[Zawgyi]

ဆုိရွယ္မီဒီယာရဲ႕ ေထာက္ပံ့မႈအားနဲ႔ Avengers စတား ခရစၥဟမ္းစဝါ့သ္ တုိ႔ေၾကာင့္ Marvel ကုမၸဏီဟာ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ၾသစေၾတးလ် လူမ်ဳိး အမာခံပရိသတ္တစ္ေယာက္ကို သူ႕ရဲ႕ ျပင္းထန္တဲ့ ေဝဒနာေၾကာင့္ မကြယ္လြန္မီ Avengers: Endgame ရုပ္ရွင္ကားအား ႀကိဳတင္ၾကည့္ရႈႏုိင္ရန္ စီစဥ္ေပးသြားမွာ ျဖစ္ပါတယ္။

အဆုိပါပုဂၢိဳလ္ကို အလက္ဇန္းဒါး လို႔ေခၚၿပီး အသည္းကင္ဆာ၊ ခံတြင္းကင္ဆာနဲ႔ ရွားပါးတဲ့ ရုိးတြင္းျခင္ဆီ ေရာဂါတစ္မ်ဳိးတုိ႔ကို ခံစားေနရတာေၾကာင့္ ဧၿပီလမွာ ျပဳလုပ္သြားမယ့္ ရုပ္ရွင္ႀကီးရဲ႕ ပိတ္ကားျပင္ေပၚက ပြဲထြက္ခ်ိန္ကို မီဖို႔ ခက္ခဲေနတာပါ။

အလက္ဇန္းဒါးဟာ သူ႕ရဲ႕အေျခအေနအား Marvel ကုမၸဏီရဲ႕ Subreddit မွာ ဇႏၷဝါရီ ၅ ရက္ေန႔က သြားေရာက္ေရးသားခဲ့ပါတယ္။ သူ႕ပိုစ့္ကိုေတာ့ “ဧၿပီမတုိင္ခင္ ေသဆုံးေတာ့မယ့္ ကၽြန္ေတာ့္ရဲ႕ Endgame” လို႔ အမည္တပ္ခဲ့တယ္။ အဆုိပါပုိစ့္မွာ လက္ရွိခံစားေနရတဲ့ ေဝဒနာေတြကို ေရးျပထားၿပီး သူတုိ႔လို ေဝဒနာခံစားေနရတဲ့ ပရိသတ္မ်ားအတြက္ အရင္ကလည္း ရုပ္ရွင္ကုမၸဏီေတြဟာ ရုံမတင္ေသးတဲ့ ကားေတြကို ႀကိဳတင္ၾကည့္ရႈခြင့္ေပးခဲ့ေၾကာင္း ၾကားဖူးတယ္လို႔ ေရးသားခဲ့ပါတယ္။

သူဟာ ကေလးတစ္ေယာက္မဟုတ္ေၾကာင္းနဲ႔ အလားတူေရာဂါေဝဒနာေၾကာင့္ ညီမျဖစ္သူကိုလည္း ဆုံးရႈံးခဲ့ရကာ သူ႕အလွည့္ေရာက္လာၿပီျဖစ္ေၾကာင္းကို အသနားခံေရးသားခဲ့ပါတယ္။ ျဖစ္ႏုိင္ရင္ ဧၿပီလထိ ေတာင့္ခံခ်င္ေပမယ့္လည္း သူ႕ရဲ႕ ရုိးတြင္းျခင္ဆီျပႆနာက ဆုိးဝါးေနၿပီလို႔ ဆုိပါတယ္။

လူေပါင္းမ်ားစြာက အလက္ဇန္းဒါးရဲ႕ ပုိစ့္ကို ဝုိင္းအားေပးေထာက္ခံခဲ့ၾကၿပီး တြစ္တာမွာ #Avengers4Alexander ဆုိတဲ့ Hashtag ကို တြင္က်ယ္စြာ သုံးစြဲခဲ့ပါတယ္။ ဒီအခါမွာ ဒါရုိက္တာေတြျဖစ္တဲ့ ရူဆုိ ညီေနာင္နဲ႔အတူ Thor ဇာတ္ကားသုံးကားနဲ႔ Avengers ေလးကားတုိ႔မွာ ပါဝင္ခဲ့တဲ့ Thor မင္းသား ခရစၥဟမ္းစဝါ့သ္ပါ ပါဝင္လာခဲ့တာပါ။

အလက္ဇန္းဒါးဟာ ဒီလူေတြရဲ႕ အားေပးေထာက္ခံမႈေၾကာင့္ သူ႕ရဲ႕ ေနာက္ဆုံးဆႏၵျပည့္ဝေတာ့မွာျဖစ္ၿပီး Marvel ကုမၸဏီက သူ႕ရဲ႕ဆႏၵကို ၾကားသိခဲ့တာဟာ အားလုံးရဲ႕အားေပးေထာက္ခံမႈေၾကာင့္ ျဖစ္တယ္လို႔ ေျပာပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ရုံတင္ခဲ့တဲ့ Avengers: Infinity War ဇာတ္ကားဟာ ရုံဝင္ေငြစံခ်ိန္မ်ားစြာကို ခ်ဳိးဖ်က္ခဲ့တာေၾကာင့္ Marvel အတြက္ ဇာတ္လမ္းမေပါက္ၾကားေရးဟာ ထိပ္တန္းလွ်ဳိ႕ဝွက္ရမယ့္ အခ်က္တစ္ခု ျဖစ္ေပမယ့္ အမာခံပရိသတ္တစ္ေယာက္ရဲ႕ ေနာက္ဆုံးဆႏၵကို ျငင္းပယ္ဖို႔ေတာ့ အင္အားမရွိပါဘူး။

