[Zawgyi]

Apple ဟာ Intel ရဲ႕ Modem Chips ေတြကို သူတို႔ပထမအသုတ္ 5G စမတ္ဖုန္းေတြမွာပဲ အသုံးျပဳဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သိရပါတယ္။ 5G iPhone ေတြကို လာမယ့္ ၂၀၂၀ မတိုင္မီအထိ ေမွ်ာ္လင့္ထားလို႔မရတဲ့ အေၾကာင္းရင္းေတြထဲမွာ Intel ရဲ႕ ထုတ္လုပ္မႈက ဒီႏွစ္ကုန္ထိ အဆင္သင့္မျဖစ္ေသးတာေၾကာင့္လည္း ပါဝင္ပါတယ္။

Digitimes ရဲ႕ ေရးသားေဖာ္ျပမႈမွာေတာ့ Intel ဟာ လာမယ့္ ဒုတိယသုံးလပတ္ေရာက္မွ စတင္မွာ ျဖစ္ၿပီး လိုအပ္တဲ့ ထုတ္လုပ္မႈအနည္းအမ်ားေပၚမူတည္ၿပီး အင္ဂ်င္နီယာစီမံကိန္းခ်မွတ္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Intel ရဲ႕ 5G modem စတင္ထုတ္လုပ္မႈဟာ ၂၀၂၀ ႏွစ္ဦးပိုင္းေလာက္မွ ျဖစ္လာႏိုင္တာလို႔ သုံးသပ္ၾကတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Qualcomm ရဲ႕ Snapdragon X55 5G modem ကသာ ေဈးကြက္ကို အုပ္စိုးထားတာျဖစ္ပါတယ္။ ဒါေပမယ့္ Intel အေနနဲ႔ 5G modem ေတြ ထုတ္လုပ္ၿပီးခ်ိန္မွာ Qualcomm နဲ႔သာမက MediaTek နဲ႔ပါ ယွဥ္ၿပိဳင္သြားရဖြယ္ ရွိေနပါတယ္။

Apple အေနနဲ႔Qualcomm ကို လက္တြဲျဖဳတ္ၿပီးတဲ့ေနာက္ MediaTek ကို ေ႐ြးခ်ယ္ဖို႔ ထည့္သြင္းစဥ္းစားခဲ့ေပမယ့္ အဲဒီအစား အတိတ္က လက္တြဲလုပ္ေဆာင္ခဲ့ဖူးတဲ့ Intel ကိုပဲ ေ႐ြးလိုက္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Apple ဟာ ကိုယ္တိုင္ Modem ထုတ္လုပ္ႏိုင္ဖို႔အတြက္ ဆန္တီေယဂိုမွာ လုပ္ငန္းစတင္ေနတာလည္း ျဖစ္ပါတယ္။

Apple ဟာ အခုအခ်ိန္မွ ေျခလွမ္းစဖို႔ ႀကိဳးပမ္းေနတယ္ဆိုေပမယ့္ ဒုတိယအသုတ္၊ ဒါမွွမဟုတ္ အဲဒီေနာက္ပိုင္း 5G iPhone ေတြမွာေတာ့ ကိုယ္ပိုင္ Modem နဲ႔ ထုတ္လုပ္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ႏိုင္တာလည္း ျဖစ္ပါတယ္။ လက္ရွိအေျခအေနအရ Intel ရဲ႕ ေနာက္က်မႈေၾကာင့္ Apple 5G iPhone ေတြအတြက္ အဓိကအစိတ္အပိုင္းထုတ္လုပ္မႈေတြဟာလည္း ေနာက္က်ခဲ့ရၿပီ ျဖစ္ပါတယ္။

Ref: Phone Arena

5G Apple iPhone အတွက် အဓိကအစိတ်အပိုင်း အမြောက်အများထုတ်လုပ်ခြင်းကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ကြောင်း သိရ

[Unicode]

Apple ဟာ Intel ရဲ့ Modem Chips တွေကို သူတို့ပထမအသုတ် 5G စမတ်ဖုန်းတွေမှာပဲ အသုံးပြုဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ 5G iPhone တွေကို လာမယ့် ၂၀၂၀ မတိုင်မီအထိ မျှော်လင့်ထားလို့မရတဲ့ အကြောင်းရင်းတွေထဲမှာ Intel ရဲ့ ထုတ်လုပ်မှုက ဒီနှစ်ကုန်ထိ အဆင်သင့်မဖြစ်သေးတာကြောင့်လည်း ပါဝင်ပါတယ်။

Digitimes ရဲ့ ရေးသားဖော်ပြမှုမှာတော့ Intel ဟာ လာမယ့် ဒုတိယသုံးလပတ်ရောက်မှ စတင်မှာ ဖြစ်ပြီး လိုအပ်တဲ့ ထုတ်လုပ်မှုအနည်းအများပေါ်မူတည်ပြီး အင်ဂျင်နီယာစီမံကိန်းချမှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Intel ရဲ့ 5G modem စတင်ထုတ်လုပ်မှုဟာ ၂၀၂၀ နှစ်ဦးပိုင်းလောက်မှ ဖြစ်လာနိုင်တာလို့ သုံးသပ်ကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Qualcomm ရဲ့ Snapdragon X55 5G modem ကသာ ဈေးကွက်ကို အုပ်စိုးထားတာဖြစ်ပါတယ်။ ဒါပေမယ့် Intel အနေနဲ့ 5G modem တွေ ထုတ်လုပ်ပြီးချိန်မှာ Qualcomm နဲ့သာမက MediaTek နဲ့ပါ ယှဉ်ပြိုင်သွားရဖွယ် ရှိနေပါတယ်။

Apple အနေနဲ့Qualcomm ကို လက်တွဲဖြုတ်ပြီးတဲ့နောက် MediaTek ကို ရွေးချယ်ဖို့ ထည့်သွင်းစဉ်းစားခဲ့ပေမယ့် အဲဒီအစား အတိတ်က လက်တွဲလုပ်ဆောင်ခဲ့ဖူးတဲ့ Intel ကိုပဲ ရွေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Apple ဟာ ကိုယ်တိုင် Modem ထုတ်လုပ်နိုင်ဖို့အတွက် ဆန်တီယေဂိုမှာ လုပ်ငန်းစတင်နေတာလည်း ဖြစ်ပါတယ်။

Apple ဟာ အခုအချိန်မှ ခြေလှမ်းစဖို့ ကြိုးပမ်းနေတယ်ဆိုပေမယ့် ဒုတိယအသုတ်၊ ဒါမှှမဟုတ် အဲဒီနောက်ပိုင်း 5G iPhone တွေမှာတော့ ကိုယ်ပိုင် Modem နဲ့ ထုတ်လုပ်သွားနိုင်ဖို့ မျှော်လင့်နိုင်တာလည်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ Intel ရဲ့ နောက်ကျမှုကြောင့် Apple 5G iPhone တွေအတွက် အဓိကအစိတ်အပိုင်းထုတ်လုပ်မှုတွေဟာလည်း နောက်ကျခဲ့ရပြီ ဖြစ်ပါတယ်။

Ref: Phone Arena