Marvel ရုပ်ရှင်ကားတွေရဲ့ အကောင်းဆုံးသော ရုပ်ရှင်တစ်ခုဖြစ်လာတဲ့ Avengers : Infinity War ကို ကြည့်ပြီးကြလောက်ပါါပြီ။ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ထဲက Iron Man ဇတ်ကားနဲ့ စတင်ခဲ့တဲ့ Marvel ရုပ်ရှင်တွေဟာ အခုအချိန်မှာတော့ Superhero ရုပ်ရှင်ဆိုတာထက်ပိုတဲ့ Cinematic Universe တစ်ခုဖြစ်နေပါပြီ။

အခုပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ရုံတင်သွားခဲ့တဲ့ Avengers : Infinity War ဇတ်ကားကတော့ လက်ရှိ Marvel Superhero ဇတ်ကားတွေထဲမှာ အကောင်းဆုံးလို့ပြောနိုင်ခဲ့ပြီး ဝင်ငွေတွေလည်း စံချိန်တင်ရရှိခဲ့တာဖြစ်ပါတယ်။

တကယ်လို့ Marvel Fan တွေရှိနေတယ်ဆိုရင် Avengers Edition စမတ်ဖုန်းကို အသုံးပြုချင်တဲ့သူတွေရှိကောင်းရှိမှာပါ။ တကယ်လို့ ရှိနေတယ်ဆိုရင် OnePlus ကနေ အခုထုတ်လုပ်တော့မယ့် OnePlus 6 စမတ်ဖုန်းမှာ Avengers Edition ကိုပါ ထုတ်လုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

OnePlus ကိုယ်တိုင်ကလည်း သူရဲ့ မကြာခင်ထွက်ရှိလာတော့မယ့် OnePlus 6 စမတ်ဖုန်းအပြင် OnePlus 6 Avengers Limited Edition စမတ်ဖုန်းကိုပါ ထုတ်လုပ်သွားမယ်ဆိုပါ အတည်ပြုထားပြီးဖြစ်ပါတယ်။

OnePlus 6 စမတ်ဖုန်းက လာမယ့် မေလ ၁၆ ရက်နေ့မှာ တရားဝင်ကြေညာသွားမှာဖြစ်ပြီးတော့ Qualcomm Snapdragon 845 Processor ၊ RAM 8GB ၊ Storage 256GB နဲ့ ကြီးမားတဲ့ 6.3″ OLED Display ပါဝင်လာမယ်လို့ သတင်းတွေထွက်ရှိထားတာဖြစ်ပါတယ်။ Water Resistant ၊ Wireless Charging နဲ့ အခြားသော Features အသစ်တွေလည်း ပါဝင်လာမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

OnePlus စမတ်ဖုန်းတွေဟာ ပုံမှန်အားဖြင့် အခြားသော Flagship စမတ်ဖုန်းတွေထက် ဈေးနှုန်းပိုပြီး သက်သာတတ်တဲ့အတွက် OnePlus 6 စမတ်ဖုန်းကလည်း ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၀၀ ကျော်ပဲရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့် အခုအတူတွဲပြီး ကြေညာနိုင်တဲ့ OnePlus 6 Avengers Limited Edition ဖုန်းကတော့ ဒေါ်လာ ၈၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

Marvel Superhero Fan တွေအတွက် ဖုန်းသစ်တစ်ခုကတော့ ထွက်လာတော့မှာပါ။