Ref – CNET

[Unicode]

ဆိုရှယ်မီဒီယာရဲ့ ထောက်ပံ့မှုအားနဲ့ Avengers စတား ခရစ္စဟမ်းစဝါ့သ် တို့ကြောင့် Marvel ကုမ္ပဏီဟာ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ သြစတြေးလျ လူမျိုး အမာခံပရိသတ်တစ်ယောက်ကို သူ့ရဲ့ ပြင်းထန်တဲ့ ဝေဒနာကြောင့် မကွယ်လွန်မီ Avengers: Endgame ရုပ်ရှင်ကားအား ကြိုတင်ကြည့်ရှုနိုင်ရန် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါပုဂ္ဂိုလ်ကို အလက်ဇန်းဒါး လို့ခေါ်ပြီး အသည်းကင်ဆာ၊ ခံတွင်းကင်ဆာနဲ့ ရှားပါးတဲ့ ရိုးတွင်းခြင်ဆီ ရောဂါတစ်မျိုးတို့ကို ခံစားနေရတာကြောင့် ဧပြီလမှာ ပြုလုပ်သွားမယ့် ရုပ်ရှင်ကြီးရဲ့ ပိတ်ကားပြင်ပေါ်က ပွဲထွက်ချိန်ကို မီဖို့ ခက်ခဲနေတာပါ။

အလက်ဇန်းဒါးဟာ သူ့ရဲ့အခြေအနေအား Marvel ကုမ္ပဏီရဲ့ Subreddit မှာ ဇန္နဝါရီ ၅ ရက်နေ့က သွားရောက်ရေးသားခဲ့ပါတယ်။ သူ့ပိုစ့်ကိုတော့ “ဧပြီမတိုင်ခင် သေဆုံးတော့မယ့် ကျွန်တော့်ရဲ့ Endgame” လို့ အမည်တပ်ခဲ့တယ်။ အဆိုပါပိုစ့်မှာ လက်ရှိခံစားနေရတဲ့ ဝေဒနာတွေကို ရေးပြထားပြီး သူတို့လို ဝေဒနာခံစားနေရတဲ့ ပရိသတ်များအတွက် အရင်ကလည်း ရုပ်ရှင်ကုမ္ပဏီတွေဟာ ရုံမတင်သေးတဲ့ ကားတွေကို ကြိုတင်ကြည့်ရှုခွင့်ပေးခဲ့ကြောင်း ကြားဖူးတယ်လို့ ရေးသားခဲ့ပါတယ်။

သူဟာ ကလေးတစ်ယောက်မဟုတ်ကြောင်းနဲ့ အလားတူရောဂါဝေဒနာကြောင့် ညီမဖြစ်သူကိုလည်း ဆုံးရှုံးခဲ့ရကာ သူ့အလှည့်ရောက်လာပြီဖြစ်ကြောင်းကို အသနားခံရေးသားခဲ့ပါတယ်။ ဖြစ်နိုင်ရင် ဧပြီလထိ တောင့်ခံချင်ပေမယ့်လည်း သူ့ရဲ့ ရိုးတွင်းခြင်ဆီပြဿနာက ဆိုးဝါးနေပြီလို့ ဆိုပါတယ်။

လူပေါင်းများစွာက အလက်ဇန်းဒါးရဲ့ ပိုစ့်ကို ဝိုင်းအားပေးထောက်ခံခဲ့ကြပြီး တွစ်တာမှာ #Avengers4Alexander ဆိုတဲ့ Hashtag ကို တွင်ကျယ်စွာ သုံးစွဲခဲ့ပါတယ်။ ဒီအခါမှာ ဒါရိုက်တာတွေဖြစ်တဲ့ ရူဆို ညီနောင်နဲ့အတူ Thor ဇာတ်ကားသုံးကားနဲ့ Avengers လေးကားတို့မှာ ပါဝင်ခဲ့တဲ့ Thor မင်းသား ခရစ္စဟမ်းစဝါ့သ်ပါ ပါဝင်လာခဲ့တာပါ။

အလက်ဇန်းဒါးဟာ ဒီလူတွေရဲ့ အားပေးထောက်ခံမှုကြောင့် သူ့ရဲ့ နောက်ဆုံးဆန္ဒပြည့်ဝတော့မှာဖြစ်ပြီး Marvel ကုမ္ပဏီက သူ့ရဲ့ဆန္ဒကို ကြားသိခဲ့တာဟာ အားလုံးရဲ့အားပေးထောက်ခံမှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Avengers: Infinity War ဇာတ်ကားဟာ ရုံဝင်ငွေစံချိန်များစွာကို ချိုးဖျက်ခဲ့တာကြောင့် Marvel အတွက် ဇာတ်လမ်းမပေါက်ကြားရေးဟာ ထိပ်တန်းလျှို့ဝှက်ရမယ့် အချက်တစ်ခု ဖြစ်ပေမယ့် အမာခံပရိသတ်တစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒကို ငြင်းပယ်ဖို့တော့ အင်အားမရှိပါဘူး။

Ref – CNET