်ခု ဖြစ်လာပြီး Blockchain က အနုပညာရှင်တွေရဲ့ အံ့မခန်း လက်ရာတွေကို ထောက်ပံ့ပေးနိုင်မှာပါ။ “ လို့ ပြောပါတယ်။

Martha Stewart NFT

NFTs တွေဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို ပိုင်ဆိုင်ကြောင်း သက်သေခံပေးတာ ဖြစ်ပြီး NFTs အရောင်းအဝယ်တွေကို Blockchain နည်းပညာမှာ မှတ်တမ်းတင်ထားပါတယ်။ NFTs တွေဟာ ဒီနှစ်ထဲမှာ အရမ်းကို ရေပန်းစားလာပြီး ရောင်းချရတဲ့ ငွေကြေး ပမာဏဟာ ဒီလထဲမှာ လူတွေ မျက်စိကျစရာကောင်းလောက်အောင် စံချိန်တင်ခဲ့ပါတယ်။

Martha Stewart NFT

အဲဒီအတွက် Celebrity များစွာဟာ NFTs နယ်ပယ်ကို ဝင်ရောက်လာကြပြီး အဲဒီအထဲမှာ ရက်ပါ Lil Nas X , Snoop Dogg , Reese Witherspoon , Lindsay Lohan တို့ ပါဝင်ကြပါတယ်။

Ref : nypost